နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ရန်ကုန်မြို့သစ်စီမံကိန်းက အထောက်အကူဖြစ်နိုင်ဟု ဦးဖြိုးမင်းသိန်းပြော - Property News in Myanmar from iMyanmarHouse.com
4144 Views

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ရန်ကုန်မြို့သစ်စီမံကိန်းက အထောက်အကူဖြစ်နိုင်ဟု ဦးဖြိုးမင်းသိန်းပြော

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အပါ အ၀င် ပြည်တွင်းရင်းနှီးမြှုပ်နှံလိုသူ များမြေရရှိရေး အခက်အခဲကြုံနေ ရခြင်းကို ရန်ကုန်မြို့သစ်စီမံကိန်း က ဖြေရှင်းပေးနိုင်မည်ဟု ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးများတွင် နိုင်ငံခြားလုပ်ငန်းရှင်အများစု တင် ပြသည့် အခက်အခဲသည် မြေရရှိ ရေးဖြစ်နေကြောင်း ၀န်ကြီးချုပ်က ပြောသည်။ ရန်ကုန်တိုင်းရင်းနှီး မြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ၀န်ကြီးချုပ်က ‘‘ကျွန် တော်တို့ တိုင်းဒေသကြီးအစိုးရ ဘက်ကလည်း ဘယ်စက်မှုဇုန် ကတော့ ခင်ဗျားတို့ လာရင်းနှီးမြှုပ် နှံရင် အစိုးရဘက်ကထိုက်သင့် တဲ့ မြေဈေးနှုန်းနဲ့ ပေးမယ်ဆိုတဲ့ ပေး စရာမြေ အလုံအလောက်မရှိပါ ဘူး’’ ဟု ၀န်ကြီးချုပ်က ဧပြီ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်မြို့သစ် စီမံကိန်း တွင် စက်မှုဇုန်အတွက် သတ် မှတ်ထားသည့် မြေနေရာများ ပါဝင်နေပြီး အဆိုပါစက်မှုဇုန် များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များစွာဖိတ်ခေါ်ရန် ၀န်ကြီးချုပ်က စီစဉ်ထားသည်။ မြို့သစ်စီမံကိန်း အကောင်အထည် ဖော်နိုင်မည်ဆို ပါက အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းရရှိမည်ဟု ဆိုထားသည်။

ရန်ကုန်တိုင်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၏ အဓိကနေရာတစ် ခုဖြစ်ရန်ဆန္ဒရှိသောဝန်ကြီးချုပ်အ နေဖြင့် စီးပွားရေးကဏ္ဍတွင်ကြုံ တွေ့နေသော မြေအခက်အခဲကို မြို့သစ်စီမံကိန်းတွင် ထည့်သွင်း ဖြေရှင်းရန် ရည်ရွယ်ချက်သည် ကောင်းမွန်သော်လည်း အချိန် တစ်ခုအထိ စောင့်ဆိုင်းရနိုင် ခြေရှိသည်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောသည်။

မြေပေါများသည့် နိုင်ငံတစ် နိုင်ငံ၏ စီးပွားရေးမြို့တော်၌ လုပ် ငန်းမလုပ်ဘဲ မြေဦးထားမှုများကို ယနေ့အထိ တွေ့မြင်နေရသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။ အပြာရောင်၊ အနီ ရောင် သွပ်ပြားများ ကာရံထား သည် မြေနေရာများက ရန်ကုန် မြို့၏ မြို့နယ်အများစု၌ ယနေ့ အထိရှိနေကြောင်း ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦး ကဆို သည်။

ခြံမြေဈေး ကျဆင်းသည် ဆိုသော်လည်း စီးပွားရေးလုပ်ငန်း များနှင့် သက်ဆိုင်သည့် စက်မှု ဇုန်မြေများကို မြေဦးထားသူများက ဈေးစောင့်ရောင်းချမည့် အစီအ စဉ်ကြောင့် နိုင်ငံခြားသားလုပ်ငန်း ရှင်များသာမက ပြည်တွင်းလုပ် ငန်းရှင်များပါ အခက်အခဲဖြစ်နေ ကြောင်း စီးပွားရေးလုပ်ငန်းရှင်အ ချို့ကပြောသည်။

ယနေ့ထိ စက်မှုဇုန်များတွင် မြေဦးထားပြီး လုပ်ငန်းမလုပ် သည့် မြေကွက်များစွာရှိနေ ကြောင်းလည်း ရွှေလင်ဗန်းစက်မှု ဇုန် စီမံခန့်ခွဲမှုကော်မတီဝင် တစ် ဦးကပြောသည်။ လက်ရှိ စက်မှု ဇုန်များတွင် လျှပ်စစ်မီးအခက် အခဲ၊ လမ်းပန်းဆက်သွယ်ရေး မကောင်းသည့် အခြေအနေများ ကြုံတွေ့နေရသည်ဟု ဆိုသည်။ ထို့အပြင် ကျူးကျော်ပြဿနာက လက်ရှိရန်ကုန်တိုင်း စက်မှုဇုန် အများစုတွင် စိန်ခေါ်မှုဖြစ်နေ ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်တွင် စက်မှုမြေများ သာမက ဆန်စပါးအပါအ၀င်သီးနှံ သိုလှောင်ရုံများအတွက် အစိုးရ က မြေနေရာများ စွာဖော်ထုတ်ပေး ရန် လိုအပ်သည်ဟု စီးပွားရေးလုပ် ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။ ‘‘စက်မှုဇုန်မြေတို့၊ သိုလှောင်ရုံဆောက်ဖို့မြေတို့ကို ဈေးသက်သက်သာသာနဲ့ ရရင် တော့အဆင်ပြေတာပေါ့’’ ဟု ၎င်းကဆိုသည်။

ပုဂ္ဂလိက လုပ်ငန်းရှင်များအ နေဖြင့် ရန်ကုန်တွင် စက်မှုဇုန်များ ဖော်ထုတ်ရင်းနှီးမြှုပ်နှံလိုသော် လည်း လယ်ယာမြေကို အခြားအ သုံးပြုခွင့်မရှိသောကြောင့် လုပ် ငန်းလုပ်ကိုင်ရန် အခွင့်မသာဖြစ် နေကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

နိုင်ငံခြားစီးပွားရေးလုပ်ငန်း ရှင်များက မြန်မာနိုင်ငံတွင်စက်မှု ဇုန်အသစ်များ ထူထောင်အ ကောင်အထည်ဖော်ရန် အဆိုပြုမှု များရှိသည်ဟု မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြား သည်။

စက်မှုဇုန် ထူထောင်လိုသူ သည် မြေနေရာအတွက်သက်ဆိုင် ရာ တိုင်းအစိုးရနှင့် ညှိနှိုင်းသဘော တူညီချက်ရယူကာ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ ဖြည့်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်သို့ တင်ပြလျှောက်ထားနိုင် သည်ဟု ၎င်းကဆက်လက်ပြော ကြားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service