အာရပ်စော်ဘွားများပြည်ထောင်စုတွင် နေ့ချင်းပေး၊ တစ်ပတ်တစ်ခါရှင်းစနစ်ဖြင့် အငှားချထားနေသည့် လူနေတိုက်ခန်းပေါင်း ၄၀ ကို သိမ်းဆည်း - Property News in Myanmar from iMyanmarHouse.com
4294 Views

အာရပ်စော်ဘွားများပြည်ထောင်စုတွင် နေ့ချင်းပေး၊ တစ်ပတ်တစ်ခါရှင်းစနစ်ဖြင့် အငှားချထားနေသည့် လူနေတိုက်ခန်းပေါင်း ၄၀ ကို သိမ်းဆည်း

အာရပ်စော်ဘွားများပြည်ထောင်စုတွင် အဘူဒါဘီ၊ ဒူဘိုင်း၊ ရှာဂျား၊ အစ်ဂ်ျမန်၊ ဖူဂျိုင်ရာ၊ ရပ်စ်-အယ်လ်-ခိုင်မာ၊ အမ်-အယ်လ်-ကူဝိန်းဟူသည့် စော်ဘွား ၇ နိုင်ငံ ဖွဲ့စည်းပါဝင်သည်။

ယခုအခါ ရှာဂျားနှင့် ဒူဘိုင်း ၂ နိုင်ငံတွင် ပါဝင်လျက်ရှိသည့် အယ်လ် နာဒါအမည်ရှိ ဒေသတွင် နေ့ချင်းပေး၊ တစ်ပတ်တစ်ခါရှင်းစနစ်ဖြင့် ဥပဒေမဲ့ အငှားချထားနေသည့် လူနေတိုက်ခန်းပေါင်း ၄၀ ကို အာဏာပိုင်တို့က သိမ်းယူလိုက်သည်ဟု ဆိုသည်။

နေအိမ်ခန်းများတွင် နေထိုင်သူများ၏ တိုင်ကြားမှုများကြောင့် ယခုကဲ့သို့ သိမ်းယူလိုက်ခြင်းဖြစ်သည်။

လူနေခန်းများကို နေ့ချင်းပေး (သို့မဟုတ်) တစ်ပတ်တစ်ခါရှင်းစနစ်များဖြင့် ငှားရမ်းလျက်ရှိခြင်းမှာ အာရပ်စော်ဘွားများပြည်ထောင်စု၏ အိမ်ခြံမြေဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အာဏာပိုင်တို့က ပြောကြားသည်။

လူနေတိုက်ခန်းများနှင့် လုံးချင်းအိမ်များတွင် သစ်ပြားများ (သို့မဟုတ်) ကတ္ထူပြားများဖြင့် ပိုင်းခြားကာရံကာ လူပျိုလူလွတ်များ၊ မိသားစုများ အတူနေထိုင်လျက်ရှိသည်ကိုလည်း အာဏာပိုင်တို့က စစ်ဆေးတွေ့ရှိခဲ့ကြသည်။

ယခုကဲ့သို့ ဥပဒေချိုးဖောက်မှုမျိုးမှာ အများပြည်သူ၏ ကျန်းမာရေးနှင့် လုံခြုံရေးအပေါ် အန္တရာယ်ကျရောက်စေနိုင်ကြောင်း ရှာဂျားစည်ပင်သာယာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရေးဌာနခွဲအကြီးအကဲ ခါလီဖာ အယ်လ် ဆူဝေဒီက ပြောကြားသည်။

၎င်းတို့ဌာနအနေဖြင့် စည်းမျဉ်းချိုးဖောက်သည့် လူနေခန်းများကို လျှပ်စစ်မီးဖြတ်တောက်ကာ အရေးယူမှုမျိုးပြုလုပ်ကာ တင်းတင်းကျပ်ကျပ် ကိုင်တွယ်လျက်ရှိကြောင်းလည်း ဆူဝေဒီက ဖြည့်စွက်ပြောကြားသည်။

ယခုအရေးယူမည့်စီမံကိန်းကို ရှာဂျားနှင့် ဒူဘိုင်း ၂ နိုင်ငံတွင် ပါဝင်လျက်ရှိသည့် အယ်လ် နာဒါဒေသတွင် စတင်ခြင်းဖြစ်ပြီး အခြားဒေသများသို့ ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကာ စည်ပင်မှ စစ်ဆေးရေးအရာရှိတို့သည် အန္တရာယ်ရှိနိုင်သည့် လူနေခန်းများကို နေ့စဉ်ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

အယ်လ် နာဒါတွင် စစ်ဆေးခဲ့ရာ၌ လူနေခန်းတစ်ခုတည်းအတွင်း သွေးမတော် သားမစပ် အမျိုးသားများနှင့် အမျိုးသမီးများ အတူတကွ နေထိုင်လျက်ရှိကြသည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြသည်။

