ထိုင်ရာကနေ ထနိုင်ဖို့ ဘဏ်တိုးနှုန်းကိုပြင်ကြစို့ - Property News in Myanmar from iMyanmarHouse.com
41413 Views

ထိုင်ရာကနေ ထနိုင်ဖို့ ဘဏ်တိုးနှုန်းကိုပြင်ကြစို့

မြန်မာ့စီးပွားရေးမှာ Infla-tion ကျနေချိန်၊ နိုင်ငံရဲ့ macro စီးပွားရေးကဏ္ဍကို အစိုးရသစ် လက်ထက်မှာ စနစ်တကျ ပုံဖော်နေချိန် နိုင်ငံစီးပွားရေးရဲ့ မောင်းနှင်အားအဓိက လက်တံတစ်ခုဖြစ်တဲ့ ဘဏ်တိုးနှုန်းက မူမမှန်သေးတာတွေ့ရတဲ့အတွက် ချစ်ထုံး တစ်ယောက် ဒီဆောင်းပါးကိုရေးပါတယ်။

အမှန်တကယ်တမ်းဆိုရင် ဘဏ် တိုးနှုန်းဆိုတာသူ့နိုင်ငံရဲ့ စီးပွားရေး အခြေအနေကို ပြောပြနေတဲ့ Factor တစ်ခုဆိုရင်လည်း မမှားပါဘူး။ လက်ရှိ မြန်မာနိုင်ငံမှာကျင့်သုံးနေတဲ့ (၁၃) ရာခိုင် နှုန်းဆိုတာ ကာလတိုနဲ့ လည်ပတ်နေတဲ့ ကုန်ရောင်းကုန်ဝယ် ကုန်သွယ်နေသူတွေ အတွက်တော့ သိပ်ပြဿနာမရှိပေမယ့် ကာလရှည် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေအတွက်တော့ အခုလို မြန်မာ့ စီးပွားရေး ရပ်တန့်နေချိန်မှာ ရေနစ်သူကို ၀ါးကူထိုးနေသလို ဖြစ်စေတဲ့ ဘဏ်တိုး နှုန်းဖြစ်နေပါတယ်။

နိုင်ငံ့စီးပွားရေး တိုးတက်လာ ရန်အတွက် ပြည်ပမှ သွင်းကုန်လုပ်ငန်း များ လျော့ချနိုင်ရန် ပြည်တွင်းရှိ SMEs အုပ်စုဝင်လုပ်ငန်းများ အားကောင်းမောင်း သန်ဖြစ်ဖို့ လိုပါတယ်။ ပြည်တွင်း SMEs အုပ်စုဝင်လုပ်ငန်းများ အားကောင်းမောင်း သန်ဖြစ်နိုင်ရန် အဓိကလိုအပ်ချက်မှာ ငွေကြေးအရင်းအနှီးဖြစ်တာလည်း အား လုံးအသိပါ။ ဒီအရင်းအနှီးကို လက်ရှိ အချိန်မှာ ထုတ်ပေးနိုင်သူများမှလည်း ပြည်တွင်းဘဏ်လုပ်ငန်းများပင် ဖြစ်ပါ တယ်။ ဘဏ်တိုးနှုန်းများအနေနဲ့ တရုတ် နိုင်ငံတွင် အတိုး ၄ ရာခိုင်နှုန်း၊ ဂျပန်နိုင် ငံတွင် ၁.၅ ရာခိုင်နှုန်းများဖြင့် ထုတ်ချေး ပေးနေချိန်တွင် ဖုန်းဆိုးမြေပမာယိုယွင်း နေသည့် မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်း များနဲ့ အခြားစီးပွားရေးလုပ်ငန်းများ အတွက် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကို အပေါင် ပစ္စည်းထား၍ ချေးယူလုပ်ကိုင် ကြရတာကတော့ တကယ့်ကို ဘေးကျပ် နံကျပ် အခြေအနေဖြစ်နေပါတယ်။

