ရွှေအလေးချိန်တွက်ချက်ရာတွင် တစ်နိုင်ငံလုံးတစ်ပြေးညီ ဖြစ်စေရန် ဇူလိုင်ကစ၍ ရွှေတစ်ပဲလျှင် ရှစ်ရွေးသတ်မှတ်မည် - Property News in Myanmar from iMyanmarHouse.com
6091 Views

ရွှေအလေးချိန်တွက်ချက်ရာတွင် တစ်နိုင်ငံလုံးတစ်ပြေးညီ ဖြစ်စေရန် ဇူလိုင်ကစ၍ ရွှေတစ်ပဲလျှင် ရှစ်ရွေးသတ်မှတ်မည်

အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့တွင် ရွှေ အလေးချိန်တွက်ချက်သည့် ပုံစံ များကွာဟနေသဖြင့် လာမည့် ဇူလိုင်ကစ၍ တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်စေရန် ရွှေနှင့်ပတ် သက်သည့် လုပ်ငန်းများအားလုံး ၌ တစ်ပဲလျှင် ရှစ်ရွေးသတ်မှတ်မည်ဟု မန္တလေးတိုင်းရွှေလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။

လက်ရှိတွင် ရွှေအလေးချိန် တွက်ချက်မှုများကို မန္တလေး၊ မိတ္ထီလာ၊ ပျဉ်းမနား၊ စဥ့်ကူး၊ ဗန်း မောက်၊ ၀န်းသိုအစရှိသည့် အ ထက်မြန်မာပြည်ရှိ မြို့များတွင် တစ်ပဲလျှင် ၇ဒသမ၅ ရွေးနှုန်းဖြင့် တွက်ချက်နေပြီး ရန်ကုန်အပါအ ၀င် အောက်မြန်မာပြည်ရှိ မြို့အားလုံးနီးပါးတွင် တစ်ပဲလျှင် ရှစ်ရွေး နှုန်းဖြင့် တွက်ချက်နေသည်။

‘‘ရွှေနဲ့ပတ်သက်တဲ့ လုပ်ငန်း အားလုံးကို ဖိတ်မယ်။ ပြောင်း မယ့်အကြောင်းကို ပြောမယ်။ ညှိ နှိုင်းမယ်။ လုပ်ငန်းရှင်တွေ ပြော တာတွေ နားထောင်မယ်။ သ ဘောတူတယ်ဆိုရင် အတည်ပြု ပြီး တိုင်းဒေသကြီးကို တင်ပြမယ်။ တိုင်းအစိုးရက အသိအမှတ်ပြုပါ တယ်ဆိုပြီး သတ်မှတ်လိုက်ပြီဆို တာနဲ့ ဘယ်နေ့စပြောင်းမယ်ဆို တာကို ထုတ်ပြန်မှာ ဖြစ်ပါတယ်’’ ဟု ဦးတင်ထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဗဟိုရွှေဈေးကွက်တစ်ခု အကောင်အထည် ဖော်ရန် ဆောင်ရွက်နေပြီး ရွှေ အလေးချိန်တွက်ချက်မှုများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်စေရေး ယခုကဲ့သို့ သတ်မှတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘၇ဒသမ၅ ရွေးက မန္တလေး တိုင်းနဲ့ ကချင်ပြည်နယ်တို့က မြို့ တွေလောက်ပဲသုံးတော့တာ။ ကျန်တဲ့နေရာအကုန်လုံးနီးပါးက ရှစ်ရွေးတွေပဲ သုံးနေကြတာ ဖြစ် တဲ့အတွက် ကျွန်တော်တို့ဘက်က ပြောင်းပေးလိုက်ရင် အကုန်လုံး က တစ်ပြေးညီဖြစ်သွားမှာပါ’’ဟု ဦးတင်ထွန်းက ပြောသည်။

မန္တလေးတိုင်း ရွှေလုပ်ငန်း ရှင်များအသင်းအနေဖြင့် ယခုနှစ် ဇူလိုင်အတွင်း၌ အထက်မြန်မာပြည်ရှိ ရွှေဆိုင်များ၊ ရွှေပန်းထိမ် လုပ်ငန်းများ၊ ရွှေသန့်စင်ဖိုများ၊ ရွှေအပေါင်ဆိုင်များ၊ ရွှေဆိုင်လုပ် ငန်းများအစရှိသည့် ရွှေနှင့်ပတ် သက်သည့် လုပ်ငန်းများအားလုံး ကို ဖိတ်ခေါ်ကာ အသိပေးမည်ဖြစ်ပြီး ၎င်းတို့၏ သဘောထား မှတ်ချက်များရယူမည်ဟု ဆိုသည်။

ဗဟိုရွှေဈေးကွက်ဖော်ဆောင်ရာတွင် ရွှေအလေးချိန်တွက်ချက် ခြင်းများ အပါအ၀င် ရွှေအရောင်း အ၀ယ် ပြုလုပ်သည့် စနစ်များ၊ ၀န်ဆောင်ခများကိုပါ နိုင်ငံတစ် ၀န်းရှိ ရွှေနှင့်ပတ်သက်သည့် လုပ် ငန်းအားလုံး၌ တစ်ပြေးညီဖြစ်စေရေး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းဆောင်ရွက်ရန် ဧပြီ ၁၈ ရက်က မန္တလေးမြို့တွင် ဆွေးနွေးခဲ့ပြီး နောက် ယခုကဲ့သို့ သတ်မှတ်ရန် စီစဉ်ခြင်း ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service