ဂရမ်မီဆုရှင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်က သူငယ်ချင်းများ တည်းခိုနားနေရန် ဝယ်ယူထားသော လော့စ်အိန်ဂျလိရှိ ဘန်ဂလိုကို ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
4116 Views

ဂရမ်မီဆုရှင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်က သူငယ်ချင်းများ တည်းခိုနားနေရန် ဝယ်ယူထားသော လော့စ်အိန်ဂျလိရှိ ဘန်ဂလိုကို ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းထုတ်လိုက်ပြီ

ဂရမ်မီဆုရှင် ကမ္ဘာကျော်တေးသံရှင် တေလာဆွစ်ဖ်သည် သူငယ်ချင်းများ တည်းခိုနားနေရန် ဝယ်ယူထားသော လော့စ်အိန်ဂျလိရှိ ဘန်ဂလိုကို ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းထုတ်လိုက်ပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ ၊ ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိသည်။

တေလာဆွစ်ဖ်က အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်းဖြင့် ရောင်းချလိုက်ခြင်း ဖြစ်သည်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သည့် မစ္စက်ဆွစ်ဖ်က ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၇၇ သန်းဖြင့် ဝယ်ယူထားခဲ့ခြင်းဖြစ်ရာ ယခုရောင်းထွက်ခဲ့
သည့် ဈေးနှုန်းအရ ကန်ဒေါ်လာ ၁ ဒသမ ၁၈ သန်းမြတ်စွန်းခဲ့သည်။

တေလာဆွစ်ဖ်က အဆိုပါနေအိမ်ကို ၎င်းနှင့် ဆက်နွှယ်မှုများရှိနေသော ကုမ္ပဏီတစ်ခုမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းကုမ္ပဏီ၏ လိပ်စာမှာ တေလာဆွစ်ဖ်နှင့် သူ၏စီမံခန့်ခွဲမှုကုမ္ပဏီတို့နှင့် ချိတ်ဆက်မှုများ ရှိနေသည်။

ရာစုနှစ်လယ် မော်ဒန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး Sotheby’s International Realty မှ အကျိုးဆောင် ဒရူး မန်ဒီလီက ဈေးကွက်တင်သွင်းပေးခဲ့ခြင်း ဖြစ်သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၉၅၀ ရှိပြီး အိပ်ခန်း ၄ ခန်းကို ကောင်းကင်အလင်းရရှိစေရန် စီမံဆောက်လုပ်ထားသည်။

အပူအအေးထိန်းညှိစနစ်ပါဝင်ကာ ပုလင်းပေါင်း ၁၀၀၀ ခန့် သိမ်းဆည်းနိုင်သည့် ဝိုင်သိုလှောင်ခန်း၊ ကင်မရာ ၁၁ လုံးတပ်ဆင်ထားသည့် လုံခြုံရေးစနစ်၊ ရေကူးကန်တစ်ကန်တို့ ပါဝင်သည်။

နေအိမ်ကြီးကို အမြဲလှပသာယာ သန့်ရှင်းနေစေရန် ထိန်းသိမ်းထားခဲ့သော်လည်း တေလာဆွစ်ဖ်က သူ၏အခြေပြုနေအိမ်အဖြစ် အသုံးပြုခဲ့ခြင်းမရှိဘဲ ဧည့်သည်များ၊ မိတ်ဆွေများ တည်းခိုရန်အတွက်သာ အသုံးပြုခဲ့ကြောင်း ဒရူး မန်ဒီလီက ပြောကြားသည်။

ဝယ်လက်မည်သူဖြစ်သည်ဆိုခြင်းကိုမူ ဒရူး မန်ဒီလီက ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

အရောင်းဈေးကွက်သို့ ဝင်ရောက်လာပြီးနောက်ပိုင်း စိတ်ဝင်စားသူများစွာရှိခဲ့ကြောင်းလည်း မစ္စတာ မန်ဒီလီက ပြောကြားသည်။

မစ္စက် ဆွစ်ဖ် ရောင်းထုတ်ခဲ့သည်မှာ ယခုနေအိမ်တစ်လုံးတည်း မဟုတ်သေးချေ။

မကြာသေးမီကပင် ဘီဗာလီဟေးလ်ရှိ အခြားနေအိမ်တစ်လုံးကိုလည်း ကန်ဒေါ်လာ ၄ သန်းခန့်ဖြင့် ရောင်းထုတ်ခဲ့သေးကြောင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂရမ်မီဆုရှင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်က သူငယ်ချင်းများ တည်းခိုနားနေရန် ဝယ်ယူထားသော လော့စ်အိန်ဂျလိရှိ ဘန်ဂလိုကို ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဂရမ်မီဆုရှင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်က သူငယ်ချင်းများ တည်းခိုနားနေရန် ဝယ်ယူထားသော လော့စ်အိန်ဂျလိရှိ ဘန်ဂလိုကို ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဂရမ်မီဆုရှင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်က သူငယ်ချင်းများ တည်းခိုနားနေရန် ဝယ်ယူထားသော လော့စ်အိန်ဂျလိရှိ ဘန်ဂလိုကို ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဂရမ်မီဆုရှင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်က သူငယ်ချင်းများ တည်းခိုနားနေရန် ဝယ်ယူထားသော လော့စ်အိန်ဂျလိရှိ ဘန်ဂလိုကို ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဂရမ်မီဆုရှင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်က သူငယ်ချင်းများ တည်းခိုနားနေရန် ဝယ်ယူထားသော လော့စ်အိန်ဂျလိရှိ ဘန်ဂလိုကို ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service