မြန်မာကျပ်ငွေ (၁၀)ဘီလီယံ လောက် ရင်းနှီးလုပ်ကိုင်ရတဲ့ ကာလရှည် လုပ်ရတဲ့လုပ်ငန်းမျိုးဟာ တစ်နှစ်ကို (၁ ဒသမ ၃) ဘီလီယံ အတိုးနှုန်းပေးနေရပြီး သုံးနှစ်ဆိုရင်တော့ သူ့ရဲ့ အရင်းအနှီးဟာ (၁၄)ဘီလီယံလောက်ဖြစ်သွားပြီး ခြောက် နှစ်လောက်ဆိုရင်တော့ သူ့ရဲ့ မူလပထမ ရင်းနှီးငွေရဲ့ (၂)ဆနီးပါးဖြစ်လာပါတယ်။ ဒါဟာ ဖွံ့ဖြိုးဆဲနိုင်ငံက မြန်မာနိုင်ငံသား လုပ်ငန်းရှင်တစ်ယောက်အတွက် လုပ်သာ ကိုင်သာလုံးဝမရှိတဲ့ အနေအထားပါ။ နိုင်ငံစီးပွားရေး မူမှန်နေလို့ သူ့ရဲ့လုပ်ငန်း က ရှာဖွေနိုင်တဲ့ အကျိုးအမြတ်ဟာ အဲဒီ ဘဏ်တိုးနှုန်းကို ပေးချေနိုင်ပေမယ့် နိုင်ငံ စီးပွားရေး ရပ်တန့်နေချိန်မှာ Risk Factor တွေကြောင့် ဒီဘဏ်တိုးနှုန်းတောင် ပေး နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့ အနေ အထားကို ရောက်သွားစေပါတယ်။

နောက်တစ်ချက်ကလည်း နိုင်ငံ တကာ စံနှုန်းတွေအရဆို ရင်းနှီးမြှုပ်နှံ မှု ပိုင်ဆိုင်မှုတန်ဖိုးဆိုတာ တစ်နှစ်ကို (၅) ရာခိုင်နှုန်းနဲ့ လျော့ကျနေတာဖြစ်ပြီး ခြောက်နှစ်ဆို (၃၀) ရာခိုင်နှုန်းဖြစ်နေတာ ကြောင့် ဘဏ်တွေအနေနဲ့လည်း စီးပွား ရေးလုပ်ငန်းရှင်တွေ လုပ်သာကိုင်သာ မဖြစ်လို့ အကျပ်အတည်းတွေ့ခဲ့ရင် သူတို့ အတွက်လည်း Risk ကြီးပါတယ်။

အခုရပ်တန့်နေတဲ့ မြန်မာ့စီးပွား ရေးကိုပြန်ဆွဲတင်ဖို့ကြိုးစားတဲ့အခါ စီးပွား ရေးလုပ်ငန်းတွေထဲကို အတိုးနှုန်း သက်သာ တဲ့ငွေတွေ ထည့်ပေးဖို့ ကလည်း အရေး ကြီးတဲ့ အချက်တစ်ခုပါ။ ဒီလိုအတိုးနှုန်း သက်သာတဲ့ ချေးငွေကို ပေးနိုင်ဖို့အတွက် ဘာတွေလိုမလဲဆိုတာက ဒီကိစ္စအတွက် အရေးအကြီးဆုံး အဖြေတစ်ခုပါ။ လက်ရှိ ပြည်တွင်းဘဏ်တွေကပဲ ဘဏ်တိုးနှုန်း လျှော့ချပြီးပေးမလား၊ ဒါမှမဟုတ် အတိုး နှုန်းသက်သာတဲ့ နိုင်ငံခြားဘဏ်တွေကို ငွေချေးငှားခွင့်ပြုမလားဆိုတဲ့ အချက်ပေါ် မူတည်ပြီး စဉ်းစားရမှာပါ။ သေချာတာ ကတော့ ပြည်တွင်းဘဏ်တွေက ချေးမယ် ဆိုရင် လက်ရှိတင်းခံထားတဲ့ ဘဏ်တိုး နှုန်းကို အရင်လျှော့ချပေးဖို့ လိုပါတယ်။ ဘဏ်တွေဘက်ကပြောသလို ဘဏ်တိုး နှုန်းကိုသာ လျှော့ချလိုက်ရင် ဘဏ်မှာ ပိုက်ဆံအပ်ပြီး အတိုးနဲ့စားနေရတဲ့ ပင်စင် စားတွေ ဒုက်္ခရောက်ကုန်မယ်ဆိုတဲ့ အ ကြောင်းပြချက်ကတော့ “ကြက်ဥက အရင် လား၊ ကြက်မက အရင်လား”ဆိုတဲ့အတိုင်း ပါပဲ။ အမှန်တော့ ဘဏ်တွေမှာ ပိုက်ဆံ အပ်သူတွေ ၊ ဘဏ်မှာလာအပ်တဲ့ အပ်ငွေ ပမာဏကို ကြည့်ရင် ပင်စင်စားအပ်ငွေ ဆိုတာ ရာခိုင်နှုန်း အနည်းငယ်သာရှိတာ ပါ။ ဘဏ်တိုးနှုန်းလျှော့လိုက်လို့ သူတို့ တွေ အခက်အခဲဖြစ်မယ်ဆိုတာကလည်း လက်ရှိ မြန်မာနိုင်ငံမှာ ဘဏ်ကနေပေးတဲ့ အတိုးနှုန်းထက်သာတဲ့ ရင်းနှီး မြှုပ်နှံစရာ နေရာတွေ နည်းနေသေးလို့ပါ။ တကယ်သာ ဘဏ်တိုးနှုန်းလျှော့ခဲ့မယ်ဆိုရင် လုပ်ငန်း တွေ ပိုမိုကောင်းမွန်လာပြီး ပင်စင်စားတွေ အတွက် ဘဏ်တိုးရတာထက် ပိုကောင်းတဲ့ ရင်းနှီးမြှုပ်နှံစရာနေရာတွေ အများကြီး အများကြီး ပေါ်ပေါက်လာမှာပါ။ ချစ်ထုံး ရဲ့ အဖေကိုယ်တိုင် သူရတဲ့ပင်စင်လုပ် သက်ခံစားခွင့်နဲ့ ဘဏ်အပ်ပြီး ထမင်းစား လို့ မရဘူးဆိုတာ သက်သေပါပဲ။

