ကမ္ဘောဒီးယားတွင် လုပ်ငန်းအကောင်အထည်မဖော်သည့် ကျွန်းပေါင်း ၃၀ မှ မြေကွက်များ ပြန်လည်သိမ်းယူတော့မည်ဟု ဝန်ကြီးချုပ်ဟွန်ဆန် ကြေညာ - Property News in Myanmar from iMyanmarHouse.com
3909 Views

ကမ္ဘောဒီးယားတွင် လုပ်ငန်းအကောင်အထည်မဖော်သည့် ကျွန်းပေါင်း ၃၀ မှ မြေကွက်များ ပြန်လည်သိမ်းယူတော့မည်ဟု ဝန်ကြီးချုပ်ဟွန်ဆန် ကြေညာ

ကမ္ဘောဒီးယားအစိုးရသည် ပုဂ္ဂလိက ကုမ္ပဏီများမှ ဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်ရန် ရယူထားသော ကျွန်းပေါင်း ၃၀ ခန့်ပေါ်မှ မြေကွက်များတွင် လုပ်ငန်းအကောင်အထည်ဖော်မှုများ တိုးတက်မှုမရှိသောကြောင့် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က မိန့်ခွန်းတစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်ဟု ကမ္ဘောဒီးယားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

သီဟာနုဗီးလီပြည်နယ်၊ ခိုရောင်ကျွန်းရှိ Royal Sands ဟိုတယ်တွင် ပြောကြားသောမိန့်ခွန်း၌ ဝန်ကြီးချုပ်ဟွန်ဆန်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး မြေယာပြန်လည်သိမ်းဆည်းမှုလုပ်ငန်းများ စတင်ရန် ကမ္ဘောဒီးယားဖွံ့ဖြိုးရေးကောင်စီအား ညွှန်ကြားချက်ပေးခဲ့သည်ဟု ဆိုသည်။

ခိုရောင်ကျွန်းသည် ကမ်းခြေမှ ၁၆ မိုင်ဝေးကွာသည့် ကမ်းလွန်ပင်လယ်ပြင်အတွင်း တည်ရှိပြီး ထိုင်းပင်လယ်ကွေ့အတွင်းတည်ရှိခြင်း ဖြစ်သည်။

“ဒါတွေအကုန်လုံး ပြန်သိမ်းပါ။ အာမခံပေးသွင်းငွေတွေကို ပြန်ပေးမှာ မဟုတ်ဘူး” ဟု ဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြားခဲ့သည်။

“ဒီမြေနေရာတွေကို ကျွန်တော်တို့ ပြန်သိမ်းဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာစီမံကိန်းမှ အကောင်အထည်မဖော်ကြလို့ပါပဲ” ဟု ဟွန်ဆန်က ဆက်လက်ပြောကြားသည်။

ကျွန်းများပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် စီစဉ်မှုများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ရတက်မအေးဖြစ်နေခဲ့ကြသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ကမ္ဘောဒီးယားလူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးရေးအသင်း Adhoc ယခုမြေနေရာပြန်လည်သိမ်းယူမည့် ကျွန်းများတွင် ခိုတွန်ဆေ၊ ခိုရပ်ဆေ၊ ခိုရောင်နှင့် ခိုရောင် ဆမ်လွမ်တို့လည်း ပါဝင်ပြီး အဆိုပါကျွန်းများပေါ်ရှိ စီမံကိန်းများကို ကမ္ဘောဒီးယားဖွံ့ဖြိုးရေးကောင်စီက စောင့်ကြည့်ကွပ်ကဲခဲ့ခြင်း ဖြစ်သည်။

