လီယိုနာဒို ဒီကာပရီယိုက သူငယ်ချင်းဖြစ်သူ ကမ္ဘာကျော်ဒီဂျေ မိုဘီ၏ နေအိမ်ကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
4484 Views

လီယိုနာဒို ဒီကာပရီယိုက သူငယ်ချင်းဖြစ်သူ ကမ္ဘာကျော်ဒီဂျေ မိုဘီ၏ နေအိမ်ကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဝယ်ယူ

ကမ္ဘာကျော် ဟောလိဝုဒ်ကြယ်ပွင့် လီယိုနာဒို ဒီကာပရီယိုသည် သူငယ်ချင်းဖြစ်သူ ကမ္ဘာကျော်ဒီဂျေ မိုဘီ၏ နေအိမ်ကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဒီဂျေ မိုဘီ၏ အမည်ရင်းမှာ ရစ်ချတ် မယ်လ်ဗီးလ် ဟောလ်ဖြစ်ပြီး အမေရိကန်ဂီတသမား၊ ဒီဂျေ၊ တေးထုတ်လုပ်သူ၊ အဆိုတော်၊ တေးရေး၊ ဓာတ်ပုံဆရာ၊ တိရ စ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူအဖြစ် ဘဝဖြတ်သန်းခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ် အချပ်ရေ သန်း ၂၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်ကာ dance music အတွက် အရေးပါခဲ့သူတစ်ဦးအဖြစ် သတ်မှတ်ထားခြင်းခံရသူ ဖြစ်သည်။
အရောင်းအဝယ်ဖြစ်သွားသည့် နေအိမ်တည်နေရာမှာ လော့စ်အိန်ဂျလိမြို့၊ လော့စ် ဖီလစ်ဇ်အရပ်တွင်ဖြစ်ပြီး မိုဘီက ရာနှုန်းပြည့် ပြန်လည်မွမ်းမံထားပြီးဖြစ်သည့် နေအိမ်လည်းဖြစ်သည်။

ယခုနေအိမ်ဘေးတွင်ပင် မိုဘီနေထိုင်လျက်ရှိသည့် နေအိမ်ကပ်လျက်တည်ရှိခြင်းကြောင့် ဒီကာပရီယိုနှင့် မိုဘီတို့မှာ အိမ်နီးချင်းများ ဖြစ်လာကြတော့မည်လည်း ဖြစ်သည်။
မစ္စတာ ဒီကာပရီယို ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၄ ဒသမ ၉၁ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ခြံဝန်းအကျယ် တစ်မတ်ခန့်ရှိပြီး ကုန်းမြင့်စောင်းတစ်နေရာတွင် တည်ရှိသည်။

ထူထဲသော သစ်ပင်အုပ်များ၊ ခြံစည်းရိုးများနောက်တွင် ကျောက်တုံးဖြင့် ဆောက်လုပ်ထားသည့် ရိုးရာဟန် နေအိမ်တစ်လုံးကို တွေ့ရမည် ဖြစ်သည်။

၁၉၂၀ ပြည့်လွန်ကာလများ၏ မြေရှင်စံအိမ်ဟန် ဆောက်လုပ်ထားပြီး ဈေးကွက်တင်ခဲ့သည်မှာ Sotheby’s International Realty ကုမ္ပဏီမှတစ်ဆင့် ဖြစ်ကာ “မိုဘီ၏ လော့စ် ဖီလစ်ဇ် ဂန္ထဝင်လက်ရာ” ဟု အမည်ပေးကာ ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

မိုဘီက ရာစုနှစ်နှင့်ချီ၍ ကြာမြင့်ပြီဖြစ်သော စံအိမ်ကို ယနေ့ခေတ်၏ ခေတ်ပြိုင်ဟန်များဖြင့် မွမ်းမံခဲ့သည်။