ဒီနေရာမှာ ပြည်တွင်းပုဂ်္ဂလိက ဘဏ်များအနေဖြင့်” အတိုးနှုန်း လျော့ချ လိုက်လျှင် အပ်ငွေ Saving နည်းသွား မည်” “အပ်ငွေနည်းသွားလျှင် ဘဏ်လုပ် ငန်းများ ရပ်ဆိုင်းသွားနိုင်သည်” ဟု ဆိုပြီး ပြန်ပြောလာနိုင်ပါတယ်။ အပ်ငွေတစ်ခု တည်းအပေါ်သာ မှီခိုလည်ပတ်နေရတဲ့ ဘဏ်များအပေါ်မှာ အားကိုး၍ မရတော့ ရင် အပ်ငွေကို အဓိကမထားဘဲ အတိုး နှုန်းနည်းသည့်ချေးငွေနဲ့ လည်ပတ်လုပ် ကိုင်နေသော ကမ္ဘာပတ်နေတဲ့ နိုင်ငံခြား ဘဏ်များကို အားကိုးရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံခြားမှ Mega Bank များ ပြည်တွင်းသို့လာရောက် လုပ်ကိုင်မည်ဆိုပါက ရှိပြီးသားပုဂ္ဂလိက ဘဏ်လေးများ ပြိုလဲသွားမည်ကို စိုးရိမ်ခဲ့ တာကြောင့် ယခင်အချိန်ကဆိုလျှင် ပြည် တွင်း ပုဂ်္ဂလိကဘဏ်များကို အကာအကွယ် ပေးခဲ့တဲ့ အစီအမံများပင် ပြုလုပ်ခဲ့ကြပါ တယ်။ အဲဒီအချိန်က တာဝန်ရှိသူများ ကလည်း ဘဏ်လုပ်ငန်းပြိုလျှင် မြန်မာ့ စီးပွားရေးပါ ပြိုလဲသွားမည်ကိုစိုးတာ ကြောင့် ပြည်တွင်း Mega Bank များကို ကျော ထောက်နောက်ခံ ပေးခဲ့ကြပါတယ်။ ဒီ နေရာမှာ နိုင်ငံခြားဘဏ်များ မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံပါက လက်ရှိပုဂ္ဂလိကဘဏ်များ ပြိုလဲသွားနိုင် ခြေရှိမရှိကို ပြန်လည်ဆန်းစစ်ရန် လိုအပ် လာပါတယ်။Mega Bank အဆင့်ရှိ ဘဏ်ကြီးများ ပြည်တွင်းသို့ ၀င်ရောက် လာပါက ပုဂ္ဂလိကဘဏ်အငယ်များ အနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမည်မဟုတ် သည်မှာလည်း သေချာပါတယ်။ သို့သော် သူတို့ လုပ်ငန်းများဆက်လက် ရပ်တည် လည်ပတ်နိုင်ရန်အတွက်ကိုမူ လိုအပ် သော လုပ်ဆောင်မှုများကို လုပ်ဆောင်ရ မည်သာဖြစ်ပါတယ်။ ဥပမာဆိုရလျှင် ဘဏ်သေးများပေါင်း၍ Mega Bank အဆင့် တိုးမြှင့်ခြင်းပုံစံမျိုးဖြင့်ယှဉ်ပြိုင် ခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ထိုသို့ ဘဏ်အချင်းချင်း၊ မျိုးတူစီးပွားရေး လုပ်ငန်းအချင်းချင်း ပူးပေါင်းလုပ်ဆောင် ကြတဲ့ ဥပမာများလည်း များစွာရှိနေသည် ကိုတွေ့နိုင်ပါတယ်။ ထိုသို့မှမပူးပေါင်း နိုင်ပါကလည်း ငွေရေးကြေးရေးကဏ္ဍ မှာရှိတဲ့ အခြားလုပ်ငန်းများကို နိုင်နိုင် နင်းနင်း လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ ပြောရလျှင် ခရက်ဒစ်ကတ်လုပ်ငန်းမျိုး ဖြစ်ပါတယ်။

