ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ် ရိုဒရီဂွက်ဇ်တို့ နယူးယောက်တွင် လူနေခန်းတစ်ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
4558 Views

ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ် ရိုဒရီဂွက်ဇ်တို့ နယူးယောက်တွင် လူနေခန်းတစ်ခန်း ဝယ်ယူ

ဂျနီဖာလိုပက်ဇ်သည် ချစ်သူသစ် အဲလက်စ် ရိုဒရီဂွက်ဇ်နှင့်အတူ နယူးယောက်တွင် လူနေခန်းတစ်ခန်း ဝယ်ယူလိုက်ပြီး အတူတကွသွားရောက် ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဂျနီဖာလိုပက်ဇ်တို့ စုံတွဲဝယ်ယူလိုက်သည့် လူနေခန်းမှာ နယူးယောက်မြို့၊ ပန်းခြံရိပ်သာလမ်း၊ အမှတ် ၄၃၂ တွင်ရှိသည့် အဆောက်အအုံကြီးတွင် တည်ရှိသည်။

အဆိုပါ အဆောက်အအုံကြီးသည် ကမ္ဘာပေါ်တွင် အမြင့်မားဆုံး လူနေအဆောက်အအုံကြီးဖြစ်ပြီး ဂျနီဖာလိုပက်ဇ်တို့ ဝယ်ယူလိုက်သည့်အခန်းမှာ ကန်ဒေါ်လာ ၁၅ ဒသမ ၃၁၆ သန်း ပေးခဲ့ရသည်ဟု ဆိုသည်။

ဝေါစထရိဂျာနယ်၏ ဖော်ပြချက်အရ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အရောင်းအဝယ်အပြီးသတ်ခဲ့ခြင်းဖြစ်ပြီး Douglas Elliman ကုမ္ပဏီမှ အကျိုးဆောင်များ ပါဝင်ခဲ့သည်ဟု ဆိုသည်။

စတုရန်းပေ ၄၀၀၀ ခန့်အထိ ကျယ်ဝန်းသည့်အခန်းကြီးဖြစ်ပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၄ ဒသမ ၅ ခန်း (အပြည့် ၄ ခန်း တစ်ဝက် ၁ ခန်း)၊ အလျား ၇၅ ပေရှိ indoor ရေကူးကန်၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ရုပ်ရှင်ကြည့်ခန်းတို့ ပါဝင်သည်။

ယခုနေအိမ်ခန်းမှာ ဂျနီဖာလိုပက်ဇ်၏ ယခင်အခန်းနှင့်နှိုင်းယှဉ်လျှင် များစွာကျဉ်းမြောင်းလှသည်ဟု ဆိုနိုင်သည်။ဖလာတီရွန်ခရိုင်ရှိ ယခင်နေထိုင်ခဲ့သော penthouse ခန်းမှာ စတုရန်းပေ ၆၅၀၀ ခန့်အထိ ကျယ်ဝန်းသည်။

ဒေသဝန်းကျင်တွင် ဆောက်လုပ်ရေးစီမံကိန်းသစ်များစွာ အလွန်များပြားလှရာ များမကြာမီအတွင်း ရောင်းလိုအား အလွန်မြင့်တက် လာဖွယ်ရာ ရှိနေသည်။

ဂျနီဖာလိုပက်ဇ်တို့ နေအိမ်ခန်းဝယ်ယူလိုက်သော အဆောက်အအုံကြီးတွင် နေအိမ်ခန်းများ ဝယ်ယူထားသည့် ဝယ်လက်အများစုမှာ ဆော်ဒီအာရေးဗီးယားနှင့် အခြားပြည်ပနိုင်ငံများမှဖြစ်ပြီး အမြဲအခြေချနေထိုင်ကြသူများ မဟုတ်ဘဲ အမေရိကသို့ အလည်ရောက်ရှိချိန်များတွင်သာ နေထိုင်ကြသူများဖြစ်သည်။

