အာဆီယံ Smart Cities Network မှာ မြို့ပေါင်း ၂၆ မြို့ ပါဝင်စမ်းသပ်လုပ်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
5112 Views

အာဆီယံ Smart Cities Network မှာ မြို့ပေါင်း ၂၆ မြို့ ပါဝင်စမ်းသပ်လုပ်ဆောင်မည်

ASEAN Smart Cities Network နည်းပညာမြင့် မြို့များစီမံကိန်းကွန်ရက်မှာ ပါဝင်စမ်းသပ်လုပ်ဆောင်မယ့် အာဆီယံဆယ်နိုင်ငံက မြို့ပေါင်း ၂၆ မြို့ရဲ့ အမည်တွေကို အာဆီယံအဖွဲ့ကြီးက ထုတ်ပြန်လိုက်တယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။

အဆိုပါ Smart Cities Network ကွန်ရက်မှာ ပါဝင်စမ်းသပ်မယ့် မြို့တွေအမည်ကိုတော့ ယခုသီတင်းပတ်အတွင်းစင်ကာပူမှာ ပြုလုပ်တဲ့ ၃၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံက ကြီးမှူး လုပ်ဆောင်တဲ့ အဆိုပါ အစီအစဉ်အရ ASEAN Smart Cities Network ကွန်ရက်ကိုဆိုရင် အာဆီယံ နိုင်ငံတစ်နိုင်ငံချင်းစီက အများဆုံး မြို့ကြီး သုံးမြို့အထိ ပါဝင် ပူးပေါင်းထားတဲ့ ပလက်ဖောင်းတစ်ခု အဖြစ်ဖော်ဆောင်မှာဖြစ်ပါတယ်။

ယင်း မြို့တွေနဲ့အတူ နည်းပညာမြင့်၊ ရေရှည် တည်တံ့နိုင်တဲ့ အဆင့်မြင့် မြို့ပြတွေဖော်ဆောင်မှု ဘုံရည်မှန်းချက်ပန်းတိုင်ကို ဖော်ဆောင်သွားကြမှာဖြစ်ပါတယ်။

ယခု ထုတ်ဖော်လိုက်တဲ့ မြို့ပေါင်း ၂၆ မြို့မှာ ဆိုရင် စင်ကာပူ၊ ဂျဟိုး ဘားရူး၊ ဖူးခက်၊ ရန်ကုန်၊ ဖနွမ်ပင်နဲ့ ဗီယန်ကျင်းတို့လို အထင်ကရ မြို့ကြီးတွေ ပါဝင်နေလျက်ရှိပါတယ်။

ယခုလိုကွန်ရက်ဖော်ဆောင်ရာမှာတော့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ အဖြစ် အရှိန်ပြင်းစွာ ပြောင်းလဲနေသည့်မြို့ပြဖွံ့ဖြိုးမှု၊ မြို့တွင်း ထူထပ်ကျပ်သိပ်မှု၊ ရေနဲ့ လေထု အရည်အသွေး စတာတွေ ရှိနေပေမယ့် နည်းပညာနဲ့ ဒစ်ဂျစ်တယ် ဖြေရှင်းမှု နည်းလမ်းတွေနဲ့အတူ ယင်းတို့ကိုဖြေရှင်းသွားနိုင်မှာဖြစ်ကြောင်း အာဆီယံအဖွဲ့ကြီးကပြောသွားပါတယ်။

ယခု ASEAN Smart Cities Network ကတော့ လက်ရှိ အားထုတ်ကြိုးပမ်းမှုတွေကို ခွန်အားဖြည့်ပေးနိုင်ပြီး smart cities တွေကို တစ်စုတစ်စည်းတည်း ဖြစ်စေကာ ယင်းကနေတဆင့် ASEAN Community-building ကိုဖြစ်စေမယ်လို့ သိရပါတယ်။

Credit: CNA

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service