အခုကြားရတဲ့ သတင်းတွေ အရ မြန်မာဘဏ်များအနေ ဘဏ်တစ်ခု ချင်းစီကို တန်ဖိုးဖြတ် သတ်မှတ်နေပြီလို့ လည်း ကြားသိရပါတယ်။ ဒီအချိန်မှာ တောင် ကိုယ့်ပြည်တွင်းဘဏ်အချင်းချင်း မပူးပေါင်းလိုပဲ နိုင်ငံခြားဘဏ်တွေနဲ့သာ ပူးပေါင်းလိုတဲ့အသံတွေ ကြားရတဲ့အတွက် လည်း အတော့်ကို အံ့အားသင့်ရပါတယ်။ ဒီလိုသာ ပူးပေါင်းကြမယ်ဆိုရင် တစ်ခု စိတ်ပူမိတာက နိုင်ငံခြားဘဏ်တွေပါ မြန်မာဘဏ်တွေဆီက အကျင့်ဆိုးကူး သွားမှာကိုပါပဲ။

နောက်တစ်ခုက မြန်မာလုပ်ငန်း ရှင်တွေအနေနဲ့ ပြည်တွင်းက မြန်မာဘဏ် တွေကနေ ငွေချေးရတာမလွယ်ကူတော့ လို့ နိုင်ငံခြားဘဏ်တွေကနေ ငွေချေးရ တဲ့အခါမှာလည်း လွတ်လွတ် လပ်လပ် မချေးနိုင်ဘဲ ဗဟိုဘဏ်၊ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေကို ကြားခံထားပြီ Two Step Loan ပုံစံနဲ့ ချေးနေရတဲ့ကိစ္စပါပဲ ။ မူရင်း အတိုး (၆) ရာခိုင်နှုန်းကို ကြားခံနဲ့ ချေးရ လို့ (၈) ရာခိုင်နှုန်းပေးရတဲ့အပြင် Risk Factor တွေလည်း များလွန်းပါတယ်။

ဥပမာ ဆိုရရင် ချေးငွေရယူ စဉ်က ဒေါ်လာဈေးနဲ့ အတိုးပေးချိန်၊ ချေးငွေ ပြန်ဆပ်ချိန်တွေမှာဖြစ်ပေါ်လာ တဲ့ ဒေါ်လာဈေးအတက်ကြောင့် မြန်မာ လုပ်ငန်းရှင်တွေ ကြီးကြီးမားမားနစ်နာမှု တွေကလည်း အထူးသတိပြုစရာပါ။

