တစ်ဒေါ်လာလျှင် ၁၀ ကျပ်ခန့်တက် - Property News in Myanmar from iMyanmarHouse.com
3341 Views

တစ်ဒေါ်လာလျှင် ၁၀ ကျပ်ခန့်တက်

စက်သုံးဆီဈေးတက်မှု ကြောင့် ဒေါ်လာလိုအပ်ချက်များ လာကာ ပြည်တွင်းငွေကြေးဈေး ကွက်တွင် ယခုလအတွင်း တစ် ဒေါ်လာလျှင် ၁,၃၄၁ ကျပ်သို့ဈေး မြင့်တက်လာသည်။

ဧပြီ ၃၀ ရက်တွင်ကန်တစ် ဒေါ်လာလျှင် ၁,၃၃၁ ကျပ်ဈေးရှိ ပြီး မေလတွင် တစ်ဒေါ်လာ၁,၃၄၁ ကျပ်သို့မြင့်တက်လာသည်။

နိုင်ငံတကာဈေးကွက်တွင် ဧပြီလဆန်းက ရေနံစိမ်းတစ်စည် ၏ဈေးနှုန်း ၆၉ ဒသမ ၄ ဒေါ်လာ မှ မေလတွင် ၇၄ ဒသမ ၄၃ ဒေါ် လာသို့မြင့်တက်ခဲ့သည်။ရေနံစိမ်း တစ်စည်ဈေးနှုန်း ၈ ရာခိုင်နှုန်းဝန်း ကျင်ဈေးမြင့်တက်လာခြင်းသည် ပြည်ပမှ စက်သုံးဆီတင်သွင်းနေရ သည့် မြန်မာနိုင်ငံအတွက် ဒေါ် လာအသုံးမြင့်တက်လာစေသည် ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။

မြန်မာနိုင်ငံအတွက် ဓာတ် ဆီနှင့်ဒီဇယ်ကို တစ်လလျှင်တန် ချိန် ခြောက်သိန်းခန့်ပြည်ပမှ တင် သွင်းနေရသည်။ စက်သုံးဆီအတွက် ဒေါ်လာအသုံးများလာသ ကဲ့သို့ အခြားလူသုံးကုန်များတင် သွင်းရန် ပြည်ပသို့ငွေလွှဲပေးပို့ သည့် ဒေါ်လာပမာဏလည်းများ လာသည်ဟု ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ မိုးရာသီအတွက် ပြည်ပမှလူသုံးကုန် ပစ္စည်းများတင်သွင်းရန် ငွေလွှဲ ပေးပို့မှုများကြောင့်ဒေါ်လာအသုံးများကြောင်း ၎င်းကဆိုသည်။

ဒေါ်လာတန်ဖိုး မြင့်တက် လာချိန်တွင် ကမ္ဘာ့ရွှေဈေးကျ ဆင်းမှုကြောင့် ပြည်တွင်းရွှေဈေး ကျဆင်းလာသည်။ ဧပြီ ၃၀ ရက် တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စ လျှင် ၁,၃၂၂ ဒေါ်လာမှ မေလ ၁၀ ရက်တွင် ၁,၃၁၄ ဒေါ်လာသို့ ကျဆင်းသည်။ ထို့ကြောင့် ပြည်တွင်းရွှေဈေးကျပ် ၉၄၃,၀၀၀ မှ ကျပ် ၉၃၈,၀၀၀ သို့ကျဆင်းလာ သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service