ရန်ကုန်မြို့သစ်က လက်ရှိအိမ်ခြံမြေဈေးကွက်ကိုရေတိုတွင် မသက်ရောက်နိုင်သေး - Property News in Myanmar from iMyanmarHouse.com
24822 Views

ရန်ကုန်မြို့သစ်က လက်ရှိအိမ်ခြံမြေဈေးကွက်ကိုရေတိုတွင် မသက်ရောက်နိုင်သေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး စင်ကာပူနိုင်ငံထက် ဧရိယာပိုကျယ်တဲ့ပမာဏဖြစ်သော မြေဧက၂ဝ,ဝဝဝ ပေါ်တွင် ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။

မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ဖို့ အစိုးရကိုယ်တိုင် ကုမ္ပဏီထူထောင်ပြီး ဆောင်ရွက်နေပေမဲ့ ဒီစီမံကိန်းကြောင့် ရန်ကုန်မြို့ဟောင်းရဲ့ အိမ်ခြံမြေဈေးကွက်ကို လတ်တလောမှာတော့ ကောင်းကျိုးဆိုးပြစ် သက်ရောက်မှုတစ်စုံတစ်ရာရှိနိုင်မှာ မဟုတ်ဘူးလို့ အိမ်ခြံမြေဝယ်ရောင်းဝယ်ငှား ဝန်ဆောင်မှုလုပ်ငန်းရှင်အချို့က ပြောပါတယ်။

မြို့သစ်စီမံကိန်းဟာ အချိန်ယူပြီးလုပ်ရမယ့် စီမံကိန်းဖြစ်တဲ့အပြင် မြို့ကွက်သစ်ဖော်ထုတ်ပြီးသွားသည့်တိုင်အောင် မြို့ဟောင်းထက် အစစအရာရာ သာလွန်ကောင်းမွန်တဲ့ မြို့သစ်တစ်ခုအဖြစ် ပေါ်ထွက်လာမှသာလျှင် မြို့ဟောင်းမှာရှိတဲ့ အိမ်ခြံမြေဈေးတွေကျသွားနိုင်တယ်လို့စိုင်းခွန်နောင် အိမ်ခြံမြေလုပ်ငန်းက ဦးစိုင်းခွန်နောင်က ပြောပါတယ်။

''မြို့သစ်က မြို့သစ်အဂင်ါ်ရပ်နဲ့ ညီညွတ်မယ်၊ ပြည်သူလူထုလက်ထဲကို ဈေးနှုန်း သက်သက်သာသာနဲ့ ထည့်ပေးနိုင်မယ်၊ ရေမီးကအစ နေရာတာ သက်သောင့်သက်သာရှိမယ်၊ စရိတ်သက်သာမယ်၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မယ်၊ မြို့ကြီးအဂင်ါ်ရပ်နဲ့ ကိုက်ညီတဲ့ ဆေးရုံ၊ ဆေးခန်းတွေရှိမယ် ဆိုမှသာ မြို့ဟောင်းအပေါ် သက်ရောက်မှု တစ်ခုခုရှိလာနိုင်မယ်''လို့ ၄င်းက ဆိုပါတယ်။

မြို့သစ်စီမံကိန်း အကောင်အထည် ပေါ်လာခဲ့လျှင်တောင် လာမယ့် ငါးနှစ်ခန့်ကာလအတွင်း အိမ်ခြံမြေဈေး ကွက်အပါအဝင် အခြား ကဏ္ဍတွေအပေါ် ထူးထူးခြားခြား ပြောင်းလဲသက်ရောက်တာမျိုး မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောပါတယ်။

လက်ရှိဈေးကွက်အတွင်းမှာ ရောင်းလိုအားထက် ဝယ်လိုအားများပြီး အေးစက်တိတ်ဆိတ်နေတာနဲ့ ပတ်သက်လို့ ''ဝယ်လိုအားနည်းနေတယ် ဆိုတာကလည်း လူတွေက နေစရာအိမ်တွေ ပိုနေလို့ မဟုတ်ပါဘူး၊ ဝယ်စရာငွေမရှိလို့ပဲ ဖြစ်ပါတယ်''လို့ ၄င်းက ဆိုပါတယ်။

မြို့သစ်စီမံကိန်းတွေကြောင့်တော့ ရန်ကုန်မှာ ရှိနေတဲ့အိမ်ခြံမြေဈေးကွက်တွေကို လတ်တလော ရိုက်ခတ်နိုင်မှာမဟုတ်ပေမဲ့ စီမံကိန်းနဲ့ပတ်သတ်ပြီး မြို့ဟောင်းကို ထိခိုက်နိုင်မယ့် အကြောင်းအရာတစ်ခုတော့ ရှိနေပါတယ်။

ဒါကတော့ စီမံကိန်းရဲ့ ထွက်ပေါက်ဟာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်ကိုပဲ ဆက်သွယ်ရမှာ ဖြစ်တဲ့အတွက် နဂိုကမှယာဉ်ကြောကျပ်တည်းလှတဲ့ ရန်ကုန်အတွက် ပိုပြီး အခက်အခဲ ဖြစ်သွားနိုင်တယ်လို့ ဦးကျော်ကျော်စိုးက ပြောပါတယ်။

