ယခင်အစိုးရလက်ထက် စာချုပ်ချုပ်ဆိုခဲ့သည့် Eco Green City စီမံကိန်းကို စာချုပ်အသစ် ပြန်လည်ချုပ်ဆိုမည် - Property News in Myanmar from iMyanmarHouse.com
4361 Views

ယခင်အစိုးရလက်ထက် စာချုပ်ချုပ်ဆိုခဲ့သည့် Eco Green City စီမံကိန်းကို စာချုပ်အသစ် ပြန်လည်ချုပ်ဆိုမည်

ယခင်အစိုးရ လက်ထက်က စာချုပ်ချုပ်ခဲ့သော လှည်းကူးမြို့နယ် အမြန်လမ်း ဘေးတွင် အကောင်အထည်ဖော် မည့် Eco Green City စီမံကိန်းကို လက်ရှိအစိုးရလက်ထက်၌ စာချုပ်အသစ် ချုပ်ဆိုမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်း ဌေးက ပြောသည်။

‘‘ဒီဘက်ကာလမှာလည်း ခေတ်စနစ်နဲ့ လျော်ညီစွာပေါ့။ ပွင့် လင်းမြင်သာစွာနဲ့ ဒေသဖွံ့ဖြိုးတိုး တက်မှုကိုလည်း အထောက်အကူ ပြုအောင်၊ အလုပ်အကိုင်အခွင့် အလမ်းတွေလည်း ရရှိအောင်ဆို ပြီးတော့ စာချုပ်ကို ပြန်လည်ပြီး တော့ ချုပ်ဆိုဖို့၊ အသစ်ချုပ်ဆိုဖို့ မပြီးပြတ်သေးလို့ပါ’’ဟု ၎င်းက အစိုးရသက်တမ်း ၂ နှစ် ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။

သို့သော် ပြန်လည်ပြင်ဆင် ရန် ဆောင်ရွက်နေသည့် စာချုပ် ပါ အချက်အလက်များကို အ သေးစိတ်ပြောကြားခြင်းမရှိပေ။

Eco Green City ၏အဓိက ရည်မှန်းချက်ဖြစ်သော တန်ဖိုး နည်း၊ တန်ဖိုးမျှတအိမ်ရာများအ ပါအဝင် ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ အလုပ်အကိုင် တိုးတက်ရေး ရည်မှန်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဦးဝင်းဌေးက ပြော သည်။

‘‘သူနဲ့ဆက်စပ်နေတဲ့ မှော်ဘီ ညောင်နှစ်ပင် အဲဒီဘက်တွေမှာ လည်း ကျွန်တော်တို့ ဆက်လက် ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ ဆောင်ရွက်မယ့် စီမံကိန်း ရှိပါတယ်’’ဟု ၎င်းက ဆိုသည်။

ယင်းစီမံကိန်းတွင် ကျပ် ၉၆ ဘီလီယံရှိ တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းကို ယခုနှစ်အတွင်း စတင် အကောင်အထည်ဖော်မည်ဖြစ် ကြောင်း ဇန်နဝါရီ ၂၃ ရက်က အဆိုပါစီမံကိန်းမြေနေရာ၌ ကျင်း ပသည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းဌာနတာဝန်ရှိသူများက ပြော ကြားသည်။

စီမံကိန်းမြေနေရာကို နိုင်ငံ တော်မြေအဖြစ် လယ်ယာစိုက်ပျိုး ရေးဌာနက လွှဲပြောင်းရယူပြီး ယင်းမြေဧရိယာသည် ဧက ၁,၆၀၀ကျော်ဖြစ်သော်လည်း စီမံကိန်းအ သုံးပြုမည့်မြေသည် ဧက ၁,၄၀၀ ကျော်ဖြစ်သည်။

စီမံကိန်းကို ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် Alliance Star Group of Companies တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ် ပြီး အစိုးရဘက်က ရှယ်ယာအချိုး ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းရ နိုင်ကြောင်း ယင်းဌာနတာဝန်ရှိသူ များက ပြောကြားထားသည်။

စီမံကိန်း ဧရိယာအတွင်း ကျူးကျော်အိမ်ခြေ ၄,၀၀၀ ကျော် ကို ၂၀၁၇ ဇွန်လ ၁၂ ရက်က ရဲတပ် ဖွဲ့နှင့် အရပ်သားအလုပ်သမား အင်အား ၂,၀၀၀ ခန့်ဖြင့် ရှင်းလင်း ခဲ့သည်။

စီမံကိန်းကို နိုင်ငံတော်မြေ တွင် အကောင်အထည်ဖော်ခြင်း ကြောင့် မြေယာလျော်ကြေးတစ် စုံတစ်ရာ ပေးထားခြင်း မရှိပေ။

Eco Green City အိမ်ရာစီမံ ကိန်းသည် ရန်ကုန်တိုင်းအတွင်း ပထမဆုံးဆောင်ရွက်မည့် မြို့သစ်စီမံကိန်းနှင့် သက်ဆိုင်သော စီမံ ကိန်းဖြစ်သည်။ တိုင်းအစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၇ ဒီဇင်ဘာလကုန်တွင် စီမံ ကိန်းပန္နက်တင်အခမ်းအနားပြု လုပ်ခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service