ဧရာဝဏ်လမ်းနှင့် ဆက်သွယ်ထား မင်းရဲကောင်းပုံလမ်းကို ၀ယ်သူအများ စိတ်ဝင်စား - Property News in Myanmar from iMyanmarHouse.com
4528 Views

ဧရာဝဏ်လမ်းနှင့် ဆက်သွယ်ထား မင်းရဲကောင်းပုံလမ်းကို ၀ယ်သူအများ စိတ်ဝင်စား

ယနေ့အိမ်ခြံမြေအရောင်းအ၀ယ် အတွေ့အကြုံတစ်ခုကို ရေးသားဖို့စဉ်းစားခန်းဝင်နေစဉ်မှာ ဖုန်းခေါ်သံ ကြားရလို့ ဖုန်းခေါ်သူကိုကြည့်လိုက်တဲ့အခါ လွန်ခဲ့သော(၁)လခန့်က ဆက်သွယ်ခဲ့တဲ့ ဖုန်းနံပါတ်တစ်ခုဖြစ်နေ တာကို တွေ့ရပါတယ်။ ဖုန်းကိုဖွင့်လိုက်တာနဲ့ သာယာနာပျော်ဖွယ်စကားလေးနဲ့ နှုတ်ခွန်းဆက်သလိုက်သူက တော့ ………….

+++ ပွဲစားရဲ့သဘာဝ ၀ယ်သူကိုစည်းရုံးနိုင်မှ တန်ကာကျ +++

“ဆရာကောင်းရေ ---ကျွန်မယမင်းပါဆရာ မြေကွက်ဝယ်ခဲ့ရင် ဆရာစာချုပ်ပေးဖို့ပြောခဲ့တာ အခုဆို (၁၀)ကြိမ်လောက်ရှိပြီဆိုတော့ အားတောင်နာလာပြီရှင့်… ’’
“အရောင်းအ၀ယ်လောကက ဒီလိုပါဘဲ ညီမရယ် ကိစ္စမရှိပါဘူး ကြိုက်သလောက်ဆက်လို့ရပါတယ်’’

“အခုလည်းပွဲစားက ညီမလိုချင်တဲ့မြေကွက်လိုက်ပြပြီး ပိုင်ရှင်နဲ့တွေ့ချင်တယ်ဆိုတော့ ပိုင်ရှင်ကိုတိတိကျကျမသိဘဲ အခြားပွဲစားတွေနဲ့ ချိတ်ဆက်နေတာ ချိတ်ဆက် လို့မရတဲ့အဆုံး မြေကွက်ရောင်းမည့်သူက ခရီးသွားနေတယ် စင်ကာပူကိုရောက်နေတယ်…စသည်ဖြင့် ဆင်ခြေ ပေးနေလို့ မ၀ယ်ဖြစ်သေးတာမဟုတ်လား’’ လို့ ကျွန်ုပ်ကရှေ့ပြေးဟောကိန်းထုတ်လိုက်တဲ့အခါ…..

+++ ပွဲစားဟူသည် တစ်ခါဆက်ဆံ ဆယ်ခါလန် မဖြစ်စေရ +++

“မှန်လိုက်လေဆရာရယ် ဆရာပြောတဲ့အတိုင်းဘဲ ပွဲစားက “ပုံပြော’’နေလို့ အခုထိမြေကွက်ရှာမရ သေးဘဲ ဖြစ်နေတာဆရာ အင်းလေ… ကျွန်မတို့လိုချင်တဲ့နေရာကလည်း ရှာရတာခက်နေတယ်ထင်ပါရဲ့ အခု လည်းမြေကွက်ပိုင်ရှင်တွေ့တာပြီးပြီ စိတ်ချပြီးလာသာလာခဲ့တော့လို့ သေချာတယ်ပြောလို့ ကျွန်မလည်းဒီနေ့ မနက်အစောကြီး “ဘားအံ့မြို့’’ကနေ ထွက်လာတာ အခု“သထုံမြို့’’ကိုတောင် ရောက်နေပြီဆရာ လမ်းခုလတ် ရောက်မှ ရောင်းမည့်မြေကွက်ပိုင်ရှင်က မရောင်းတော့ဘူးလို့ ပြောတော့ ကျွန်မလည်းရန်ကုန်လာရကျိုးမနပ်ဘဲ စိတ်မောလူမောဖြစ်နေတယ်ဆရာ ’’

