ယခုလအတွင်း ရွေးချယ်ပေးသွားမည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီစာရင်း နှင့် တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်ခဲ့သော အိမ်ခြံမြေ ဈေးနှုန်းများ - Property News in Myanmar from iMyanmarHouse.com
3919 Views

ယခုလအတွင်း ရွေးချယ်ပေးသွားမည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီစာရင်း နှင့် တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်ခဲ့သော အိမ်ခြံမြေ ဈေးနှုန်းများ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မန္တလေး-လားရှိုးလမ်းမကြီးဘေး ၂၁မိုင်အနီးတွင် လုပ်ဆောင်မည့် New Mandalay Resort City စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီစာရင်းကို ယခုလအတွင်း ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ယင်းစီမံကိန်းကို အပိုင်းသုံးပိုင်းခွဲဆောင်ရွက်သွားမည်ဖြစ်ကာ အပိုင်း ၁ နှင့် အပိုင်း ၃အတွက် ရင်းနှီးမြှုပ်နှံလိုသူများအားခေါ်ယူခဲ့ရာပြည်တွင်းပြည်ပ ကုမ္ပဏီ ၄ဝခန့်လျှောက်လွှာများထုတ်ယူခဲ့သော်လည်း
အမှန်တကယ်လျှောက်ထားရာတွင် ကုမ္ပဏီ ၁၁ ခုသာ ရှိခဲ့ကြောင်း သိရသည်။

New Mandalay Resort City စီမံကိန်းကို မြေဧက ၁ဝဝဝဝတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကာ စက်မှုအိုင်တီနည်းပညာစိုက်ပျိုးရေး စီမံကိန်း၊စီးပွားရေးလုပ်ငန်း၊ကျန်းမာရေး၊ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ
နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအခြေပြု မြို့အဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း အပိုင်းတစ် နှင့် အပိုင်းသုံးတွင် ရှိသော ဧက ၇ဝဝဝ အားပြည်ထောင်စုအစိုးရတည်ဆောက်ရေး စီမံကိန်း ကြီးကြပ်မှု ကော်မတီမှ ဆောင်ရွက်မည်ဖြစ်သည်။

ကျန်ဧက ၃ဝဝဝရှိ အပိုင်းနှစ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဆောင်ရွက်မည်ဖြစ်သည်။

အပိုင်းနှစ် အတွက်တော့ မခေါ်ရသေးဟု မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အပိုင်းသုံးပိုင်းအနက် စီမံကိန်းအဆင့်တစ်တွင် ဧက ၂၂ဝဝ ပါဝင်ပြီး ၊စက်မှုဇုန်၊လူနေဇုန် နှင့် Education and Health Services Zone တို့အဓိက ထားပါဝင်ကြောင်း၊စီမံကိန်းအပိုင်းနှစ်တွင် ၂၉၁၉ ဧကပါဝင်ပြီး လူနေမြေ၊Mixed Development Zone,အုပ်ချုပ်မှုဇုန်၊စီးပွားရေးဇုန်၊စိုက်ပျိုးရေး၊အခြေပြုစက်မှုဇုန် နှင့် အသေးစားစက်မှုလက်မှုဇုန်တို့ပါဝင်ပြီး အပိုင်းသုံးတွင်ဧက ၄၇၄၄ ကျယ်ဝန်းပြီး အဆင့်မြင့် လူနေအိမ်ရာ၊တန်ဖိုးမျှတအိမ်ရာ၊ဂေါက်ကွင်း၊စိုက်ပျိုးရေးဇုန် နှင့် AGRO Park ဧရိယာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


Credit: Pyi Myanmar and Kumudra
ယခုလအတွင်း ရွေးချယ်ပေးသွားမည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီစာရင်း နှင့် တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်ခဲ့သော အိမ်ခြံမြေ ဈေးနှုန်းများ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service