ဒီဘဏ်တိုးနှုန်းကြောင့် မြန်မာ့ စီးပွားရေးမှာ ဘယ်လောက်အထိ သက် ရောက်မှုရှိသလဲဆိုရင် အခြေခံ လက်လီ ရောင်းဝယ်မှုတွေအထိ ထိခိုက်နေပါ တယ်။ နိုင်ငံတကာမှာလို ခရက်ဒစ်ကတ် စနစ် ကျင့်သုံးနေပေမယ့်လည်း ဒီအတိုး နှုန်းကြောင့် မအောင်မြင်ပါဘူး။ အလုပ်ရှိ တဲ့သူတိုင်း ကိုယ်လိုတဲ့ ပစ္စည်းကို ကိုယ်လို တဲ့အချိန်မှာ ကိုယ့်ဝင်ငွေနဲ့ ချင့်ချိန်ပြီး ၀ယ်နိုင်မယ့် အကြွေးဝယ်ကတ်စနစ်မျိုး ဟာ ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့စနစ် တစ်ခုပါ။ ဒီလို စနစ်ကြောင့်လည်း လူတွေ ဟာ လုပ်ခလစာရချိန်ကို စောင့်စရာမလို ပဲ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ ပစ္စည်း ကို ၀ယ်ယူခွင့်ရှိသလို ရောင်းချသူတွေ အနေနဲ့လည်း စဉ်ဆက်မပြတ်ရောင်းချနေ ရတဲ့အတွက် လုပ်ငန်းလည်ပတ်နေတဲ့ အတွက် ဈေးကွက်က အမြဲရှင်သန် လည် ပတ်နေစေတာပါ။ ဒါက Micro ဈေးကွက် မှာသာမက Macro စီးပွားရေးလောက ကိုပါ အသုံးဝင်ငွေတာပါ။

အိမ်ရာတွေကို အကြွေးစနစ်နဲ့ ရောင်းတဲ့ နေရာမှာလည်း ဒီအတိုးနှုန်း ကြောင့်သာ အလုပ်ရှိတဲ့သူတိုင်း အိမ်ဝယ် နိုင်ဖို့အတွက် အခက်အခဲ ဖြစ်နေစေတာ ပါ။ အခုဆိုရင် မြန်မာနိုင်ငံမှာ အကြွေးစနစ် Mortgage System မျိုး၊ အရစ်ကျစနစ် မျိုးတွေနဲ့ အိမ်ခြံမြေတွေကို ရောင်းပေး နေပေမယ့် ၀ယ်ယူမှုတွေ နည်းပါးနေတာ လည်း ဒီစနစ် ၊ ဒီအတိုးနှုန်းတွေကြောင့် ပါပဲ။ ဘဏ်က ထုတ်ချေးပေးတဲ့ ပိုက်ဆံ ဟာ Deposit က ပိုက်ဆံမဟုတ်ပဲ သီးသန့ှ်Source of Funding နဲ့ လုပ်တာ မဟုတ် တဲ့ အတွက် စနစ်ကိုက စမှားနေတာဖြစ် ပါတယ်။ နောက် အတိုးနှုန်းကလည်း များ၊ သတ်မှတ်ကာလကလည်း နည်းနေ တာကြောင့် ဒီလို သြမအါေါန စနစ်နဲ့ ရောင်းတာတောင် အိမ်ခြံမြေတွေ အရောင်း အ၀ယ် မဖြစ်တာပါ။ သက်ဆိုင်ရာတွေ အနေနဲ့ အခုတောင် ချေးငွေ သက်တမ်း ကို ၁၀ နှစ် ၁၅ နှစ် ထားပေးနိုင်သေးတာ။ အမှန်ဆို အနှစ် (၃၀၊ ၄၀) ထားပေးသင့် ပါတယ်။ ဒီလိုသာ အတိုးနှုန်းနည်းမယ်၊ ချေးငွေသက်တမ်း နှစ်များမယ်ဆိုရင် ကျောင်းပြီးကာစ၊ လုပ်ငန်းခွင်ဝင်ကာစ လူငယ်တစ် ယောက်အနေနဲ့ အိမ်တစ်လုံး ကို သက်သောင့် သက်သာ ၀ယ်ယူနိုင်မယ့် အပြင် နှစ်ပေါင်းသုံးဆယ်ကြာလို့ အသက် (၅၀)ကျော် အရွယ်ရောက်ရင် အိမ်ပိုင်ဆိုင် မှုရှိတဲ့ အခြေအနေမျိုးဖြစ်စေမှာပါ။ အခု တော့ သာမန်ဝင်ထမ်းတွေအနေနဲ့ ဒီလို မ၀ယ်ယူနိုင်တဲ့အတွက် သာမန် အိမ်ငှား ဘ၀တွေနဲ့သာ ဘ၀ဆုံးရတော့မယ့် အခြေ အနေမျိုးဖြစ်နေပါတယ်။

