အမေရိကန်အောက်လွှတ်တော်အမတ် ၁၀၀ ခန့် အိမ်ငှားခမတတ်နိုင်သောကြောင့် ရုံးခန်းများတွင် အိပ်စက်ကြရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
4540 Views

အမေရိကန်အောက်လွှတ်တော်အမတ် ၁၀၀ ခန့် အိမ်ငှားခမတတ်နိုင်သောကြောင့် ရုံးခန်းများတွင် အိပ်စက်ကြရလျက်ရှိ

အမေရိကန် ကွန်ဂရက် (အောက်လွှတ်တော် ) အမတ် ၁၀၀ ခန့်သည် အိမ်ငှားခမတတ်နိုင်သောကြောင့် လွှတ်တော်တွင်းရှိ ရုံးခန်းများ တွင် အိပ်စက်ကြရ လျက်ရှိပြီး ၎င်းတို့တွင် ထိုသို့အိပ်စက်ခွင့်ရှိကြောင်း ချေပလျက်ရှိသည်ဟု အမေရိကန်အခြေစိုက် အိမ်ခြံမြေ ဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

လွှတ်တော်အမတ်တို့၏ လစာများ မြင့်တက်မှုမရှိသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဝါရှင်တန်၏ လူနေမှုစရိတ်မှာမူ နေ့စဉ်နှင့်အမျှ မြင့်တက်လာနေခြင်းကြောင့် ဥပဒေပြုလွှတ်တော်အမတ်တို့သည် ရုံးကို အိမ်အဖြစ် အသုံးပြုလာနေကြရခြင်း ဖြစ်လေ သည်။

လွှတ်တော်တွင်း ရုံးခန်းရှိ အခန်းကျဉ်းကလေးတွင် အိပ်စက်နေရသော လွှတ်တော်အမတ် ဒန် ဒိုနိုဗန်က “ဝါရှင်တန်ဟာ အရမ်းဈေးကြီးလွန်းတယ်” ဟု ပြောကြားသည်။
“ဝါရှင်တန်ဒီစီမှာ အိမ်ငှားပြီး၊ ဝယ်ပြီးသာ နေရမယ်ဆိုရင် သန်းကြွယ်သူဌေးတွေပဲ ကွန်ဂရက်အမတ်တွေ ဖြစ်ခွင့်ရတော့မှာပါ။ ဒါက တိုင်းပြည်ထူထောင်ခဲ့တဲ့ဖခင်တွေရဲ့ လိုလားချက်ဖြစ်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အပြင် ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ နေထိုင်ပုံမဟုတ်တာကြောင့် ကျွန်တော်တို့က ဒီအပေါ်မှာ နှစ်မြို့နေတာတော့ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့ လွှတ်တော်အမတ်များ ရုံးခန်းများတွင် အိပ်စက်နေကြခြင်းမှာ ပြည်တွင်းအကောက်ခွန်ဥပဒေ၊ လွှတ်တော်ကျင့်ဝတ် စည်းမျဉ်း များနှင့် ဆန့်ကျင်နေသည်ဟုဆိုကာ ယခုအခါတွင် တားမြစ်ပိတ်ပင်မည့် ဥပဒေတစ်ရကို ရေးဆွဲပြီးခဲ့ပြီဖြစ်ပြီး ယခုလအတွင်းတွင်ပင် လွှတ်တော်တွင်တင်ပြကာ အတည်ပြုရန်လည်း ရှိနေသည်။
အဆိုပါဥပဒေရေးဆွဲရာတွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် လွှတ်တော်အမတ် ဘန်နီ သွမ်ပ်ဆင်က ပြောကြားရာတွင် ရုံးတွင်အိပ်စက်ခြင်းမှာ ကျန်းမာရေးနှင့် မညီညွှတ်သည့်အပြင် စက်ဆုပ်ဖွယ်လည်းကောင်းကြောင်း ပြောကြားသည်။

နယူးယောက်တွင် ပြည်နယ်ဥပဒေပြုအမတ်များသည် နယူးယောက်မြို့တွင် နေထိုင်စဉ် တစ်နေ့တာအသုံးစရိတ် ၁၇၅ ဒေါ်လာ ရရှိ၏။

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆာကရာမန်တိုတွင် တစ်ရက်လျှင် ၁၈၃ ဒေါ်လာရရှိပြီး တက္ကဆပ်ပြည်နယ်၊ သြစတင်မြို့တွင် ၁၉၀ ဒေါ်လာရရှိသည်။

အောက်လွှတ်တော်အမတ်တို့ကမူ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၇၄၀၀၀ ရရှိပြီး လစာမတိုးသည်မှာ ဆယ်စုနှစ်တစ်ခုတာ ရှိခဲ့ပြီဖြစ်သည်။