အာရပ်စော်ဘွားများပြည်ထောင်စု၏ ဥပဒေက ယင်းသို့ နေထိုင်ခြင်းမျိုးကို တားမြစ်ထားပြီး စစ်ဆေးတွေ့ရှိသူများကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံသွားခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းသို့ ဥပဒေချိုးဖောက် အငှားချထားမှုများကို တွေ့ရှိပါက ရှာဂျားစည်ပင်သာယာရေးဌာန၏ hotline ဖုန်းနံပါတ် ၉၉၃ သို့ ဆက်သွယ်အကြောင်းကြားပါရန် ပြည်သူများကို အသိပေးကြေညာထားသည်ဟု ဆိုသည်။

အာရပ်စော်ဘွားများ ပြည်ထောင်စု ကို အဲမရိတ် သို့မဟုတ် ယူအေအီးဟု ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြပြီး အာရှတိုက် အနောက်တောင်ဘက် ပါရှန်းပင်လယ်ကွေ့ရှိ အာရပ်ကျွန်းဆွယ်ပေါ်တွင် တည်ရှိသော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ကုန်းမြေနယ်နိမိတ်ခြင်း ထိစပ်နေသော နိုင်ငံများမှာ အရှေ့ဘက်တွင် အိုမန်နိုင်ငံ နှင့် အနောက်ဘက်တွင် ဆော်ဒီအာရေဗျနိုင်ငံ တို့ဖြစ်ကြသည်။

ကာတာနိုင်ငံ ၊ အီရန်နိုင်ငံတို့နှင့်လည်း ပင်လယ်နယ်နိမိတ်ခြင်း ထိစပ်လျှက် ရှိသည်။ ၂၀၁၃ ခုနှစ်တွှင် လူဦးရေ စုစုပေါင်း ၉.၂ သန်းမျှ ရှိပြီး ၁.၄ သန်းမှာ အဲမရိတ် နိုင်ငံသားများ ဖြစ်ကာ ၇.၈ သန်းမှာ နိုင်ငံရပ်ခြားမှ လာရောက် အလုပ်လုပ်ကိုင်သူများ ဖြစ်ကြသည်။

၁၉၇၁ ခုနှစ် ဒီဇင်ဘာတွင် စတင်တည်ထောင်ခဲ့ပြီး ဖက်ဒရယ် ပြည်ထောင်စုတွင် မြို့တော်ဖြစ်သော အဘူဒါဘီ နှင့်အတူ ဒူဘိုင်း၊ ရှာဂျာ၊ အက်ဂ်ျမန်၊ အမ်-အယ်-ကူဝိန်း၊ ရပ်စ်-အယ်လ်-ခိုင်မာ၊ ဖူဂျာအီရာ ဟူသော ပြည်နယ် (၇) ခု ပါဝင်သည်။

ပြည်နယ် တစ်ခုချင်းစီကို အကြွင်းမဲ့ အာဏာရှိသော စော်ဘွားတစ်ဦးစီမှ အုပ်ချုပ်ပြီး ၎င်းတို့အားလုံး စုပေါင်း၍ ဖက်ဒရယ် ထိပ်သီးကောင်စီ တစ်ခုအဖြစ် ပေါင်းစည်းထားသည်။

၎င်းတို့ထဲမှ စော်ဘွားတစ်ဦးအား အာရပ်စော်ဘွားများ ပြည်ထောင်စု၏ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ထားသည်။ အစ္စလာမ် ဘာသာသည် နိုင်ငံတော် ဘာသာဖြစ်ပြီး အာရပ်ဘာသာ စကားမှာ တရားဝင် ရုံးသုံးဘာသာစကား ဖြစ်သော်လည်း အင်္ဂလိပ်ဘာသာကို နေရာအနှံ့ အသုံးပြုကြသည်။

ယူအေအီးနိုင်ငံ၏ ရေနံထွှက်ရှိမှုမှာ ကမ္ဘာပေါ်တွင် သတ္တမမြောက် အများဆုံး ဖြစ်ပြီး သဘာဝဓာတ်ငွေ့ထွက်ရှိမှုမှာ ကမ္ဘာပေါ်တွင် အဆင့် ၁၇ ရှိသည်။
(ကိုးကား- မြန်မာ ဝီကီပီဒီယာမှ အချက်အလက်များ ရယူထားပါသည်။)


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အာရပ်စော်ဘွားများပြည်ထောင်စုတွင် နေ့ချင်းပေး၊ တစ်ပတ်တစ်ခါရှင်းစနစ်ဖြင့် အငှားချထားနေသည့် လူနေတိုက်ခန်းပေါင်း ၄၀ ကို သိမ်းဆည်း - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service