ဟောင်ကောင် developer က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာပင်လယ်ကွေ့ရှိ ပရာနက်မြို့တွင် ကာစီနိုအပန်းဖြေစခန်းကြီးတစ်ခု တည်ဆောက်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
3938 Views

ဟောင်ကောင် developer က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာပင်လယ်ကွေ့ရှိ ပရာနက်မြို့တွင် ကာစီနိုအပန်းဖြေစခန်းကြီးတစ်ခု တည်ဆောက်ရန် စီစဉ်

ဟောင်ကောင် အခြေစိုက် အပန်းဖြေစခန်းများ ဆောက်လုပ်သော developer က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာပင်လယ်ကွေ့ရှိ ပရာနက် မြို့တွင် ကာစီနိုအပန်းဖြေစခန်းကြီးတစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

Landing International Development Ltd က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ကြေညာထားရာ၌ ပရာနက်ခ်မြို့တွင် အပန်းဖြေစခန်းနှင့် ကာစီနိုဝိုင်းတစ်ခု ဖွင့်လှစ်ရန် လျှောက်ထားမှုကို ပရာနက်ခ်မြို့တော်ကောင်စီက ခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည်။

ဖိလစ်ပိုင်အခြေစိုက် ကုမ္ပဏီခွဲဖြစ်သော of Landing Resorts Philippines Development Corp မှ တစ်ဆင့်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး Landing International က ရာနှုန်းပြည့်ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

“ဒီအပန်းဖြေစခန်းနဲ့ ကာစီနိုကို မြေအကျယ်အဝန်း ၉၅၇၀၀ စတုရန်းမီတာပေါ်မှာ ဆောက်လုပ်သွားမှာ ဖြစ်ပြီး ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၅၀၀၀၀၀ ခန့်ရှိမှာ ဖြစ်ပါတယ်။

အပန်းဖြေစခန်းထဲမှာ ကာစီနိုကစားဝိုင်းတစ်ခု၊ ဖိလစ်ပိုင်ယဉ်ကျေးမှု ပန်းခြံ၊ indoor ရေပေါ်ပန်းခြံ၊ indoor ရုပ်ရှင်အခြေပြု ပန်းခြံ၊ ကွန်ဗန်းရှင်းစင်တာတစ်ခု၊ ဇိမ်ခံဟိုတယ်တစ်ခု၊ လက်လီအရောင်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ၊ အခြားကူးသန်းရောင်းဝယ်ရေးနဲ့ ဖျော်ဖြေရေးအဆောက်အအုံတွေ ပါဝင်လိမ့်မှာ ဖြစ်ပါတယ်” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်ကမူ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကာစီနိုဝိုင်းများ အလွန်အကျွံ များပြားမလာစေရန် ရည်ရွယ်ကာ ကာစီနိုကစားဝိုင်းများ ထပ်မံဖွင့်လှစ်မှုကို တားမြစ်ခဲ့ဖူးသည်။

Landing International သည် ယခုစီမံကိန်းကို ဖိလစ်ပိုင်သမ္မတရုံးသို့ လျှောက်ထားထားဆဲဖြစ်ပြီး ခွင့်ပြုချက်ရမည်၊ မရမည်ကို မသိရသေးချေ။

“ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံလာမယ့်သူတွေ သတိပြုသင့်တဲ့အချက်က ဒီအပန်းဖြေစီမံကိန်းဟာ ခွင့်ပြုချက် ရချင်လည်းရမယ်၊ ရချင်မှလည်း ရမယ်ဆိုတာပါ” ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။

“စီမံကိန်းနဲ့ပတ်သက်ပြီး အပြောင်းအလဲဖြစ်ရင်၊ ထူးခြားရင် ကုမ္ပဏီအနေနဲ့ ထုတ်ပြန်မှုတွေ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဆက်လက်ဖော်ပြထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောင်ကောင် developer က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာပင်လယ်ကွေ့ရှိ ပရာနက်မြို့တွင် ကာစီနိုအပန်းဖြေစခန်းကြီးတစ်ခု တည်ဆောက်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service