တိုင်းအစိုးရ၏ ပါရမီအိမ်ရာစီမံကိန်းသည် အားကစားကွင်းမြေနေရာဖြစ်ကြောင်း တိုင်းလွှတ်တော်အမတ်ထောက်ပြ - Property News in Myanmar from iMyanmarHouse.com
4079 Views

တိုင်းအစိုးရ၏ ပါရမီအိမ်ရာစီမံကိန်းသည် အားကစားကွင်းမြေနေရာဖြစ်ကြောင်း တိုင်းလွှတ်တော်အမတ်ထောက်ပြ

တိုင်းအစိုးရ အကောင်အထည်ဖော်ရန် တင်ပြသည့် ကျပ် ၃၂ ဘီလီယံတန် ပါရမီ အဆင့်မြင့်အိမ်ရာစီမံကိန်းသည် ပန်းဥယျာဉ်ဌာနက တရားဝင်ပိုင်ဆိုင်ထားသည့် အားကစားကွင်းမြေနေရာဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက လွှတ်တော်တွင် ပြောသည်။

‘ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုဖြင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း အစီရင်ခံစာ ၂၀၁၈-၂၁’ ကို မေလ ၇ ရက်တွင် လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦး ဆွေးနွေးစဉ် ဦးရန်ရှင်း က ထည့်သွင်းဆွေးနွေးသည်။

‘‘အားကစားမြေနေရာမှာ စီးပွားရေးအဆောက်အအုံ လုပ် ပြီး အားကစားအတွက် ဘာမှအထောက်အကူမပြုရင် လုံးဝလက်ခံမှာမဟုတ်ဘူး။ အားကစားအတွက် လိုအပ်တဲ့ အဆောက်အအုံတွေ ပြန်ထည့်ပေးဖို့ တင်ပြတောင်းဆိုတာပါ’’ဟု ဦးရန်ရှင်း က ပြောသည်။

အဆိုပါစီမံကိန်းသည် စီးပွားရေးဖွံ့ဖြိုးမှု စီမံကိန်းများ ခေါင်းစဉ်အောက်တွင် ပါဝင် သည့် ‘ပါရမီအဆင့်မြင့် စီးပွား ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး’ဖြစ်ပြီး မြေနှစ်ဧကအပေါ်တွင် တည် ဆောက်မည်ဖြစ်သည်။ ၂၀၁၈ မှ ၂၀၂၃ အထိ ကြာမြင့်မည့် စီမံ ကိန်းဖြစ်ကြောင်း ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော် တွင် တင်ပြထားသည်။

ထို့အပြင် ကျပ်ဘီလီယံ ၁,၀၀၀ ကျော်တန်ဖိုးရှိ အိမ်ရာဖွံ့ ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့် ပြည်တော်သာ၊ ကြို့ကုန်း၊ ရန် ကင်းနှင့် ဝေဠုဝန်အိမ်ရာစီမံကိန်း များကို အကောင်အထည်ဖော် ရာတွင် လက်ရှိနေထိုင်သူများအတွက် ရွှေ့ပြောင်းရန် အစီအမံမပါဝင်ခြင်းကို ဦးရန်ရှင်းက ထောက်ပြခဲ့သည်။ ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ ခေတ်မီစက်မှုဇုန် စီမံကိန်းနှင့် စပ်လျဉ်းပြီး ယခင် စီမံကိန်းများ အပြီးမသတ်သော် လည်း စီမံကိန်းအသစ်များ ထပ် ရရန် ကြိုးစားနေသူများ ရှိနေ သည်ဟု ဆွေးနွေးခဲ့သည်။

ပါရမီအဆင့်မြင့် စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ‘‘ပါရမီ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေလုပ်မယ်ဆိုပြီး အစီရင်ခံစာ (ဒေသန္တရစီမံကိန်းအစီရင်ခံ)ထဲမှာပါပြီးသားပါ’’ဟုဆိုသည်။

အဆိုပါစီမံကိန်းနှင့် မရမ်း ကုန်း ဗီလာအဆင့်မြင့် စီးပွားရေး စီမံကိန်းသည်လည်း ၂၀၁၈ ဒေသန္တရစီမံကိန်း၏ ဧပြီမှ စက်တင်ဘာအထိ ခြောက်လတာ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းတွင် ပါဝင်သည်ဟုဆိုသည်။

ပါရမီအဆင့်မြင့် စီးပွားရေး နှင့် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းတွင် ၈၈၈၈ ပြတိုက်တည်ဆောက်ခြင်း သည် ၈၈၈၈ သမိုင်းကို သေးသိမ် ကျဉ်းမြောင်းစေပြီး လူတန်းစား အလွှာအသီးသီး ပါဝင်သည့် ၈၈၈၈ အတွက် ခမ်းနားသည့် ဒီမို ကရေစီပန်းခြံ၊ ဒီမိုကရေစီပြတိုက် ဖြစ်သည့်အကြောင်း တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်ကပြောသည်။

‘‘ကျွန်တော့်အနေနဲ့ ဒီနေရာ က အင်မတန်မှ ကျဉ်းနေတယ်လို့ ယူဆပါတယ်။ ၈၈၈၈ လှုပ်ရှားမှု သည် လူတန်းစားအလွှာအသီး သီး ပါဝင်ပြီးတော့မှ ရဟန်းရှင်လူ ကျောင်းသားများ၏ အသက်သွေး များဖြင့် ကြိုးပမ်းခဲ့တဲ့ သမိုင်းဝင် လှုပ်ရှားမှုဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

အစီရင်ခံစာနှင့် ပတ်သက် သည့် ဆွေးနွေးချက်များကို မေလ ၁၄ ရက်တွင် ဆက်လက်ဆွေးနွေး မည်ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service