ဘန်ကောက်တွင် မြေဈေးများ ထိုးတက် - Property News in Myanmar from iMyanmarHouse.com
3563 Views

ဘန်ကောက်တွင် မြေဈေးများ ထိုးတက်

ဘန်ကောက်အိမ်ခြံမြေဈေးကွက်သည် ဆက်လက်တိုးတက်အောင်မြင်နေကြောင်း ထိုင်းထိပ်တန်းအိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက်ဒ် DDproperty မှ ယခုနောက်ဆုံးထုတ်ပြန်လိုက်သော အချက်အလက်များအရ သိရသည်။

ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်က ယခုနှစ် ပထမသုံးလပတ်တွင် မြေဈေးမြင့်တက်မှုနှုန်းသည် ရှစ်ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ မြေဈေးများ
မြင့်တက်လာမှုက တန်ဖိုးသင့်နှင့် တန်ဖိုးနည်းလူနေအိမ်ရာစီမံကိန်းများအား မြို့လယ်နေရာများမှ အဝေး၊ အစွန်အဖျားများသို့ တွန်းပို့နေသည်။

ဘန်ကောက်မြေဈေးမြင့်တက်မှုသည် စီးပွားရေးအလားအလာတိုးတက်ခြင်းနှင့် ပြည်တွင်းအသားတင်ထုတ်ကုန် (ဂျီဒီပီ) ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်နိုင်ခြေတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

မြေဈေးမြင့်တက်မှုများက ကွန်ဒိုတည်ဆောက်မှုများကို သိသိသာသာ မြင့်တက်လာစေသည်။ မြေစိုက်အိမ်များထက်လည်း ၎င်းအထပ်မြင့်
အဆောက်အအုံများက developer (မြေယာဝယ်ယူ၍ အဆောက်အအုံ ဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များအား အကျိုးအမြတ် ပိုမိုရရှိစေသည်။ အလယ်ပိုင်းခရိုင် Watthana တွင် ကွန်ဒိုသစ်အများဆုံး ဖြစ်သည်။

ဘန်ကောက်အိမ်ခြံမြေဈေးကွက်သည် ယခုအခါ မကြုံစဖူးသိသိသာသာ ဆန်းပြားလာကြောင်း DDproperty ၏ နိုင်ငံအဆင့် မန်နေဂျာ
ကမ်မိုလ်ပတ်ဆွမ်ကစ်က ပြောကြားခဲ့သည်။ "တန်ဖိုးတွေက ဆက်လက်မြင့်တက်လာတာကြောင့် ရင်းနှီးမြှုပ်နှံဖို့ရာ ပိုမိုခိုင်မာလာတဲ့ အိမ်ခြံမြေဂုဏ်သတင်း ပိုမိုမွှေးပျံ့လာတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘန်ကောက်တစ်ခွင်မှာ ပြည်တွင်းနဲ့ ပြည်ပ developer တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ဒီနှစ်ထဲ ပိုမိုမြင့်တွေ့ရနိုင်ပါတယ်" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service