ပဲခူးတိုင်းမှ ကုမ္ပဏီအများစု ဆောက်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအတွက် မှတ်ပုံတင်မှုများ - Property News in Myanmar from iMyanmarHouse.com
3168 Views

ပဲခူးတိုင်းမှ ကုမ္ပဏီအများစု ဆောက်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအတွက် မှတ်ပုံတင်မှုများ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ပဲခူးတိုင်းဒေသကြီးရုံးကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇–၂၀၁၈ ဘဏ္ဍာနှစ်အထိ မြန်မာကုမ္ပဏီ ၉၀၊ နိုင်ငံခြားကုမ္ပဏီတစ်ခုတို့ကို ဖွဲ့စည်းမှတ်ပုံတင်ပေးခဲ့ပြီး ဆောက် လုပ်ရေးလုပ်ငန်းနှင့်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပဏီ ထောင်ထားသူပိုများကြောင်း သိရသည်။

+++ အဓိကထား +++

"ဧပြီလစာရင်းအရ ၉၁ ခုရှိတယ်။ မေလဝက်လောက်အတွင်း မှာ လေးခုမှတ်ပုံတင်လာတာရှိတယ်။ ဆောက်လုပ်ရေးနဲ့ ရောင်းဝယ် ရေးအတွက် အဓိကထား မှတ်ပုံတင်ထားကြတယ်"ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၁၉၈၈–၁၉၈၉ မှစတင်ကာ ယနေ့ အချိန်အထိ ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇၈ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၈၃ ဒသမ ဝ၆၆ သန်းရရှိထားကြောင်း၊ မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၃၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံ မှုစုစုပေါင်း ငွေကျပ် ၉၄၄၇၇၄ ဒသမ ၆၇၅ သန်းရှိကြောင်း သိရသည်။

+++ လာရောက်ဆွေးနွေးနိုင် +++

"ဥပဒေ၊ နည်းဥပဒေတွေကို ရှင်းလင်းရခြင်းအကြောင်းက ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းလာရောက်လုပ်ကိုင်သူများလုပ်ငန်းစဉ်တွေ လွယ်ကူ စေဖို့နဲ့ လေးစားလိုက်နာနိုင်ဖို့ လိုတယ်။ ရုံးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီးတော့ ဆွေးနွေးနိုင်သလို ကုမ္ပဏီလုပ်ငန်းတွေနဲ့ ပတ်သက် ရင်လည်း အကြံပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်"ဟု ပဲခူးတိုင်းဒေသကြီး DICA ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ပြော ဆိုသည်။

ပဲခူးတိုင်းဒေသကြီး DICA ညွှန်ကြားမှုဦးစီးဌာနတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် စက်ရုံလုပ်ငန်းများ လုပ်ကိုင်ရန်အဓိကထားလုပ် ဆောင်နေပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည် မိသားစုပိုင် အထွေထွေလုပ်ငန်းများဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုပိုများကြောင်း သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service