“ညဘက်တွေမှာ အဆောက်အအုံကြီးကို မော့ကြည့်မယ်ဆိုရင် မီးလင်းနေတဲ့အခန်း တစ်ခန်းတောင် မတွေ့ဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ဂျနီဖာလိုပက်ဇ်တို့အနေဖြင့် အိမ်နီးချင်းများ တွေ့မြင်ရဖွယ်ကား မရှိချေ။

ယင်းသို့ဆိုလျှင် ဂျေလိုတို့ စုံတွဲသည် ယခုအခန်းကို အဘယ်ကြောင့် ဝယ်ယူခဲ့ကြပါသနည်း။

ဖြစ်နိုင်သည်မှာ ယခုအခြေအနေများကို မသိသောကြောင့်၊ တစ်ခေါက်ခန့် လာရောက်ကြည့်ရှုရုံဖြင့် မသိနိုင်ခဲ့သောကြောင့် ဖြစ်နိုင်သည်။

“အခန်းဝယ်အောင် developer က သူတို့ကို အမျိုးမျိုးဆွဲဆောင်ခဲ့သလားဆိုတာတော့ ကျွန်မတို့ မသိပါဘူး။ ဒါပေမယ့် ဂျနီဖာလိုပက်ဇ်နဲ့ ရိုဒရီဂွက်ဇ်တို့ ဒီမှာနေထိုင်ကြမယ်ဆိုရင် တခြားသူတွေအနေနဲ့လည်း ဂျနီဖာလိုပက်ဇ်တောင် ဒီမှာနေတယ်ဆိုပြီး အခန်းတွေ ရောင်းထွက်ဖို့ ဆွဲဆောင်မှုတစ်ရပ်ဖြစ်လာမှာတော့ အမှန်ပါ” ဟု ဖလော်ရီဒါမှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ကာရာ အေမာက ပြောကြားသည်။

သို့ရာတွင် ဂျနီဖာလိုပက်ဇ်၏ အိမ်ခြံမြေအရောင်းအဝယ်ရာဇဝင်ကိုကြည့်လျှင် သူ့တွင် စီးပွားရေးမျက်စိရှိကြောင်း တွေ့ရသည်။

“ဂျေလိုက penthouse တစ်ခန်းကို ၂၀၁၄ ခုနှစ်ထဲမှာ ကန်ဒေါ်လာ သန်း ၂၀ နဲ့ဝယ်လိုက်တယ်။ နောက် ၃ နှစ်ကြာတော့ ၂၇ သန်းနဲ့ ပြန်ရောင်းတယ်။ ၃ နှစ်အတွင်းမှာ ဒီလောက်ရအောင် ပြန်ရောင်းနိုင်တာ မဆိုးဘူးလို့ ပြောရမယ်” ဟု အေမာက ထောက်ပြသည်။

“ဒီမှာလည်း အဲ့လိုမျိုးဖြစ်နိုင်မယ်လို့ ဂျေလိုက တွေးခဲ့တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခါခပ်သိမ်း ကိုယ်တွက်ဆတဲ့အတိုင်း ဖြစ်တတ်တာမျိုးမှ မဟုတ်တာ။ တခြားဖြစ်နိုင်ချေကတော့ ဒီဒေသဝန်းကျင်ကို ကြိုက်လို့ကို တမင်ဝယ်လိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ကောင်းတာ၊ မကောင်းတာတွေ ဂရုမစိုက်ဘဲ ဝယ်လိုက်တဲ့ သဘောမျိုးပေါ့” ဟု အေမာက သုံးသပ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ် ရိုဒရီဂွက်ဇ်တို့ နယူးယောက်တွင် လူနေခန်းတစ်ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ် ရိုဒရီဂွက်ဇ်တို့ နယူးယောက်တွင် လူနေခန်းတစ်ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ် ရိုဒရီဂွက်ဇ်တို့ နယူးယောက်တွင် လူနေခန်းတစ်ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ် ရိုဒရီဂွက်ဇ်တို့ နယူးယောက်တွင် လူနေခန်းတစ်ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service