ရှမ်းပြည်နယ်တောင်ပိုင်း တွင် ဟိုတယ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း - Property News in Myanmar from iMyanmarHouse.com
4070 Views

ရှမ်းပြည်နယ်တောင်ပိုင်း တွင် ဟိုတယ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း

ရှမ်းပြည်နယ်တောင်ပိုင်းကျောက်တစ်လုံးကြီးမြို့နယ်၊ပအိုဝ်းဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်း ကျေးရွာများ ဖြစ်သည့် လွယ်ခေါ် ကျေးရွာ၊အင်းနီကျေးရွာ နှင့် ထီနဲ့ကျေးရွာ များသို့ ပြည်တွင်းပြည်ပ
ခရီးသွားဝင်ရောက်မှုများလာသောကြောင့် တည်းခိုမှု ပိုင်းအဆင်ပြေစေရန် မွေတော်ကက္ကူဘုရားအနီးတွင် ဟိုတယ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းဟိုတယ်နှင့်
ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး မှ ပြောကြားခဲ့ကြောင်း သိရသည်။

ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းကို ပအိုဝ်းဒေသ ဦးစီးကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကာ ခရီးသွားများအနေဖြင့် သမိုင်းဝင် မွေတော်ကက္ကူဘုရား၊ပအိုဝ်းဒေသခံများ၏ လူနေမှုဘဝပုံစံ ရိုးရာလုပ်ငန်းများ၊ဖျော်ဖြေမှုများနှင့်အခြားစိတ်ဝင်စားဖွယ် ယဉ်ကျေးမှုများကို လေ့လာနိုင်ကြောင်း သိရသည်။အင်းနီကျေးရွာ နှင့် ထီးနဲ့ကျေးရွာ ရပ်ရွာလူထု အခြေပြုခရီးသွား လုပ်ငန်းများကို ၂ဝ၁၆ ခုနှစ်တွင် ဧည့်သည်များ စတင်လက်ခံခဲ့သည်။

လွယ်ခေါကျေးရွာ ကိုတော့ CBT ကျေးရွာအဖြစ် ၂ဝ၁၈ ခုနှစ်တွင် ဧည့်သည်စတင်လက်ခံနိုင်ခဲ့သည်။နှစ်အလိုက်လာရောက်လည်ပတ်သည့် ဧည့်သည်အရေအတွက် တိုးလာသည်။

ပအိုဝ်းဒေသ လူထုအခြေပြုခရီးသွား လုပ်ငန်းကျေးရွာများသည် ၂ဝ၁၇ ခုနှစ်တါင် ဂျာမနီနိုင်ငံ၊ဘာလင်မြို့တွင် ကျင်းပခဲ့သည့် ITB Berlin ခရီးသွားပြပွဲတွင် ရပ်ရွာ လူထု အကျိုးပြု ခရီးသွားလုပ်ငန်းဆိုင်ရာ
Winner Award ဆုကို ရရှိခဲ့သည့်အပြင် ASEAN CBT Standard ဆုများလည်း ရရှိထားကြောင်းသိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် ဂျာမနီနိုင်ငံ လူဇင်ဘတ်နိုင်ငံ၊နော်ဝေးနိုင်ငံ၊နယ်သာလန်နိုင်ငံတို့မှ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ ရပ်ရွာ လူထု အခြေပြု
ခရီးသွားလုပ်ငန်း စံသတ်မှတ်ချက်များ ပြဋ္ဌာန်းနိုင်ရေးအတွက် စံနှုန်းမူကြမ်း ရေးဆွဲပြီး ဖြစ်သည့်အပြင် ကျေးရွာရှိလူထုများ ခရီးသွား လုပ်ငန်းဆိုင်ရာ အသိအမြင် များ အကျိုးကျေးဇူးများထိတွေ့ ခံစားရရှိနိုင်စေရေးအတွက်ရပ်ရွာလူထုအခြေပြု ခရီးသွား လုပ်ငန်းကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရာပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျေးရွာ ဒေသများတွင် တိုးချဲ့ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Credit : Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service