“အလို… ကရင်ပြည်နယ်၊ ဘားအံ့မြို့က လာရတာလား ဒီသတင်းကြားရတော့ အမောဆို့မှာပေါ့ အား တော့မလျော့ပါနဲ့၊ ဆရာ အားကိုးရတဲ့ အိမ်ခြံမြေအကျိုးဆောင်ကြီး မစပယ်ကိုမေးပေးပါ့မယ်၊ ဒါနဲ့ မယမင်းက ဘယ်မြို့ကမြေကွက်ကို ၀ယ်ချင်တာလဲ’’

+++ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းကြားက မင်းရဲကောင်းပုံ လမ်းမကြီး +++

“ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းမကြီးနှင့် ဆက်စပ်နေသော“မင်းရဲကောင်းပုံ’’ လမ်းမကြီး ပေါ်မှာ ၀ယ်ချင်တာပါ’’

“မင်းရဲကောင်းပုံလမ်းဆိုတာ တစ်ဖက်မှာဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာရှိတဲ့ (၅၅) ရပ်ကွက်၊ (၅၆)ရပ်ကွက်၊ (၇၀)ရပ်ကွက်၊ (၁၀၄)ရပ်ကွက်၊ (၁၀၅)ရပ်ကွက်တွေရဲ့ ထိပ်မှာရှိတဲ့ကွန်ကရစ်လမ်းမ ကြီးကို ပြောတာလား…’’

“ဟုတ်ပါတယ်ဆရာ’’

“အလို…ဒါဆို..ဟန်ကျလိုက်လေ အကျိုးဆောင်မစပယ်က အဲဒီအနားက အင်းဝအိမ်ရာမှာ နေတာလေ ပြောနေကြာလို့၊ ဆရာအခုဘဲ သူ့ဆီကိုဖုန်းဆက်ပြီး မင်းရဲကောင်းပုံလမ်းမပေါ်မှာ ရောင်းမည့်မြေကွက်ရှိ/မရှိ မေးကြည့်ပြီး အကြောင်းပြန်လိုက်မယ်နော်….ခဏစောင့်နော်’’ဟုပြောကာ ကျွန်ုပ်လည်းပွဲစားကြီး မစပယ်ထံဖုန်း ဆက်မေးကြည့်လိုက်ရာ…

“ရှိတယ်လေဆရာ ရောင်းချင်သူ(၅)ဦးလောက်ရှိတယ် ဈေးက(၄၀’×၆၀’)မြေတစ်ကွက်ကို သိန်း(၅၀၀) ကနေ သိန်း(၁၀၀၀)အထိ ခေါ်ကြတယ်၊ ကွန်ကရစ်လမ်းမကြီးလည်းဖြစ်သွားပြီဆိုတော့ ဈေးမြှောက်သွားပြီရှင် ဆရာရဲ့ဝယ်လက်က ဘယ်လောက်အထိ ငွေသုံးဖို့မှန်းထားလို့လဲ’’

“ အများကြီးတော့မတတ်နိုင်ဘူး သိန်း(၄၀၀) ကျော်လောက်ပါဘဲ ’’လို့ ကျွန်ုပ်က ခန့်မှန်းပြောလိုက်ပါတယ်၊

“ဟုတ်လား ဒါဆို..မနေ့က (၂၀’×၆၀’)ပါမစ်မြေ ကွက်တစ်ကွက် သိန်း(၂၈၀)နဲ့ လာအပ်ထားတာရှိတယ်’’

“ဒါဆိုရင် ၀ယ်သူကညနေ(၄)နာရီလာမယ် လိုက်ပြပေးလို့ရမလား’’

“ရတာပေါ့ဆရာ’’ဟုဆိုသဖြင့် ကျွန်ုပ်လည်း ၀မ်းသာအားရနဲ့ မယမင်း ရန်ကုန်ရောက်မည့်အချိန်ကိုမှန်းပြီး ဖုန်းပြန်ဆက်ပေးလိုက်ပါတယ်၊ မယမင်းကလည်း ၀မ်းသာအားရနဲ့“ဒါဆိုအတော်ဘဲ ကျွန်မတို့လည်း တောင်ဒဂုံထဲကိုရောက်လာပြီ တစ်ခါတည်း သွားကြည့်ချင်တယ်’’ပြောလို့ မစပယ်ကိုဖုန်းဆက်ပြီး ကျွန်ုပ်အိမ်မှာဆုံကြဖို့ မှာလိုက်ရပါတယ်