ဒီနေရာမှာ သက်ဆိုင်ရာအနေနဲ့ စောဒကတက်စရာရှိလာပါတယ်။ “ချစ်ထုံး ရာ.. မင်းပြောနေတဲ့ လုပ်ငန်းရှင်တွေ ဆိုသူတွေဟာ အရင်ကလည်း ၁၃ ရာခိုင် နှုန်းအတိုးနဲ့ယူပြီး အောင်မြင်အောင်လုပ် ခဲ့တဲ့သူတွေပါကွာ အခုမှ ဘာလို့လာအော် နေကြတာလဲ” ဆိုပြီး ပြန်မေးလာနိုင်ပါ တယ်။ ဒီအတွက် အဖြေက ချစ်ထုံးမှာ အဆင်သင့်ရှိပါတယ်။ အဲဒီအဖြေကတော့ အရင်က ၁၃ ရာခိုင်နှုန်းအတိုးနဲ့ အလုပ် ဖြစ်ခဲ့တယ်ဆိုတာ အာဏာရှင်စနစ် ပုံ သဏ္ဌာန်မမှန်တဲ့ စီးပွားရေးပုံစံရှိတဲ့ အချိန် မှာ ဖြစ်ခဲ့တာပါ။ အစိုးရတာဝန်ရှိသူတွေ နဲ့ လက်ဝါးချင်းရိုက်ပြီး သိန်းတစ်သောင်း လောက်တန်တဲ့ Project ကို သိန်းသုံး ထောင်လောက်နဲ့ ရခဲ့သူတွေကတော့ (၁၃)ရာခိုင်နှုန်းလည်း အတိုးပေးနိုင်မှာ ပါပဲ။ နောက်တစ်ခုက နိုင်ငံစီးပွားရေး ကောင်းနေချိန်မှာလည်း ဒီအတိုးနှုန်းမျိုး ကိုပေးနိုင်ပြီး အလုပ်,လုပ်နိုင်ပါတယ်။ ဒါပေမယ့် အခုလို စီးပွားရေးကျပ်ပြီး တုန့်နှေးနေချိန်၊ သက်ဆိုင်ရာအစိုးရက လည်း စည်းနဲ့ စနစ်နဲ့သွားဖို့ ကြိုးစားနေ ချိန်မှာတော့ ဒီအတိုးနှုန်းဟာ အလုပ်မဖြစ် စေတဲ့ အတိုးနှုန်း ပြန်ဖြစ်နေတယ်လို့ပဲ ဖြေပါ့မယ်။

မြန်မာ့စီးပွားရေးဟာ အခုအချိန် မှာ တုန့်နှေးနေလို့ တစ်ချို့လုပ်ငန်းတွေဆို ရပ်ရတော့မယ့် အခြေအနေတောင်ဖြစ် နေလို့ ပြည်တွင်းက တိုင်းရင်းသားလုပ်ငန်း ရှင်တွေအနေနဲ့ ဘဏ်တိုးနှုန်းတွေအပြင် အခွန်နှုန်းထားတွေကိုပါ ဖြေလျှော့ပေးဖို့ မျှော်လင့်ခဲ့သလို အစိုးရအနေနဲ့လည်း ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အ ကောက် ဥပဒေကြမ်းကိုရေးဆွဲပြီး လွှတ် တော်ကိုတင်ပြီး လာမယ့် ဧပြီ (၁) ရက်နေ့ ကနေစပြီး စတင်ကျင့်သုံးဖို့ ကြိုးစားခဲ့ တာကို တွေ့ခဲ့ရပါတယ်။ လွှတ်တော်အစည်း ဝေးမှာ အခြေအတင်ဆွေးနွေးခဲ့ပြီးတဲ့ အပြင် သီးသန့် ညှိနှိုင်း အစည်းအဝေး အဖြစ် မတ်လ (၁၅)ရက်နေ့ နံနက် ၁၀ နာရီမှာ ဒီဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စား လှယ်များ၊ လွှတ်တော်မှ သက်ဆိုင်ရာ ရေးရာကော်မတီများ၊ ဗဟိုဘဏ်က တာဝန်ရှိသူများအပြင် နိုင်ငံတကာက စီးပွားရေး ပညာရှင်လို့ခေါ်တဲ Dr. Sean Turnell နဲ့ Dr. Robert Conrad တို့ပါ ဆွေးနွေးခဲ့ပြီး အဲဒီနေ့ နေ့လည် ၁ နာရီမှာ ပဲ ပထမအစည်းအဝေးမှာ ပါဝင်တဲ့သူ တွေထဲကမှ နိုင်ငံခြားသားပညာရှင်ဆိုသူ နှစ်ယောက်မပါပဲ ကျန်တဲ့သူတွေအားလုံး ပါဝင်ပြီး ဥပဒေရေးရာနှင့် အထူးကိစ်္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊သက်ဆိုင်ရာ ၀န်ကြီးဌာနများ မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ တာဝန်ရှိသူများအပြင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်မှ လုပ်ငန်းရှင်များပါဝင် တဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ ညှိနှိုင်းအစည်းအဝေးကို ထပ်မံ ပြုလုပ်ခဲ့ ပါတယ်။ ဒီလို အစည်းအဝေးတွေရဲ့ရလဒ် ကတော့ လက်ရှိအခြေအနေမှာ အခွန်ဖြေ လျှော့ဖို့ မရှိတော့ကြောင်းသာ ဖြစ်ခဲ့ပါ တယ်။ ဒီနေရာမှာ ချစ်ထုံးအနေနဲ့ မေး ခွန်းနှစ်ခု မေးချင်ပါတယ်။