ခိုတွန်ဆေကျွန်းရှိ အပန်းဖြေစခန်းငယ်တစ်ခုမှ မန်နေဂျာ ချီယန် ဆမ် အမ်က ပြောကြားရာတွင် သူဌေးကြီးများဖြစ်သော ထရွိုင်ဖက်နှင့် ဝင်းအာဝါတို့ ပိုင်ဆိုင်သော ကုမ္ပဏီများစွာသည် ကျွန်း၏အခြားဘက်ခြမ်းတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် လုပ်ငန်းများ ဆက်လက်အကောင်အထည်မဖော်တော့ဘဲ စွန့်ပစ်ထားခဲ့ကြသည်ဟု ဆိုသည်။

အနာဂတ်တွင် အကောင်အထည်ဖော်လာတော့မည့် စီမံကိန်းများကြောင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည့် ကျေးရွာသားများ ဖယ်ရှားခံရမည်ကို ချီယန် ဆမ် အမ်က ရတက်မအေးဖြစ်နေသည်။

“ကျွန်တော်တို့ ဒီမှာပဲ နေချင်ကြတယ်။ ဒီနေရာတွေကို မရောင်းလိုက်ချင်ပါဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ခိုရောင်ကျွန်းပေါ်တွင် အကောင်အထည်ဖော်လာနေသည့် စီမံကိန်းများကြောင့် ဒေသခံမိသားစု ၁၀၀ ကျော်နှင့် မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်းများလည်း ပေါ်ပေါက်ခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်က သူ၏မိန့်ခွန်းအတွင်း ပြောကြားခဲ့ရာတွင် အစိုးရအရာရှိများနှင့် ချမ်းသာကြွယ်ဝသည့် ရင်းနှီးမြှုပ်နှံသူများသည် မြေယာများ ရယူနိုင်ရန်အတွက် ကျေးလက်ရွာသားများကို ငွေပေး၍ ဝယ်ယူခဲ့ကြသည်ဟု သံသယဖြစ်ဖွယ်များရှိနေကြောင်း ထည့်သွင်းပြောကြားသွားသည်။

“ရှင်းရှင်းပြောပဲပြောရရင် ၂၀၀၈ မတိုင်မီက အဲဒီနေရာမှာ လူဘယ်လောက်လောက် နေထိုင်ခဲ့ကြလဲလို့ မေးပါမယ်”

“သူတို့က ခိုရောင်မှာ နေထိုင်ကြတဲ့ ရွာသားတွေရဲ့ နာမည်ကို အသုံးချကြတယ်။ ပြီးရင် ဘယ်မှာမှ မနေကြဘူး။ ဒါတွေက သူတို့အတွက် ရင်းနှီးမြှုပ်နှံတာ သက်သက်ပဲ” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ဝန်ကြီးချုပ်က မြေယာအငြင်းပွားမှုများကို မိမိထံထိ အရောက်ပို့ကာ ဖြေရှင်းခိုင်းကြသော အစိုးရအရာရှိများနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများကိုလည်း အပြစ်တင်ခဲ့သည်။

“ဥပဒေဟာ ကျွန်တော့်ရဲ့ အမိန့်တွေပေါ်မှာပဲ အခြေခံပြီး အကောင်အထည်ဖော်မနေသင့်ဘူး။ ဒီတိုင်းသာဆို ဖြစ်သမျှကိစ္စတိုင်းအတွက် ဝန်ကြီးချုပ်ဆီက အမိန့်တွေကို စောင့်နေရပါလိမ့်မယ်” ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘောဒီးယားတွင် လုပ်ငန်းအကောင်အထည်မဖော်သည့် ကျွန်းပေါင်း ၃၀ မှ မြေကွက်များ ပြန်လည်သိမ်းယူတော့မည်ဟု ဝန်ကြီးချုပ်ဟွန်ဆန် ကြေညာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် လုပ်ငန်းအကောင်အထည်မဖော်သည့် ကျွန်းပေါင်း ၃၀ မှ မြေကွက်များ ပြန်လည်သိမ်းယူတော့မည်ဟု ဝန်ကြီးချုပ်ဟွန်ဆန် ကြေညာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service