အစိုးရအနေနဲ့ အရင်ကတည်းက လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို ပြီးပြည့်စုံအောင် ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးဘဲ တခြားမြို့သစ်စီမံကိန်းတစ်ခုကို စတင်ရန်မှာ အချိန်ကြာမြင့်ဦးမှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့ရဲ့ လူမှုစီးပွားကဏ္ဍတွေကို ကာလတိုမှာ တစ်စုံတစ်ရာပြောင်းလဲစေမှာ မဟုတ်ဘူးလို့ အာရှဆောက်လုပ်ရေး လုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဦးရန်အောင်က ဆိုပါတယ်။

ဒါ့ပြင် အစိုးရအနေနဲ့ လုပ်ငန်းသစ်ကို မစတင်ခင်မှာ အကောင်အထည်ဖော်လက်စ စီမံကိန်းတွေကို ရေ၊ မီးနဲ့လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်၊ ပြည်သူတွေအလွယ်တကူ နေထိုင်သွားလာနိုင်အောင် အရင်လုပ်ပေးသင့်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက အစိုးရကို အကြံပြုထားတာရှိတယ်လို့လည်း ဦးရန်အောင်က ဆိုပါတယ်။

အင်န်အယ်လ်ဒီအစိုးရတက်ပြီး နှစ်နှစ်တာ ကာလအတွင်းမှာ အိမ်ခြံမြေကဏ္ဍအတွက် ကွန်ဒိုဥပဒေနဲ့ နည်းဥပဒေ၊ ကုမ္ပဏီများအက်ဥပဒေနဲ့ အိမ်ရာဝယ်ယူသူတွေအတွက် နှစ်ရှည်အရစ်ကျ ချေးငွေတွေ ရရှိအောင်လုပ်ဆောင်ပေးနိုင်လာပေမဲ့ အိမ်ခြံမြေဈေးကွက်ကတော့အေးစက်မြဲ အေးစက်နေဆဲ ဖြစ်ပါတယ်။

ကွန်ဒိုဥပဒေနဲ့ နည်းဥပဒေ ထွက်ရှိလာတာဟာ လေးလကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ လက်ရှိဈေးကွက်ထဲမှာ အဲဒီဥပဒေကြောင့် လှုပ်ခတ်လာတာမျိုး မတွေ့ရသေးကြောင်းလည်း ဦးရန်အောင်က ဆိုပါတယ်။

နောက်ပိုင်းမှာ ဆောက်လုပ်ပြီး တိုက်ခန်းအရေအတွက်တွေ ပိုပိုများလာပြီး ဝယ်ယူသူအရေအတွက်ကတော့ ကျဆင်းနေတာကို တွေ့ရကြောင်း၊ ဒီလိုအခြေအနေမှာ မြို့သစ်စီမံကိန်းတွေ ဖော်ဆောင်ပြီး အိမ်ရာတွေ ဖော်ထုတ်ပေးပေမဲ့ တင်းကျပ်ထားတဲ့ စည်းမျဉ်းတွေကို ဖြေလျှော့မပေးခဲ့ရင် အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးလာမှာ မဟုတ်ကြောင်းလည်း ဦးရန်အောင်က ဆိုပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက စတင် စိုင်းပြင်းခဲ့တဲ့ စီမံကိန်းဖြစ်ပြီး မြို့သစ်စီမံကိန်းတွေကို ကုမ္ပဏီအစုအဖွဲ့ သုံးခုက လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကုမ္ပဏီတွေနဲ့ အကောင်အထည်ဖော်မယ့် အစီအစဉ်ကို စွန့်လွှတ်ခဲ့ပြီး စာချုပ်ဖျက်သိမ်းခဲ့ပြီး ဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရရဲ့ အဆိုအရ သိရပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြစ် အနောက်ဘက်ကမ်းရှိ ကြည့်မြင်တိုင်မှာ အကောင်အထည်ဖော်မှာဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီက New Yangon Development Company (NYDC) က ဦးဆောင် လုပ်ကိုင်မှာ ဖြစ်ပါတယ်။

စီမံကိန်းပထမအဆင့်မှာ အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး မြို့နယ် ငါးခု၊ တံတားနှစ်စင်း၊ ပင်မလမ်းမများ၊ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစက်ရုံ၊ ရေသန့်နဲ့ ရေဆိုးထုတ်စက်ရုံ စတဲ့ အဓိကအစိတ်အပိုင်းကြီး ခြောက်ခု ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့ပြင် လျှပ်စစ်အတွက် ဧရာဝတီတိုင်းဒေသကြီး မီးလောင်ချိုင့်ဒေသမှာ အကောင်အထည်ဖော်မယ့် ဓာတ်အားပေးစက်ရုံသစ်က ရယူမှာဖြစ်သလို ပန်းလှိုင်မြစ်မှာ ရေတံခါးတည်ဆောက်ပြီး ရေချိုရရှိရေး အစီအစဉ်ကို လျာထားကြောင်းလည်း သိရပါတယ်။

ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီမှာ ဥက္ကဠအဖြစ် ရန်ကုန်တိုင်းလျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်နဲ့ အမှုဆောင် အရာရှိချုပ်အဖြစ် ဆာ့ခ်ျပွန်နဲ့ ရောင်းရင်းများလုပ်ငန်းစု ဥက္ကဠ ဦးသိမ်းဝေခေါ် မစ္စတာ ဆာ့ခ်ျပွန်၊ ဒါရိုက်တာအဖြစ် ရန်ကုန်တိုင်းစိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဦးဟန်ထွန်းအပါအဝင် လွတ်လပ်တဲ့ ဒါရိုက်တာနှစ်ဦးတို့နဲ့ ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service