မြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန် များပေါ်လာလျှင် မြေဈေးသည် ယခုထက်ပိုကျသွားမှာလား??? - Property News in Myanmar from iMyanmarHouse.com
19839 Views

မြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန် များပေါ်လာလျှင် မြေဈေးသည် ယခုထက်ပိုကျသွားမှာလား???

စက်မှုဇုန် သစ် ၁၁ခုအားတိုင်းစည်ပင်သာယာမှ ကြီးမှူးကာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

ရန်ကုန်စည်ပင်သာယာပြင်ပ နေရာများတွင် စက်မှုဇုန် များ ရှိချင်သည်။စည်ပင်သာယာနယ်နိမိတ်သာ ဖွံ့ဖြိုးတိုးတက်နေပြီးစည်ပင်သာယာပြင်ပမြို့နယ် များသည် နောက်ကျနေသည်။

ထိုနေရာများတွင်စက်မှုဇုန်မျာ တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းနေသည်။

ထိုစက်မှုဇုန်များကို တည်ဆောက်ခြင်းအားဖြင့် ရလာမည့်အကျိုးအမြတ်များကို တိုင်းအတွင်းမှပဲ မြို့နယ် အလိုက်ဖွံ့ဖြိုးတိုးတက်ရေးကို ပြန်လုပ်နိုင်ရန်အတွက် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားကြောင်းသိရသည်။

စည်ပင်သာယာနယ်နိမိတ်ပြင်ပတွင်ရှိသော မြို့နယ် ၁၁ မြို့နယ်ကို စက်မှုဇုန် များပေါ်လာလျှင် မြေဈေးသည် ယခုထက်ပိုကျသွားနိုင်သည်။

အစိုးရသက်တမ်း၏ လာမည့်သုံးနှစ် အတွင်းတွင် တော်တော်လေး အကောင်အထည်ဖော်နိုင်မည့်အနေအထား ရှိပါသည်။

စည်ပင်သာယာနယ်နိမိတ်ပြင်ပ ၁၁ မြို့နယ်က တိုင်းစည်ပင်သာယာမှ ကြီးမှူးပြီး အကောင်အထည်ဖော်မည်ဖြစ်သည်။

မြေများသည် လက်ရှိလယ်သမားများ ပိုင်သည့်လယ်ယာမြေများဖြစ်သည်။သို့သော်လည်း စက်မှုဇုန်မြေအဖြစ် အသုံးချခွင့် ရရန်ပြည်ထောင်စု အစိုးရအား တင်ပြမည် ဟု ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

လယ်သမားများထံမှ မြေရယူရာတွင်လည်း လျော်ကြေးကို လက်ရှိပေါက်ဈေးဖြင့်ပေးမည်ဖြစ်ပြီး လျော်ကြေးအဖြစ် လယ်သမားမှ ပိုင်ဆိုင်မှု၏ ၂ဝရာခိုင်နှုန်း ပြန်ရမည်ဖြစ်ကာ အစိုးရမှ ၈ဝရာခိုင်နှုန်း ရယူကာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။

ဆောင်ရွက်မည့် စက်မှုဇုန်များတွင် ဧက ၁ဝ၉၁ ဒသမ ၉၆ ရှိသည့် ကွမ်းခြံကုန်းစက်မှုဇုန်၊ဧက ၁ဝဝဝရှိသည့် ကော့မှူးစက်မှုဇုန်၊ဧက ၈၅ဝ ရှိသည့် တွံတေးစက်မှုဇုန်၊ ဧက၁ဝ၈၈ ရှိသည့် သန်လျင်စက်မှုဇုန်၊ဧက ၁ဝ၅၁ ဒသမ ၃၆ ရှိသည့် ကျောက်တန်းစက်မှုဇုန်၊ဧက ၁ဝဝဝရှိသည့် ခရမ်းစက်မှုဇုန်၊ဧက ၁၈၇၁ ရှိသည့် သုံးခွစက်မှုဇုန်၊ဧက ၁ဝဝဝရှိသည့် တိုက်ကြီးစက်မှုဇုန်၊ဧက ၇၅ဝ ရှိသည့် မှော်ဘီစက်မှုဇုန်၊

ဧက ၁ဝဝဝ ရှိသည့် လှည်းကူးစက်မှုဇုန်၊ဧက ၁ဝဝဝ ရှိသည့် ထန်းတပင်စက်မှုဇုန် တို့ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

Credit :Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service