ခွင့်ပြုချက်မဲ့ တရားမဝင် တိုက်ခန်းတွေရှိလို့ စိစစ်ပြီးမှ ဝယ်သင့် - Property News in Myanmar from iMyanmarHouse.com
7410 Views

ခွင့်ပြုချက်မဲ့ တရားမဝင် တိုက်ခန်းတွေရှိလို့ စိစစ်ပြီးမှ ဝယ်သင့်

တိုက်ခန်းဝယ်မယ်ဆိုရင် ခွင့်ပြုချက်မဲ့နဲ့ တရာမဝင် တည်ဆောက်ထားတဲ့ တိုက်တွေရှိတာကြောင့် စိစစ်ပြီးမှ ဝယ်ယူသင့်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ' တိုက်ခန်းဝယ်မယ်ဆိုရင် ရောင်းမယ့်သူ ၊ ရောင်းမယ့် ကန်ထရိုက်ကို ပါမစ်မိတ္တူနဲ့ BCC (လူနေထိုင်ခွင့် ပါမစ် ) ပြခိုင်းပါ ပါမစ်ရှိရင်ပြနိုင်
တယ် ပါမစ်မရှိရင် မပြနိုင်ဘူး ၊ အဲ့ဒီ အခန်းမျိုး မဝယ်နဲ့ပေါ့ ' လို့ ပြောပါတယ်။

ဆောက်နေတဲ့ အချိန်မှာလည်း စည်ပင်ကခွင့်ပြူတဲ့ ဆိုင်းဘုတ် အစိမ်းရောင် ထောင်ထားရင် တရားဝင် ဆောက်လုပ်တာ ၅၀ ရာခိုင်နှုန်း သေချာပါတယ်။ ဆိုင်းဘုတ်အစိမ်းကို အတုတောင်းတာတွေ ရှိတတ်တာကြောင့် စည်ပင် ဝက်ဘ်ဆိုက် ထဲမှာ အဲသည်အဆောက်အအုံ ရဲ့ လိပ်စာကို ရိုက်ထည့်လိုက်ရင် ခွင့်ပြုပေးထားရင် အဲသည် လိပ်စာပေါ်လာမယ်၊ ခွင့်ပြုတာမရှိရင်တော့ မပေါ်ဘူးလို့ သိရပါတယ်။ တရားဝင်တည်ဆောက်ဖို့ ခွင့်ပြုတဲ့ပါမစ်မိတ္တူတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးတွေကိုလညိး ပေးထားတာကြောင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ လည်း စုံစမ်းနိုင်ပါတယ်။

ဈေးနှုန်းကွာခြားချက်ကြောင့် တရားမဝင် တိုက်ခန်းတွေကို ဝယ်ကြတယ် ၊ တရားဝင်တိုက်ခန်းက လက်ရှိ သင်္ဃန်းကျွန်း ဘက်မှာဆိုရင် ကျပ်သိန်း ၂၅၀ လောက်ပေါက်တယ် ။ တရားမဝင် တိုက်ခန်းတွေက ကျပ်သိန်း ၁၀၀ လောက်သာ ရှိတယ်လို့ နောင်ဦး အိမ်ခြံမြေအကျိုးဆောင်မှ ဦးမြင့်ဦးက ပြောပါတယ်။

တရားမဝင် ခွင့်ပြုချက်မဲ့ တည်ဆောက်တဲ့ တိုက်ခန်းဝယ်မိရင် လျှပ်စစ်မီတာ လျှောက်ထားလို့ မရသလို မြေညီထပ်တွေဆိုရင်တော့ လုပ်ငန်းလိုင်စင်လျှောက်ခွင့်နဲ့ ဆိုင်းဘုတ်ထောင်ခွင့် မရဘူးလို့ သိရပါတယ်။ စည်းကမ်းမဲ့ တည်ဆောက်တာတွေ များလာတာကြောင့် လက်ရှိရန်ကင်း က ခွင့်ပြူချက်မဲ့ အဆောက်အအုံ သုံးလုံးကို ဖြို့ခဲ့သလို စံနမူနာဖြစ်ဖို့ သင်္ဃန်းကျွန်းဘက်မှာလည်း ဖြိုဖို့ စီစဉ်နေပါတယ် ။ စံနမူနာပြ ဖြိုမယ့် တိုက်ခန်းတွေကိုလည်း မဝယ်မိအောင် စုံစမ်းစစ်ဆေးပြီးမှ ဝယ်ယူသင့်တယ်လို့ သိရပါတယ်။ ခွင့်ပြုချက်မဲ့ တည်ဆောက်တဲ့ အဆောက်အအုံတွေက အရှေ့ပိုင်းခရိုင်မှာ ၆၀၂ လုံး ၊ အနောက်ပိုင်းခရိုင်မှာ ၉၉ လုံး ၊ တောင်ပိုင်း ခရိုင်မှာ ၁၂၄ လုံးနဲ့ မြောက်ပိုင်းခရိုင်မှာ ၃၃၂ လုံး အထိရှိပြီး ခွင့်ပြူချက်ထက် ကျော်လွန်တည်ဆောက်တဲ့ အဆောက်အအုံ ၅၅ လုံးအထိ ရှိခဲ့တယ်လို့ ၂၀၁၃ ခုနှစ် စာရင်းတွေအရ သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service