ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့ နှစ်လတ်နှင့် နှစ်ရှည်ချေးငွေများ ပြန်လည်ထုတ်ချေးရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
4038 Views

ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့ နှစ်လတ်နှင့် နှစ်ရှည်ချေးငွေများ ပြန်လည်ထုတ်ချေးရန်စီစဉ်

ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေပမာဏ များနေခြင်းကို လျှော့ချရန် ဘဏ်အချို့က ပြည် တွင်းစီးပွားရေးလုပ်ငန်းများထံ နှစ်လတ်နှင့် နှစ်ရည်ချေးငွေများ ပြန်လည်ထုတ်ချေးရန် စီစဉ်နေ ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင် သူအချို့က ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ စည်းမျဉ်းစည်းကမ်းများနှင့်အ ညီ မေလ ၁ ရက်ကစတင်၍ သုံးနှစ်အထိ ထုတ်ချေးနိုင်သည့် နှစ်လတ်ချေးငွေ (Term Loan) နှင့် ငါးနှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် စသည့် နှစ်ရည်ချေးငွေ Home Loan (Mortgage) များကို ပြန် လည်ထုတ်ချေးမည်ဟု ကမ္ဘောဇ ဘဏ်က ဧပြီ ၃၀ ရက်တွင် ဖေ့စ် ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် ကြေညာချက်ထုတ်ပြန်သည်။

‘ နှစ်ရည်ချေးငွေများ ထုတ် ချေးရန် ကာလရှည် (၂ နှစ်နှင့်သုံး နှစ်) အပ်သည့် အပ်ငွေများအပေါ် အတိုးနှုန်းများ တိုးမြှင့်ပေးမည် ဖြစ်ပါသည်။ ယခင်က အများဆုံး အတိုးနှုန်းဖြစ်သည့် ၁၀ ရာခိုင်နှုန်း မှ ယခုအခါအတိုးနှုန်း ၁၀ ဒသမ ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေး မည် ’ ဟု ကမ္ဘောဇဘဏ်ကြေညာ ချက်တွင် ဖော်ပြထားသည်။

အခြားပုဂ္ဂလိကဘဏ်အချို့ ကလည်း ကမ္ဘောဇဘဏ်ကဲ့သို့ ချေးငွေ ပြန်လည်ထုတ်ချေးရန် စီစဉ်နေသည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူ အချို့က ပြောသည်။

၂၀၁၇ သြဂုတ်က ထုတ်ပြန် သည့် ဗဟိုဘဏ် စည်းမျဉ်းလေး ခုတွင် ပါဝင်သော ငွေကြေးလွယ် ကူမှုအချိုး သတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်းအရ မတည်ရင်းနှီးငွေ လုံလောက်မှုအချိုးကို ချေးငွေစုစု ပေါင်း၏ ၈ ရာခိုင်နှုန်းရရှိမည်ဟူ သော သတ်မှတ်ချက်ကြောင့် ပုဂ္ဂ လိက ဘဏ်အချို့က ၂၀၁၇ နှစ် ကုန်ပိုင်းကစတင်ပြီး ငွေချေးခြင်း ကို ခေတ္တဆိုင်းငံ့ခဲ့သည်။

ဗဟိုဘဏ်သတ်မှတ်သည့် မတည်ရင်းနှီးငွေအချိုး ပြည့်မီရန် ရင်းနှီးငွေ ထပ်မံဖြည့်တင်းခြင်း နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင် မှုများကို ပြုလုပ်ခဲ့သည်ဟု ပြည် တွင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ဆို သည်။

ထိုကဲ့သို့ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ ငွေချေးခြင်း ရပ်ဆိုင်း ထားမှုနှင့်ပတ်သက်၍ ဘဏ်များ တွင် ငွေကျပ်နေသည်ဟု စီးပွား ရေး လုပ်ငန်းရှင်အချို့က ဝေဖန် ခဲ့သည်။ ဗဟိုဘဏ်က ထုတ် ပြန်သည့် ချေးငွေနှင့်ပတ်သက် သော စည်းမျဉ်းများ ပြန်လည်ပြု ပြင်နေခြင်းကြောင့် ငွေထုတ်ချေး ခြင်း ခေတ္တဆိုင်းငံ့ထားခြင်းဖြစ် ကြောင်း ကမ္ဘောဇအုပ်စုအကြီး တန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညို မြင့်က ပြောသည်။

လက်ရှိပြည်တွင်းပုဂ္ဂလိက ဘဏ်များတွင် အပ်ငွေပမာဏ မြင့်တက်နေခြင်းကြောင့် ပုဂ္ဂလိ က ဘဏ်အချို့က အတိုးနှုန်း လျှော့ချရန် စီစဉ်နေသည်။ ကမ္ဘောဇဘဏ်က မေလကစတင် ၍ စုဆောင်းအပ်ငွေအတိုးနှုန်းကို ၈ ဒသမ ၂၅ ရာခိုင်နှုန်းမှ ၈ ရာ ခိုင်နှုန်းလျှော့ချခဲ့ပြီး လူတစ်ဦး ချင်းနှင့် ကုမ္ပဏီများမှ ပုံသေအပ် ငွေများကိုလည်း လျှော့ချခဲ့ သည်။ ထိုကဲ့သို့ပင်အခြားသော ပုဂ္ဂလိက ဘဏ်အချို့လည်း အ တိုးနှုန်းထိပ်မံလျှော့ချမည့် အစီအ စဉ်များရှိသည်ဟု ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ အချို့က ပြောသည်

ကမ္ဘောဇဘဏ်၏ အပ်ငွေ အတိုးနှုန်းလျှော့ချခြင်းနှင့် ပတ် သက်၍ ငွေချေးရသည့် ပမာဏ လျော့နည်းလာခြင်းကြောင့် အပ် ငွေအပေါ် အတိုးနှုန်းများ ပြန်လည် လျှော့ချခြင်းဖြစ်ကြောင်း အငြိမ်း စား ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦး သန်းလွင်ကဆိုသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service