ဟောင်ကောင်တွင် လူမနေထိုင်သည့်အခန်းများကို အခွန်ကောက်ခံရန် ပြင်ဆင်လာရာ developer တို့က အခန်းလွတ်များကို အဆောတလျင် ထုတ်ရောင်းလာကြ - Property News in Myanmar from iMyanmarHouse.com
3363 Views

ဟောင်ကောင်တွင် လူမနေထိုင်သည့်အခန်းများကို အခွန်ကောက်ခံရန် ပြင်ဆင်လာရာ developer တို့က အခန်းလွတ်များကို အဆောတလျင် ထုတ်ရောင်းလာကြ

ဟောင်ကောင်တွင် လူမနေထိုင်သည့်အခန်းများကို အခွန်ကောက်ခံရန် ပြင်ဆင်လာရာ developer တို့က အခန်းလွတ်များကို အဆောတလျင် ထုတ်ရောင်းလာလျက်ရှိကြကြောင်း ဟောင်ကောင်အခြေစိုက်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အိမ်ခြံမြေကအကျိုးဆောင် အယ်လ်ဗင် တိုင်သည် Kowloon MTR station အနီးရှိ Cullinan တန်ဖိုးကြီးဇိမ်ခံလူနေအိမ်ရာအဆောက်အအုံကြီး၏ ၈၅ လွှာရှိ အခန်း ၄ ခန်းကို ပြသရန် ဝယ်လက် ၃ ဦးကို ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါအခန်းများသည် ဟောင်ကောင် developer ဖြစ်သော Sun Hung Kai Properties (SHKP) မှ ပိုင်ဆိုင်သည့်အခန်းများဖြစ်ပြီး ရောင်းမထွက်ဘဲရှိနေသည်မှာ ၁၀ နှစ်ကျော်ရှိခဲ့ပြီ ဖြစ်သည်။

Developer များအတွက် လူနေခန်းသစ်များ ရောင်းချပေးနိုင်ပါက အကျိုးဆောင် ကော်မရှင်ခ ၄ ရာခိုင်နှုန်းနှင့်အထက် ရရှိနိုင်မည်ဖြစ်ခြင်းကြောင့် အယ်လ်ဗင်တိုင် အပါအဝင် ဟောင်ကောင် အိမ်ခြံမြေအကျိုးဆောင်တို့ စိတ်လှုပ်ရှားနေကြသည်။

လူနေထိုင်ပြီးဖြစ်သော အခန်းများကို အကျိုးဆောင်ပေးလျှင် ပွဲစားခ ၂ ရာခိုင်နှုန်းသာရရှိခြင်းဖြစ်ရာ ယခုအခါ ၂ ဆ ရမည့် အခွင့်အရေးလည်း ဖြစ်သည်။

Cullinan အဆောက်အအုံကြီးတွင်ပင် အခန်းဟောင်းများနှင့် နှိုင်းယှဉ်လျှင် အခန်းသစ်များ၏ တန်ဖိုးမှာ ၂၀ ရာခိုင်နှုန်းခန့် ပိုမိုများပြားသည်။

အဆိုပါအဆောက်အအုံတွင် ၁၄၈၁ စတုရန်းပေ ကျယ်ဝန်းသောအခန်းကို ဟောင်ကောင်ဒေါ်လာ ၁၀၀ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်တင်ထားရာ ရောင်းချပေးနိုင်မည့် မည်သည့်အကျိုးဆောင်မဆို အနည်းဆုံး ဟောင်ကောင်ဒေါ်လာ ၂ သန်းခန့် အကျိုးဆောင်ခ ရရှိမည် ဖြစ်သည်။

SHKP သည် အခန်းပေါင်း ၆၂၅ ခန်းရှိသော Cullinan အဆောက်အအုံကြီးတွင် ရောင်းမထွက်သော အခန်းပေါင်း ၃၀ ကျော် ယနေ့တိုင် ကျန်ရှိနေဆဲ ဖြစ်သည်။

Wheelock Properties ကလည်း အခန်းပေါင်း ၁၇၀ ရှိ Island Residence တွင် ရောင်းမထွက်သောအခန်း ၁၇ ခန်းရှိနေပြီး မကြာမီတွင် အရောင်းဈေးကွက် ပြန်လည်တင်သွင်းသွားမည်ဟု ဆိုသည်။

“Island Residence မှာရှိတဲ့အခန်းတွေကို ပုံမှန်ဈေးကွက်တင်လေ့ရှိပါတယ်။ အခုဈေးကွက်တင်တာဟာ မကြာသေးမီက သတင်းတွေထွက်လာနေတဲ့ အခန်းလွတ်တွေ အခွန်ဆောင်ရမယ်ဆိုတာနဲ့ မဆိုင်ပါဘူး” Wheelock Properties ၏ project marketing လက်ထောက်အထွေထွေမန်နေဂျာ Cello Chan က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service