သြစတေးလျနိုင်ငံတွင် ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုလုံးကို နေအိမ်တစ်လုံး၏ ထက်ဝက်မျှသာရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
4638 Views

သြစတေးလျနိုင်ငံတွင် ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုလုံးကို နေအိမ်တစ်လုံး၏ ထက်ဝက်မျှသာရှိသော ဈေးနှုန်းဖြင့် ရောင်းချမည်

သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ် တောင်ပိုင်းတွင် ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုလုံးကို နေအိမ်တစ်လုံး ၏ ထက်ဝက်မျှသာရှိသော ဈေးနှုန်းဖြင့် ရောင်းချရန် ဈေးကွက်ဝင်လာကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေဝက်ဘ်ဆိုက်နှင့် လန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တို့တွင် ဖော်ပြသည်။

ရောင်းချမည့်ကျွန်းမှာ နယူးဆောက်ဝေးပြည်နယ်ရှိ ဝိတ်ကျွန်းဖြစ်ပြီး ကန်ဒေါ်လာ ၆၀၀၀၀၀ မှ ၆၅၀၀၀၀ အကြား ဈေးနှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။

ဆစ်ဒနီမြို့ကြီးတွင် အလယ်အလတ်စား နေအိမ်တစ်လုံး၏ ပျှမ်းမျှပေါက်ဈေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းခန့်ရှိရာ အဆိုပါဈေးနှုန်း၏ ထက်ဝက်မျှဖြင့် ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုလုံးကို ကိုယ်ပိုင်အဖြစ် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးဖြစ်ကာ ဘဝတွင် နောက်တစ်ကြိမ် မရနိုင်တော့သည့် အခွင့်အလမ်းလည်း ဖြစ်သည်။

ကင်ဘာရာမြို့ကြီးမှ သွားမည်ဆိုလျှင် ဝိတ်ကျွန်းသို့ မိနစ် ၉၀ အတွင်း ရောက်ရှိနိုင်ပြီး ဆစ်ဒနီမြို့နှင့်မူ မော်တော်ကားဖြင့် ၃ နာရီခွဲ ခရီးခန့် ဝေးကွာသည်။

၉၂ ဟက်တာ ( ၂၂၇ ဧက ) ကျယ်ဝန်းသော ဝိတ်ကျွန်းသည် ဘာရင်းဂျာ့ခ် ရေအိုင်ကြီးအတွင်း တည်ရှိပြီး သမိုင်းဝင်မြို့ဖြစ်သည့် ဝီးဂျာ့စ်ပါနှင့်လည်း နီးကပ်စွာ တည်ရှိကာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် အပန်းဖြေစခန်းနေရာအဖြစ် တည်ဆောက်ခွင့် ရရှိထားသည်။

ဈေးကွက်တင်သည့် အိမ်ခြံမြေအကျိုးဆောင် အယ်လ်-ဂျေ-ဟူကာက “ဒါက မကြာခဏရနိုင်မယ့် အခွင့်အရေးမျိုးတော့မဟုတ်ဘူး။ ကိုယ့်ဘဝကို လုံးဝပြောင်းလဲသွားစေနိုင်မယ့်ဟာမျိုးဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခင်ပိုင်ရှင်များမှာ ဗိသုကာပညာရှင်များဖြစ်ကြပြီး လွန်ခဲ့သည့် ၁၃ နှစ်ခန့်ကတည်းက ဝယ်ယူထားခဲ့ခြင်းဖြစ်ကာ ကလေးများကို ထိန်းကျောင်းရင်း အချိန်ကုန်လွန်ခဲ့သည်။

၎င်းက မည်သူ့ကိုမျှ အားကိုး မှီခိုရန် မလိုသည့် ဘက်စုံပါဝင့် အသင့်ဆောက်လုပ်ပြီး နေအိမ်ငယ်များကို ထည့်ုသွင်းဖြည့်တင်းသွားရန် စီစဉ်ထားည်။

ငါးဖမ်းခြင်း၊ ခရီးဝေးလမ်းလျှောက်ခြင်း၊ လှိုဏ်ဂူများအတွင်း ဝင်ရောက်လေ့လာခြင်း၊ ရေလွှာလျှောစီးခြင်းများ ပြုလုပ်ရန် အလွန်ကောင်းမွန်သည့်နေရာတစ်ခုလည်း ဖြစ်သည်။

ယခုကျွန်းကြီးကို အရောင်းဈေးကွက်တင်ပြီးကတည်းက စုံစမ်းမေးမြန်းလာသူ ရာပေါင်းများစွာရှိကြောင်း ကင်ဘာရာအခြေစိုက် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ L.J. Hooker က ထုတ်ပြန်သည်။

“ဒီကျွန်းရဲ့ဈေးနှုန်း ဘယ်လောက်ဖြစ်သင့်တယ်ဆိုတာ ဆုံးဖြတ်ဖို့ ခက်ပါတယ်။ ဒါက တခြားနေရာတွေနဲ့ လုံးဝမတူညီတဲ့ ရှားပါးအခွင့်အလမ်းပါ။ တစ်သက်မှာတစ်ကြိမ်သာရနိုင်မယ့် အခွင့်အရေးမျိုးလည်း ဖြစ်ပါတယ်။

အနာဂတ်မှာ ဒါမျိုးထပ်တွေ့ရမယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု L.J. Hooker မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဆဲလ်တာ ဟာဒင်းက ပြောကြားသည်။

မြို့ပြ၏ ရှုပ်ထွေးပွက်လောရိုက်မှုများ၊ စိတ်ဖိစီးမှုများမှ တိမ်းရှောင်လိုသူများအနေဖြင့်မူ သီးခြားကမ္ဘာသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရမည်ဖြစ်ပြီး အိမ်နီးချင်းဟူ၍ သားပိုက်ကောင်များ၊ ရေငှက်များနှင့် အခြားဒေသတွင်း အလှတရားများသာ တွေ့မြင်ရမည်ဖြစ်၏။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သြစတေးလျနိုင်ငံတွင် ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုလုံးကို နေအိမ်တစ်လုံး၏ ထက်ဝက်မျှသာရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
သြစတေးလျနိုင်ငံတွင် ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုလုံးကို နေအိမ်တစ်လုံး၏ ထက်ဝက်မျှသာရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
သြစတေးလျနိုင်ငံတွင် ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုလုံးကို နေအိမ်တစ်လုံး၏ ထက်ဝက်မျှသာရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
သြစတေးလျနိုင်ငံတွင် ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုလုံးကို နေအိမ်တစ်လုံး၏ ထက်ဝက်မျှသာရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
သြစတေးလျနိုင်ငံတွင် ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုလုံးကို နေအိမ်တစ်လုံး၏ ထက်ဝက်မျှသာရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
သြစတေးလျနိုင်ငံတွင် ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုလုံးကို နေအိမ်တစ်လုံး၏ ထက်ဝက်မျှသာရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
သြစတေးလျနိုင်ငံတွင် ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုလုံးကို နေအိမ်တစ်လုံး၏ ထက်ဝက်မျှသာရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
သြစတေးလျနိုင်ငံတွင် ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုလုံးကို နေအိမ်တစ်လုံး၏ ထက်ဝက်မျှသာရှိသော ဈေးနှုန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service