ပထမတစ်ခုက မူလဥပဒေ အတိုင်းပဲ ၀င်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေကို အခွန် (၃၀)ရာခိုင်နှုန်းကောက်မယ် ဆိုရင် တရားမ၀င်လုပ်ငန်းတွေက ရတဲ့ ငွေတွေ၊ ဘိန်းဖြူ မူးယစ်ဆေး ထုတ်လုပ် ရောင်းချမှုက ရတဲ့ငွေတွေ စတာ စတာ တွေက ငွေတွေကိုရော (၃၀)ရာခိုင်နှုန်း အခွန်ပေးနိုင်တာနဲ့ ငွေဖြူအဖြစ် တရားဝင်သတ်မှတ်ပေး နိုင်တာ နိုင်ငံ တော်နဲ့ ပြည်သူအပေါ် သစ္စာမဲ့ရာရောက် မရောက်။

နောက်ဒုတိယတစ်ခုက ပြည်ထောင်စု အစိုးရက တင်သွင်းတဲ့ ဥပဒေ ကြမ်းဟာ ပြည်ထောင်စုအစိုးရက သတ်မှတ် ထားတဲ့ နိုင်ငံတကာ ပညာရှင်တွေ ပါဝင် တဲ့ ညှိနှိုင်းအစည်းအဝေးလုပ်ပြီး ရပ်ဆိုင်း ခဲ့ရတဲ့ အခြေအနေမှာ အကယ်၍ တိုင်း ပြည်သာ စီးပွားပျက် ကပ်ဆိုးနဲ့ ကြုံလာ မယ်ဆိုရင် ဒီလို ရပ်ဆိုင်းဖို့ အကြံပေးခဲ့ သူတွေ ဘယ်လိုတာဝန်ယူမလဲ ဆိုတာပါပဲ။

ဒါ့ကြောင့် အစိုးရ၊ လွှတ်တော်၊ ဗဟိုဘဏ်တို့ ပူးပေါင်းပြီး တိုင်းပြည်စီးပွား ရေးအတွက် အရေးကြီးဆုံးအချိန် မြန်မာ့ စီးပွားရေး ထိုင်းမှိုင်းနေချိန်မှာ ပြန်လည် ရှင်သန် ထထိုင်နိုင်ဖို့အတွက် ပြည်သူကို မျက်နှာမူပြီး အခွန်ကိစ်္စကို နမူနာယူပြီး ဒီဘဏ်တိုးနှုန်းကိစ်္စကို အမြန်ဆုံး ပြုပြင် ပေးချိန်တန်ရောက်နေပြီလို့ လေးလေး စားစား အကြံပြုချင်ပါတယ်။ ပို၍ အကြံပြု လိုသည်မှာလည်း ဒီကိစ်္စကလည်း အချိန် အများကြီးယူပြီး စဉ်းစားနေရမယ့်အကြောင်း အရာ မဟုတ်ကြောင်းကိုလည်း ထပ်လောင်း အကြံပြုရင်း....။ ၊

ကိုချစ်ထုံး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service