အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်ဦးရေ၏ သုံးပုံနှစ်ပုံမှာ အမျိုးသမီးများဖြစ် - Property News in Myanmar from iMyanmarHouse.com
3533 Views

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်ဦးရေ၏ သုံးပုံနှစ်ပုံမှာ အမျိုးသမီးများဖြစ်

ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၌ အိမ်ခြံမြေအကျိုးဆောင်များတွင် အမျိုးသားနှင့် အမျိုးသမီးဦးရေအချိုး မည်သို့ရှိသည်ဟု ထင်ပါသနည်း။ အမေရိကန်အမျိုးသားအိမ်ခြံမြေအကျိုးဆောင်အသင်း (NAR) က ၂၀၁၇ ခုနှစ်ကုန်အထိ ပြုစုခဲ့သော စာရင်းအရ စုစုပေါင်းအိမ်ခြံမြေအကျိုးဆောင်ဦးရေ၏ သုံးပုံနှစ်ပုံ (၆၃ ရာခိုင်နှုန်း) မှာ အမျိုးသမီးများဖြစ်ပြီး ၃၇ ရာခိုင်နှုန်းကသာ အမျိုးသားများဖြစ်ကြောင်း သိရသည်။

အတွေ့အကြုံ ၁၆ နှစ်နှင့်အထက် ရှိသော အကျိုးဆောင်ဦိးရေတွင် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ၄၀ ရာခိုင်နှုန်းက အမျိုးသားများဖြစ်သည်။

ရာပြတ်အရေအတွက်တွင်မူ အမျိုးသားများက ၇၂ ရာခိုင်နှုန်းဖြင့် အမျိုးသမီးအရေအတွက်ထက် အရေအတွက်သိသိသာသာ ပိုမိုများပြားသည်။

သို့သော်လည်း မန်နေဂျာအဆင့်တွင်မူ အမျိုးသမီးများက ၇၂ ရာခိုင်နှုန်းဖြင့် အမျိုးသားများထက် တစ်ဖန်ပိုမိုများပြားသွားပြန်သည်။

၎င်း ၂၀၁၇ ခုနှစ် စာရင်းအရ အကျိုးဆောင်များ၏ ပျမ်းမျှအသက်မှာ ၅၃ နှစ်ဖြစ်သည်။ ၂၀၁၅ ခုနှစ် စာရင်းတုန်းကမူ ပျမ်းမျှ ၅၇ နှစ် ရှိခဲ့သည်။ အသက် ၃၀ နှစ်အောက် အကျိုးဆောင်အရေအတွက်မှာ ၄ ရာခိုင်နှုန်း ရှိသည်။

၂၀၁၅ ခုနှစ် စာရင်းတုန်းကထက် နှစ်ဆပိုမိုများပြားလာခဲ့ခြင်းဖြစ်သည်။ ၆၅ နှစ်နှင့် အထက်မှာ ၁၇ ရာခိုင်နှုန်း ရှိသည်။ ၂၀၁၅ ခုနှစ်က ၂၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ လျော့နည်းခဲ့ခြင်းဖြစ်သည်။ အသက် ၆၅ နှစ်အထက်ဖြစ်သည့်အပြင်
အတွေ့အကြုံလည်း ၁၆ နှစ်အထက် ရှိသူများမှာ ၃၉ ရာခိုင်နှုန်း ရှိသည်။

အသက် ၃၀ နှစ်အောက်ဖြစ်သည့်အပြင် အတွေ့အကြုံလည်း နှစ်နှစ်အောက်သာ ရှိသေးသူဦးရေက ၁၂ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

၃၁ ရာခိုင်နှုန်းက ဘွဲ့ရရှိပြီးသူများဖြစ်ပြီး ကောလိပ်ပညာရေးပြီးဆုံးပြီးသူကလည်း ၃၁ ရာခိုင်နှုန်း ရှိကာ ဒီပလိုမာသာ ရရှိသေးသူဦးရေက ၁၂ ရာခိုင်နှုန်း ဖြစ်သည်။

၇၄ ရာခိုင်နှုန်းက အိမ်ခြံမြေအကျိုးဆောင်အလုပ်တစ်ခုတည်းဖြင့်သာ အသက်မွေးဝမ်းကျောင်းကြခြင်း ဖြစ်သည်။ အိမ်ထောင်ရှိသူ ၇၀ ရာခိုင်နှုန်း ရှိပြီး ကွာရှင်းထားပြီးသော လူလွတ်ဦးရေ ၂၆ ရာခိုင်နှုန်း ရှိကာ အိမ်ထောင်မပြုရသေးသော လူလွတ်ဦးရေ ၄ ရာခိုင်နှုန်း ရှိသည်။

အတွေ့အကြုံ ၁၆ နှစ်နှင့်အထက် ရှိသူများက တစ်နှစ်ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ ဝန်းကျင် ရရှိခဲ့ကြပြီး အတွေ့အကြုံ ၂ နှစ်အောက်သာ ရှိသေးသူများက အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ဝန်းကျင် ရရှိခဲ့ကြသည်။ ၈၂ ရာခိုင်နှုန်းက အိမ်တစ်အိမ် ပိုင်ဆိုင်ပြီး ၃၉ ရာခိုင်နှုန်းက အိမ်နှစ်အိမ် ပိုင်ဆိုင်သည်။

၁၄ ရာခိုင်နှုန်းက အင်္ဂလိပ်အပြင် အခြားဘာသာစကားတစ်မျိုးမျိုးကိုလည်း ကျွမ်းကျင်ပြီး ၎င်းတို့တွင် ၂၃ ရာခိုင်နှုန်းက အသက် ၃၉ နှစ်အောက်များ ဖြစ်ကြသည်။ ဒုတိယဘာသာစကားအဖြစ် ၅၄ ရာခိုင်နှုန်းက စပိန်ဘာသာစကားကို တတ်ကျွမ်းကြကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service