ရိက္ခာကုန်ခြောက်ထားသိုခန်းပါသည့် မီးဖိုဆောင်သစ်၊ ရေနွေးငွေ့ခန်း၊ လုံခြုံရေးစနစ်၊ စကျင်ကျောက် မီးဖိုဆောင် ဘေစင် မျက်နှာပြင်များ၊ ယောဂလေ့ကျင့်ရန် ကောင်းမွန်သည့် ခန်းမတစ်ခု၊ ပထမထပ်တွင် ရုံးခန်း (သို့မဟုတ်) ဧည့်သည်များတည်းခိုခန်းအဖြစ် အသုံးပြုနိုင်သည့် အခန်းပိုတစ်ခုတို့ ပါဝင်သည်။

မိုဘီက အဆိုပါ စံအိမ်ကို ဖေဖော်ဝါရီလကတည်းက စတင်ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်အတွင် အိပ်ခန်း ၅ ခန်း ပါဝင်ရာ ၂ ခန်းမှာ master bedroom ဖြစ်သည်။

အသက် ၅၂ နှစ်ရှိပြီဖြစ်သည့် မိုဘီ၏ အမည်ရင်းမှာ ရစ်ချတ်ဟောလ်ဖြစ်ပြီး ယခုနေအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုအရောင်းအဝယ်တွင် ကန်ဒေါ်လာ တစ်သန်းခွဲခန့် မြတ်စွန်းခဲ့သည်။

လီယိုနာဒို ဒီကာပရီယိုသည့် ယခုနေအိမ်ကို ဝယ်ယူခြင်းမှာ အခြေချနေထိုင်ရန်အတွက်ဖြစ်သလော (သို့မဟုတ်) ရင်းနှီးမြှုပ်နှံရန်အတွက် ဖြစ်သလောဟူသည်ကိုမူ မသိရချေ။

လီယိုနာဒို ဒီကာပရီယိုသည် ယခင်ကလည်း နာမည်ကျော် အမေရိကန်ဘီလျံနာကြီး ဗင်းဆင် ဗိုင်အိုလာပိုင်ဆိုင်သော လော့စ်အိန်ဂျလိမြို့၊ ပင်လယ်ကမ်းခြေရှိ အပန်းဖြေစံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၃ သန်းဖြင့် ဝယ်ယူခဲ့ဖူးသေးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လီယိုနာဒို ဒီကာပရီယိုက သူငယ်ချင်းဖြစ်သူ ကမ္ဘာကျော်ဒီဂျေ မိုဘီ၏ နေအိမ်ကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
လီယိုနာဒို ဒီကာပရီယိုက သူငယ်ချင်းဖြစ်သူ ကမ္ဘာကျော်ဒီဂျေ မိုဘီ၏ နေအိမ်ကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
လီယိုနာဒို ဒီကာပရီယိုက သူငယ်ချင်းဖြစ်သူ ကမ္ဘာကျော်ဒီဂျေ မိုဘီ၏ နေအိမ်ကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
လီယိုနာဒို ဒီကာပရီယိုက သူငယ်ချင်းဖြစ်သူ ကမ္ဘာကျော်ဒီဂျေ မိုဘီ၏ နေအိမ်ကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
လီယိုနာဒို ဒီကာပရီယိုက သူငယ်ချင်းဖြစ်သူ ကမ္ဘာကျော်ဒီဂျေ မိုဘီ၏ နေအိမ်ကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
လီယိုနာဒို ဒီကာပရီယိုက သူငယ်ချင်းဖြစ်သူ ကမ္ဘာကျော်ဒီဂျေ မိုဘီ၏ နေအိမ်ကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
လီယိုနာဒို ဒီကာပရီယိုက သူငယ်ချင်းဖြစ်သူ ကမ္ဘာကျော်ဒီဂျေ မိုဘီ၏ နေအိမ်ကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
လီယိုနာဒို ဒီကာပရီယိုက သူငယ်ချင်းဖြစ်သူ ကမ္ဘာကျော်ဒီဂျေ မိုဘီ၏ နေအိမ်ကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service