သီရီလင်္ကာရှိ ၇ ဧကကျယ်ဝန်းသော ကာဒိုကဲကျွန်း အရောင်းဈေးကွက်ဝင်လာ (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
3730 Views

သီရီလင်္ကာရှိ ၇ ဧကကျယ်ဝန်းသော ကာဒိုကဲကျွန်း အရောင်းဈေးကွက်ဝင်လာ (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ)

သီရိလင်္ကာနိုင်ငံတွင် ၇ ဧကခန့် ကျယ်ဝန်းသော ကာဒိုကဲအမည်ရှိ ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာသည်။

သီရိလင်္ကာနိုင်ငံ အနောက်တောင်ဘက်ရှိ မာဒူဂန်ဂါ အမည်ရှိ ရေကန်ကြီးအတွင်းတည်ရှိသည်။

လူနေထိုင်နိုင်ရန် မွမ်းမံပြီးဖြစ်သည့်ကျွန်းတစ်ကျွန်းဖြစ်ပြီး ဘိုးဘွားပိုင်အမျိုးအစားဖြစ်သည်။

ပြင်ပကမ္ဘာ၏ ဆူညံပွက်လောရိုက်မှုများမှ ကင်းဝေးကာ ဆိတ်ငြိမ်အေးချမ်းလှသည့်နေရာဖြစ်ပြီး သီရိလင်္ကာမြို့တော် ၊ ကိုလံဘိုနှင့် ကီလိုမီတာ ၈၀ ခန့်သာ ဝေးကွာသည်။

ကုန်းမြေနှင့် ၅ ကီလိုမီတာခန့်သာ ဝေးကွာရာ မိနစ် ၃၀ ခန့် လှေစီးသွားပါက အလွန်အေးချမ်းသာယာလှသော ကာဒိုကဲကျွန်းသို့ ရောက်ရှိမည် ဖြစ်သည်။

မာဒူဂန်ဂါရေကန်ကြီးအတွင်း အခြားသောကျွန်းများစွာလည်း တည်ရှိနေပြီး ကာဒိုကဲကျွန်းမှာ ရေကန်အလည်ခန့်တွင် တည်ရှိသည်။

ကာဒိုကဲကျွန်းပေါ်တွင် လူ ၃၀ ဦးခန့်အထိ အပန်းဖြေနေထိုင်နိုင်ပြီး ကျွန်းပေါ်ရှိ အဆောက်အအုံမှာ သမားရိုးကျ တွေ့နေကြဟန်မျိုးမဟုတ်ချေ။

ကျွန်းပေါ်ရှိ တောင်ကုန်းထိပ်တွင် စားသောက်ဆိုင်တစ်ခု ပါဝင်ကာ ကျွန်းကို ဝန်းပတ်ထားသည့် ရေပြင်၏ အလှကို ၃၆၀ ဒီဂရီ ရှုမြင်နိုင်သည်။

ကမ်းစပ်တွင်လည်း စားသောက်ဆိုင်တစ်ခု ထပ်မံပါဝင်သေးကာ လူပေါင်း ၅၀ ဦးခန့် တပြိုင်တည်း စားသုံးနိုင်သည့် နေရာအကျယ်အဝန်းရှိသည်။

သစ်ပင်ပေါ်တွင် ဆောက်လုပ်ထားသည့် နေအိမ်တစ်လုံးလည်းပါဝင်ပြီး သစ်ပင်၏ အကိုင်းများကို အိပ်ယာနေရာအဖြစ် အသုံးပြုထားသည်။

အဆိုပါအိမ်တွင် ညစာစားရန်နေရာ သီးသန့်ပါဝင်ကာ လူ ၄ ဦးခန့် နေထိုင်နိုင်သည်။

၂ ထပ်ဆောက်လုပ်ထားပြီး အောက်ထပ်တွင် လူ ၁၀ ဦးခန့် နေထိုင်နိုင်သည်။

သဘာဝတရားကို ချစ်မြတ်နိုးသူများ နှစ်ခြိုက်ကြမည့် ဘဝနေထိုင်မှုမျိုးကို အဆိုပါကျွန်းတွင် ရရှိနိုင်မည် ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသောအားဖြင့် recycled material များအသုံးပြုကာ ဆောက်လုပ်ထားခြင်းကြောင့် ကြယ်ငါးပွင့် ဟိုတယ်ကဲ့သို့ ခံစားရမည်မဟုတ်သော်လည်း မြို့ပြဒေသများ မယှဉ်နိုင်သည့် အလှတရားနှင့် အေးချမ်းဆိတ်ငြိမ်မှုတို့၏ အရသာကို အပြည့်အဝခံစားရမည် ဖြစ်သည်။

(အချက်အလက်များ)
အမည်- ကာဒိုကဲကျွန်း
တည်နေရာ- မာဒူ ဂန်ဂါရေကန်ကြီးအတွင်း၊ သီရိလင်္ကာနိုင်ငံ၊ အာရှတိုက်
ဖွံ့ဖြိုးမှု- လူနေထိုင်ရန် မွမ်းမံမှုများ ပြုလုပ်ပြီး
ပိုင်ဆိုင်မှု- ဘိုးဘွားပိုင်
အမျိုးအစား- ပုဂ္ဂလိကပိုင်ကျွန်း
ဈေးနှုန်း- ကန်ဒေါ်လာ ၁,၇၀၀,၀၀၀
အကျယ်အဝန်း- ၇ ဧက

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သီရီလင်္ကာရှိ ၇ ဧကကျယ်ဝန်းသော ကာဒိုကဲကျွန်း အရောင်းဈေးကွက်ဝင်လာ (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
သီရီလင်္ကာရှိ ၇ ဧကကျယ်ဝန်းသော ကာဒိုကဲကျွန်း အရောင်းဈေးကွက်ဝင်လာ (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
သီရီလင်္ကာရှိ ၇ ဧကကျယ်ဝန်းသော ကာဒိုကဲကျွန်း အရောင်းဈေးကွက်ဝင်လာ (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
သီရီလင်္ကာရှိ ၇ ဧကကျယ်ဝန်းသော ကာဒိုကဲကျွန်း အရောင်းဈေးကွက်ဝင်လာ (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
သီရီလင်္ကာရှိ ၇ ဧကကျယ်ဝန်းသော ကာဒိုကဲကျွန်း အရောင်းဈေးကွက်ဝင်လာ (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
သီရီလင်္ကာရှိ ၇ ဧကကျယ်ဝန်းသော ကာဒိုကဲကျွန်း အရောင်းဈေးကွက်ဝင်လာ (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
သီရီလင်္ကာရှိ ၇ ဧကကျယ်ဝန်းသော ကာဒိုကဲကျွန်း အရောင်းဈေးကွက်ဝင်လာ (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
သီရီလင်္ကာရှိ ၇ ဧကကျယ်ဝန်းသော ကာဒိုကဲကျွန်း အရောင်းဈေးကွက်ဝင်လာ (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com
သီရီလင်္ကာရှိ ၇ ဧကကျယ်ဝန်းသော ကာဒိုကဲကျွန်း အရောင်းဈေးကွက်ဝင်လာ (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service