အခြေခံအဆောက်အအုံအကောင်းဆုံးအာဆီယံနိုင်ငံအဖြစ် စင်္ကာပူ ဖော်ပြခံရပြီး စစ်တမ်း၌ မြန်မာ မပါဝင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
12571 Views

အခြေခံအဆောက်အအုံအကောင်းဆုံးအာဆီယံနိုင်ငံအဖြစ် စင်္ကာပူ ဖော်ပြခံရပြီး စစ်တမ်း၌ မြန်မာ မပါဝင်ခဲ့

အကျိုးအမြတ်အတွက် မဟုတ်သော ဆွစ်ဇာလန်ဖောင်ဒေးရှင်းဖြစ်သည့် World Economic Forum က ကမ္ဘာ့နိုင်ငံပေါင်း ၁၃၇ နိုင်ငံအား ၂၀၁၇ - ၂၀၁၈ ခုနှစ် အခြေခံအဆောက်အအုံဆိုင်ရာ သုတေသနပြု၊
ဆန်းစစ်အကဲဖြတ်ခဲ့သည်။

၎င်းကမ္ဘာ့အခြေခံအဆောက်အအုံယှဉ်ပြိုင်မှုညွှန်းကိန်းအဆင့် အကဲဖြတ်မှုတွင် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံအများအပြား မပါဝင်ခဲ့ပေ။ အဆင့်သတ်မှတ်ချက်
ဆန်းစစ်လေ့လာရာတွင် ထည့်သွင်းမစဉ်းစားခံခဲ့ရသည့် နိုင်ငံများအား
ကမ္ဘာ့အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုအဆင့်မမီ နောက်ကျ ကျန်ရစ်နေသော
နိုင်ငံများအဖြစ် အများက ဝေဖန်သုံးသပ်ကြသည်။

လျှပ်စစ်ဓာတ်အားပံ့ပိုးမှု၊ လေကြောင်းပို့ဆောင်ရေး၊ ဆိပ်ကပ်များအရည်အသွေး၊ လမ်းတံတားအရည်အသွေးနှင့် ရထားပို့ဆောင်ရေး ဟူသော အခြင်းအရာ
ငါးခုအား အခြေခံ၍ ဆန်းစစ်အကဲဖြတ်ခဲ့ခြင်းဖြစ်သည်။ တစ်ခုစီအား
အမြင့်ဆုံးအမှတ် ၇ စီနှင့် စုစုပေါင်းအမှတ်အား ၇ ဟု သတ်မှတ်ခဲ့ကြောင်း
သိရသည်။

တရုတ်နိုင်ငံပိုင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်က
စုစုပေါင်းရမှတ် ၆ ဒသမ ၇ ဖြင့် ကမ္ဘာ့အခြေခံအဆောက်အအုံအကောင်းဆုံး
အဖြစ် ဖော်ပြခံခဲ့ရပြီး စင်္ကာပူက ၆ ဒသမ ၅ မှတ်ဖြင့် ဒုတိယနေရာတွင်
ဖော်ပြခံခဲ့ရကာ နယ်သာလန်က ၆ ဒသမ ၄ မှတ်ဖြင့် တတိယနေရာ၌
ဖော်ပြခံခဲ့ရသည်။

၆ ဒသမ ၃ မှတ်ဖြင့် ဂျပန်က အဆင့် ၄ နေရာ၌လည်းကောင်း၊ ၆ ဒသမ ၃
မှတ်ဖြင့် ယူအေအီးက အဆင့် ၅ နေရာ၌လည်းကောင်း၊ ၆ ဒသမ ၃ မှတ်ဖြင့်
ဆွစ်ဇာလန်က အဆင့် ၆ နေရာ၌လည်းကောင်း၊ ၆ ဒသမ ၁ မှတ်ဖြင့် ပြင်သစ်က အဆင့် ၇ နေရာ၌လည်းကောင်း၊ ၆ ဒသမ ၁ မှတ်ဖြင့် တောင်ကိုရီးယားက
အဆင့် ၈ နေရာ၌ လည်းကောင်း၊ ၆ ဒသမ ၀ မှတ်ဖြင့် အမေရိကန်က အဆင့် ၉ နေရာနှင့် ၆ ဒသမ ၀ မှတ်ဖြင့် ဂျာမနီက အဆင့် ၁၀ နေရာ၌
ဖော်ပြခံခဲ့ရသည်။

အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာမှအပ ကျန် ၉ နိုင်ငံက ၎င်းအဆင့်သတ်မှတ်ချက်စာရင်း၌ ထည့်သွင်းအကဲဖြတ်ခံခဲ့ရသည်ဖြစ်ရာ ၎င်းအာဆီယံ ၉ နိုင်ငံတွင် စင်္ကာပူက စုစုပေါင်းရမှတ် ၆ ဒသမ ၅ မှတ်ဖြင့် နံပါတ် ၁ နေရာ၌ ရပ်တည်ခဲ့ပြီး၊ မလေးရှားက ၅ ဒသမ ၅ မှတ်ဖြင့် နံပါတ် ၂ နေရာ၌ ရပ်တည်ခဲ့ကာ ထိုင်းက ၄ ဒသမ ၇ မှတ်ဖြင့် နံပါတ် ၃ နေရာ၌ ရပ်တည်ခဲ့သည်။

၎ ဒသမ ၅ မှတ်ဖြင့် အင်ဒိုနီးရှားက အဆင့် ၄ နေရာတွင် လည်းကောင်း၊ ၄ ဒသမ ၃ မှတ်ဖြင့် ဘရူနိုင်းက အဆင့် ၅ နေရာ၌ လည်းကောင်း၊ ၃ ဒသမ
၉ မှတ်ဖြင့် ဗီယက်နမ်က အဆင့် ၆ နေရာတွင် လည်းကောင်း၊
၃ ဒသမ ၄ မှတ်ဖြင့် ဖိလစ်ပိုင်က အဆင့် ၇ နေရာတွင် လည်းကောင်း၊
၃ ဒသမ ၃ မှတ်ဖြင့် လာအိုက အဆင့် ၈ နေရာ၌ လည်းကောင်းနှင့်
၃ ဒသမ ၁ မှတ်ဖြင့် ကမ္ဘောဒီးယားက အဆင့် ၃ ဒသမ ၁ နေရာတွင်
ရပ်တည်ခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service