မုံရွာအိမ်ခြံမြေဈေးကွက်တွင် ကျပ်သိန်းတစ်ရာတန် ဂရန်ပါမြေကွက်များ ၀ယ်လိုအားမြင့်တက်လာဟုဆို - Property News in Myanmar from iMyanmarHouse.com
3999 Views

မုံရွာအိမ်ခြံမြေဈေးကွက်တွင် ကျပ်သိန်းတစ်ရာတန် ဂရန်ပါမြေကွက်များ ၀ယ်လိုအားမြင့်တက်လာဟုဆို

မုံရွာမြို့အိမ်ခြံမြေဈေး ကွက်တွင် သင်္ကြန်အပြီးကျပ်သိန်း တစ်ရာခန့်တန်ဖိုးရှိ ဂရန်ပါမြေ ကွက်များဝယ်လိုအားမြင့်တက် လာကြောင်း ဒေသခံအိမ်ခြံမြေ ရောင်းဝယ်သူများက ပြောသည်။

ယခုနှစ်မုံရွာအိမ်ခြံမြေဈေး ကွက်တွင် စီးပွားရေးလုပ်ငန်းရှင် များ အိမ်ခြံမြေပြန်လည်ရောင်းချ ရန် ၀ယ်ယူမှုနည်းပါးပြီးအမှန်တ ကယ်နေထိုင်လိုသူများ ၀ယ်ယူမှု များလာသဖြင့် ကျပ်သိန်းတစ် ရာခန့်တန် အာမခံချက်ရှိသည့် ဂရန်ပါမြေကွက်များဝယ်လိုအား မြင့်တက်လာကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင် ကိုဇော် ထွန်းက ပြောသည်။

‘‘အရောင်းအ၀ယ်သွက်တာ ကတော့ ချမ်းမြ၀တီရပ်ကွက်ပေါ့။ မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေး တက္ကသိုလ်၊ မုံရွာပညာရေးကော လိပ်တို့နဲ့နီးတော့ အဆောင်ပဲ ဆောက်ဆောက်၊ ဈေးပဲရောင်း ရောင်း အဆင်ပြေတော့ဝယ်တဲ့ သူပိုများတယ်။ အရင်နှစ်တွေ တုန်းက ကျောက်တူး၊ ရွှေတူးတဲ့ သူဌေးတွေ မြေကွက်လှောင်တော့ ပေ ၈၀ x ပေ ၆၀ အကျယ်ခြံဝင်း ပြည့်ဝယ်တာများတယ်။ ဒီနှစ် အ မှန်တကယ်ဝယ်တဲ့သူတွေများ တော့ မြေကွက်ကိုပိုင်းပြီးရောင်း တယ်။ ကျပ်သိန်း ၇၀ ကနေ သိန်း ၁၅၀ ၀န်းကျင် ဂရန်ပါမြေကွက် ကျဉ်းလေးတွေ အရောင်းအ၀ယ် ပိုသွက်တယ်’’ ဟု ကိုဇော်ထွန်းက ပြောသည်။

မုံရွာ ချမ်းမြ၀တီရပ်ကွက် တွင် မုံရွာတက္ကသိုလ်အနောက် ပေါက်လမ်းမကြီးဘေး ပေ ၈၀x ပေ ၆၀ အကျယ်ရှိဂရန်ပါမြေကွက် တစ်ကွက်လျှင် ကျပ်သိန်း ၁,၅၀၀ ခန့်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ သည်။ သာစည်လမ်းမှ ကျောက္ကာ လမ်းကြားလမ်းသွယ် ၃၀ရှိပြီး ပေ ၈၀x ပေ ၆၀ မြေကွက်တစ်ကွက် လျှင် ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၈၀၀ အထိရှိသော်လည်းမြေကွက် အပြည့်ဝယ်လိုအားသည် လွန်ခဲ့ သော တစ်နှစ်ခန့်ကစတင်၍ သိ သိသာသာလျော့ကျလာကြောင်း ၎င်းကပြောသည်။

‘‘မုံရွာအိမ်ခြံမြေဈေးကွက် မှာ ထိပ်ဆုံးက ချမ်းမြ၀တီပါ။ နန္ဒ ၀န်၊ စက်မှုဇုန်မြို့သစ်က သိန်း တစ်ရာဝန်းကျင်ဂရန်ပါ မြေကွက် တွေ အ၀ယ်သွက်တယ်။ မြို့ထဲ က မြေကွက်တွေက အရောင်းအ ၀ယ်တော့ဖြစ်တယ်၊ နည်းပါ တယ်။ သင်္ကြန်ကာလအတွင်း အ ရောင်းအ၀ယ်မရှိပေမယ့် ဒီရက် ပိုင်းအရောင်းအ၀ယ်ပြန်ဖြစ်နေ ပြီ’’ ဟု မုံရွာမြို့ဒေသခံအိမ်ခြံမြေ အကျိုးဆောင်ကိုဖိုးခွားကပြော သည်။

မုံရွာမြို့တွင် အစိုးရကပေး သော ဂရန်ပါမြေကွက်များဖြစ် သည့် ပေ ၂၀ x ပေ ၈၀ နှင့် ပေ ၃၀x ပေ ၈၀ အကျယ်မြေကွက်များ ကို ကျပ်သိန်းတစ်ရာခန့်ဖြင့် ၀န် ထမ်းများနှင့် နယ်ဒေသများမှ အ ခြေချနေထိုင်လိုသူများက ၀ယ်ယူ မှုပိုများကြောင်း ကိုဖိုးခွားကပြော သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service