နေအိမ်ခန်းငှားရမ်းခများမှာ အိပ်ခန်းတစ်ခန်းပါ အခန်းကို တစ်လလျှင် ဒေါ်လာ ၂၀၀၀ ခန့် အနည်းဆုံးပေးရကာ ၎င်းတို့၏ မူလနေအိမ်၏ အထွေထွေအခွန်အခစရိတ်များလည်း ကုန်ကျရသေးသည်။

လွှတ်တော်ရှိ ရုံးခန်းများကို အိပ်စက်ရန်အသုံးပြုနေရသည့် အမတ်ဦးရေမည်မျှရှိသည်ဟူသည့် တရားဝင်ကိန်းဂဏန်းများမရှိသော်လည်း အမတ်များနှင့် တွေ့ဆုံမေးမြန်းသည့် အင်တာဗျူးများအရ ၁၀၀ ဦးဝန်းကျင်ရှိရာ လွှတ်တော်၏ ၅ ပုံတစ်ပုံကျော်သည့် ပမာဏပင် ဖြစ်သည်။

ရုံးခန်းများတွင် အိပ်စက်လျက်ရှိသူများတွင် အောက်လွှတ်တော်ဥက္ကဌ ပေါလ်ရိုင်ယန် (ရီပတ်ဘလီကန်အမတ်-ဝစ္စကွန်ဆင်ပြည်နယ်)၊ လူများစု အုပ်စုခေါင်းဆောင် ကီဗင် မက္ကာသီ (ရီပတ်ဘလီကန်-ကယ်လီဖိုးနီးယား)တို့ပင် ပါဝင်နေသည်။

အချို့အမတ်များကမူ အခန်းငှားရန်အတွက် ငွေကြေးမတတ်နိုင်ခြင်းကြောင့်မဟုတ်ဘဲ လုပ်ငန်းပိုမိုအဆင်ပြေချောမွေ့သောကြောင့် ရုံးခန်းတွင် အိပ်စက်ကြခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော့်ရဲ့ ကြွယ်ဝချမ်းသာမှု အခြေအနေကို ခင်ဗျားတို့ google မှာ ရိုက်ရှာလို့ရပါတယ်။ ရုံးမှာ အိပ်နေတာ အိမ်ငှားခငွေကြောင့် မဟုတ်ပါဘူး။ ဒါက ကျွန်တော့်အတွက် လုပ်ငန်းပိုထိရောက်မှုရှိလို့ပါ” ဟု တောင်ကယ်ရိုလိုင်းနားပြည်နယ်မှ ရီပတ်ဘလီကန်အမတ် မာ့ခ် ဆန်းဖို့ဒ်က ပြောကြားသည်။

သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂ ဒသမ ၆ သန်းခန့်ဖြစ်သည်ဟု ခန့်မှန်းရသည်။

အမျိုးသမီးအမတ်အချို့ကမူ ရုံးခန်းတွင် အိပ်စက်ခြင်းမှာ ကျန်းမာရေးနှင့် မညီသည့်အပြင် ကျင့်ဝတ်လည်း ဖောက်ဖျက်နေကြောင်း ယူဆကြသည်။

“ကိုယ့်ကိုယ်ကို အမတ်တစ်ဦးရဲ့ ဝန်ထမ်းလို့ တွေးကြည့်ပါ။ မနက်မှာ ရုံးတက်ဖို့ တံခါးသွားခေါက်မယ်၊ သူတို့ရဲ့ ဆရာသမားက အောက်ခံဘောင်းဘီနဲ့ ဖြစ်နေမလား မသိနိုင်ဘူး။ ဒီလိုအခြေအနေက ကိုယ်ရထားတဲ့ အဆင့်အတန်းနဲ့ လိုက်ဖက်မှု မရှိပါဘူး” ဟု ကယ်လီဖိုးနီးယားပြည်နယ်မှ ဒီမိုကရက်ပါတီအမတ်တစ်ဦးဖြစ်သူ ဂျက်ကီ စပီးယားက ပြောကြားသည်။

ယခုအခါ အသုံးမပြုသည့် အခန်းလွတ်နေရာများကို အောက်လွှတ်တော်အမတ်များအတွက် နေထိုင်ရာအဖြစ် ပြောင်းလဲပေးရန် အစိုးရကို တင်ပြရေး စီစဉ်လျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်အောက်လွှတ်တော်အမတ် ၁၀၀ ခန့် အိမ်ငှားခမတတ်နိုင်သောကြောင့် ရုံးခန်းများတွင် အိပ်စက်ကြရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်အောက်လွှတ်တော်အမတ် ၁၀၀ ခန့် အိမ်ငှားခမတတ်နိုင်သောကြောင့် ရုံးခန်းများတွင် အိပ်စက်ကြရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service