အိုးအိမ်ဦးစီးအောက်ရှိ မြို့ပြမြေများ ရန်ကုန်တိုင်း အစိုးရအောက်သို့ ယခုနှစ်ကုန် အပြီးလွှဲပြောင်းမည် - Property News in Myanmar from iMyanmarHouse.com
4225 Views

အိုးအိမ်ဦးစီးအောက်ရှိ မြို့ပြမြေများ ရန်ကုန်တိုင်း အစိုးရအောက်သို့ ယခုနှစ်ကုန် အပြီးလွှဲပြောင်းမည်

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန လက်အောက်ရှိ မြို့ပြမြေများ၊ တိုက်ခန်းတွဲများ၊ အိမ်ရာများနှင့် အစိုးရမြေများကို ယခုနှစ်ကုန် နောက်ဆုံးထား၍ တိုင်အစိုးရထံ အားလုံးလွှဲပြောင်းရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းအတွင်း ဈေးများ၊ အိမ်ရာ များနှင့် ဧရိယာများကို တိုင်းဒေသ ကြီး အစိုးရ လက်အောက်သို့ ရောက်ရှိရေး စီမံဆောင်ရွက်ရန် ရှိ၊ မရှိနှင့်ပတ်သက်ပြီး မင်္ဂလာ တောင်ညွန့်မြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ မေးခွန်းကို တိုင်းအစိုးရ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။ အထက်ပါ ဌာနလက်ရှိ စီမံ ခန့်ခွဲနေသည့် ကိစ္စရပ်များအား လုံးကို ထိရောက်စွာ စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် ပြင်ဆင်ထိန်း သိမ်းနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသ ကြီး အစိုးရသို့ လွှဲပြောင်းရန်စီမံခဲ့ကြောင်း ၀န်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောသည်။

လက်ရှိ၌ တိုင်းအစိုးရစီမံ ခန့်ခွဲမှု မရှိခြင်းကြောင့် ၀န်ကြီးက အိမ်ရာအရောင်းနှင့် အငှားများ တွင် စီမံခန့်ခွဲမှု အားနည်းချက် များ၊ အခြေခံ အဆောက်အအုံ ပြတ်လပ်မှုများ၊ အငြင်းပွားမှုများ စသည်တို့ရှိနေပြီး မြို့ပြဥပဓိရုပ်အားကောင်းမှု ကျဆင်းနေသည် ဟု ဆိုသည်။

၁၉၈၈ နောက်ပိုင်း တည်ဆောက်ခဲ့သည့် လုံးချင်းအိမ်ရာ နှင့် အိမ်ရာအချို့ကို ၂၀၁၇ မတ်လ ၈ ရက်၌ ဆောက်လုပ်ရေးဝန် ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ လွှဲပြောင်းပေးခဲ့သည်။

‘‘လွှဲပြောင်းပေးရမှာ ရန်ကုန် မြို့ မြေရဲ့ ၅ ရာခိုင်နှုန်းရှိပါတယ်’’ ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ်က ပြောသည်။

အိမ်ရာများ စီမံခန့်ခွဲမှု ပိုမို ကောင်းမွန်စေရန်၊ အခြေခံအ ဆောက်အအုံများ ဖြည့်ဆည်းနိုင် ရန်နှင့် မြို့ပြဥပဓိရုပ် ပိုမိုကောင်း မွန်စေရန် ဥပဒေစည်း မျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ပြုစုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက် နေသည်ဟု ၀န်ကြီးက ပြောသည်။ထိုဥပဒေကို Apartment Lawအဖြစ် ဥပဒေကြမ်းပြုစုရေး အ ထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး သုတေသနပြုနေကြောင်း ၎င်း ကဆက်လက်ပြောသည်။

ပြည်တော်သာ၊ မင်္ဂလာတောင်ညွန့်၊ လမ်းသစ်ရိပ်သာ အိမ်ရာများ အပါအ၀င် ဒဂုံမြို့သစ်ခြောက် မြို့နယ်တို့ကို တည်ဆောက်ပြီးနောက် ၀န်ကြီးဌာန က စီမံခန့်ခွဲခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းရန် ရန်ကုန်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ထံသို့ လွှဲပြောင်းပေးခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service