၇၃ လမ်းနှင့် ၇၈ လမ်းကိုချိတ်ဆက်မည့် ၃၈ လမ်းဖောက်ရာတွင် လမ်းဧရိယာနှင့်မလွတ်သော အဆောက်အအုံများရွှေ့ရမည် - Property News in Myanmar from iMyanmarHouse.com
4263 Views

၇၃ လမ်းနှင့် ၇၈ လမ်းကိုချိတ်ဆက်မည့် ၃၈ လမ်းဖောက်ရာတွင် လမ်းဧရိယာနှင့်မလွတ်သော အဆောက်အအုံများရွှေ့ရမည်

မဟာအောင်မြေမြို့နယ် ၇၃ လမ်း (မန္တလေးတက္ကသိုလ်အဝင်လမ်း) နှင့် ၇၈ လမ်းကို တိုက်ရိုက်သွားနိုင်မည့် ၃၈ လမ်းကို ဖောက်လုပ်ရာတွင် လမ်းအူကြောင်းနှင့်မလွတ်သော အဆောက်အအုံ အချို့နှင့် လျှပ်စစ်ဓာတ်တိုင်များ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

ယင်းလမ်းဖောက်လုပ်မည့် ဧရိယာအတွင်း ၇၆ ဓာတ်အားခွဲရုံအုတ်တံတိုင်း၊ တပ်ပိုင်အဆောက်အအုံအချို့နှင့် လူနေရပ်ကွက် အုတ်တံတိုင်း၊ 11KV ဓာတ်အားတိုင် ၁၀ တိုင်၊ ဓမ္မာရုံအုတ်တံတိုင်းနှင့် တံခွန်တိုင်တို့ကို ရွှေ့ပြောင်းနိုင်ရန် ကွင်းဆင်းစစ်ဆေးထားပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“မန္တလေးမြို့မှာ အဓိကလမ်းမကြီးတစ်ခု မကြာခင်ပေါ်ပေါက်လာတော့မှာပါ ” ဟု ဦးကျော်ဇောအောင်က ပြောဆိုသည်။

လမ်းအူကြောင်းနှင့်မလွတ်သော နေရာများကို ခြောက်လတာ ဘတ်ဂျက်ကာလအတွင်း ဖယ်ရှားရွှေ့ပြောင်းပေးရန် စီစဉ်ထားပြီး လမ်းအရှည် ပေ ၃၀၀၀ ခန့် နှင့် အကျယ် ပေ ၈၀ ရှိသည့် လမ်းဖောက်လုပ်ရန် မြို့တော်စည်ပင်သာယာရေး ကော်မတီက စီစဉ်ထားသည်။

“အရင်က မြို့အရှေ့ကနေ အနောက်ဘက်ကို သွားမယ်ဆိုရင် စစ်တပ်ကိုကွေ့ ဝိုက်ပြီးသွားရာကနေ တိုက်ရိုက်သွားနိုင်မယ်ဆိုတော့ ဆက်သွယ်ရေး ပိုကောင်းလာမယ်။ လမ်းကျပ်မှုတွေလည်း အထိုက်အလျောက်တော့ လျော့သွားမယ်”ဟု မန္တလေးမြို့ခံ အငှားယာဉ်မောင်း ဦးဇော်ဟိန်းက ပြောဆိုသည်။

အဆိုပါလမ်းကို ဒီဇင်ဘာမတိုင်မီ ပြီးအောင်တည်ဆောက်သွားမည်ဟု ၃၈ လမ်းဖောက်လုပ်မည့် အစီအစဉ်နှင့်ပတ်သက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

နယ်မြေခံတပ်ရင်း၏ မြေဧရိယာ တစ်စိတ်တစ်ပိုင်းကို ၃၈ လမ်းအဖြစ် ဖြတ်သန်းဖောက်လုပ်ရန် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ခွင့်ပြုပေးခဲ့သည်။

၃၈ လမ်းသည် နယ်မြေခံ တပ်ရင်းတစ်ခု၏ အုတ်တံတိုင်းခတ်ဧရိယာအတွင်း ပါဝင်နေသောကြောင့် ယခင်က မြို့အရှေ့မှ အနောက်သို့ တစ်ဆက်တည်းသွား၍ မရသော တစ်ဖက်ပိတ်လမ်းတစ်ခုဖြစ်သည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service