+++ ရေကန်အသင့် ကြာအသင့် ရောင်းချင်သူက အဆင်သင့် +++

ညနေ(၄)နာရီလောက်မှာ မယမင်းနှင့် မစပယ်တို့ဆုံတွေ့ကြပြီး ရောင်းမည့်မြေကွက်အား သွားကြည့်ပါ တယ်၊ နာရီဝက်ခန့်အကြာတွင် (၂၀’×၆၀’)ပါမစ်မြေကွက်ဖြစ်ပြီး တစ်ထပ်အိမ်လည်းပါတယ်၊ ရေမီးအပြည့်အစုံ ပါတယ်၊ သိန်း(၂၆၀)နဲ့ အရောင်းအ၀ယ်တည့်တယ်၊ အဲဒီအိမ်မှာဘဲ စာချုပ်မှာဖြစ်လို့ ဆရာလိုက်ခဲ့ပါ ဆိုတာနဲ့ ကျွန်ုပ်လည်း အမြန်လိုက်သွားရပါတယ်၊ ရောက်တာနဲ့ စာရွက်စာတမ်းတွေ စစ်ဆေးကြည့်လိုက်သောအခါ အရပ်ကတိအရောင်းအ၀ယ်စာချုပ် (၇)ဦးလောက်အထိ လက်ပြောင်းဝယ်ထားတာ တွေ့ရပါတယ်၊ မြေချပါမစ် ကတော့ (၂၀’×၆၀’)ခွဲထားပြီးသားဖြစ်တယ်၊ ပြီးတော့ ၁၉၉၃ခုနှစ်က ပါမစ်အဟောင်းဖြစ်လို့ စိတ်ချရတယ်၊ ပါမစ်ပြည့်စုံသည့်အပြင် ဘဏ်ငွေချေးရန်နှင့် အ၀ီစိတွင်းတူးရန် မြေပုံ/မြေရာဇ၀င်တွေပါ အပိုပါလာတာကို တွေ့ ရပါတယ်။

+++ သာကေတက တစ်ဆင့်အမှတ်(၂)လမ်းမအထိ သွားလို့ရတဲ့လမ်း +++

အခုဝယ်တဲ့ မင်းရဲကောင်းပုံလမ်းက သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီးကနေပြီး တောင်ဒဂုံ မဟာ ဗနုလကတစ်ဆင့် ဆက်သွားလိုက်ရင် အမှတ်(၂)လမ်းမကြီး ကညနရုံးအထိ လမ်းပေါက်သွားတာကို တွေ့ရတဲ့ အတွက် နေလိုကနေ မနေလိုလို့ ပြန်ရောင်းရင်လည်း အတက်ဈေးမှာရှိနေတော့ မြတ်မည့်အရေးတွေးပြီး မယမင်းလည်း ၀ယ်လိုက်ပါတော့တယ်။

+++ ကျွမ်းကျင်ရာလိမ္မာ အိမ်ခြံမြေအကျိုးဆောင်ပညာ +++

အခုတော့ဖြင့် “အချက်မသိတော့ သားမက်သူခိုးထင်’’ “ငှက်မသိတော့ ဇရက်(ဆက်ရက်)ဂျိုးထင် ’’ ဆိုသလို အိမ်ခြံမြေမကျွမ်းကျင်တဲ့ ပွဲစားနဲ့ ဆက်သွယ်ခဲ့မိလို့ စိတ်ပျက်ခဲ့ရသူ မယမင်းတစ်ယောက် အိမ်ခြံမြေ ကျွမ်းကျင်သူ မစပယ်နဲ့တွေ့လိုက်တဲ့အခါ အိမ်ခြံမြေကွက် ရှာရ၀ယ်ရတာ အခုလိုဆိုတော့လည်း အလွယ်သား ပါလားလို့ အတွေးနဲ့ပြုံးနေတဲ့ သူရဲ့မျက်နှာလေးက သက်သေပြနေပါတော့တယ်။

“သုခီ အတ္တာနံ ပရိဟရ န္တု’’

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

CarsDB
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service