သမ္မတ ကတိပြုသည့် ခရက်ဒစ်ဗျူရိုနှင့် ပြင်ဆင်ထားရန် လိုအပ်ချက် - Property News in Myanmar from iMyanmarHouse.com
4624 Views

သမ္မတ ကတိပြုသည့် ခရက်ဒစ်ဗျူရိုနှင့် ပြင်ဆင်ထားရန် လိုအပ်ချက်

အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ချေးငွေရယူမှုလွယ်ကူစေရန် သတင်းအချက်အလက် စုဆောင်းရေးအဖွဲ့အစည်း (Credit Mureau) ထူထောင်ခွင့်ကို တစ်လအတွင်း ခွင့်ပြုမည်ဟု သမ္မတဦးဝင်းမြင့်က၂ဝ၁၈ ခုနှစ်၊ ဧပြီ ၁၇ ရက်က မြန်မာနှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ခရက်ဒစ်ဗျူရိုဆိုသည်မှာ ချေးငွေရယူလိုသည့် လုပ်ငန်းများ၏ အချက်အလက်များကို ချေးငွေထုတ်ပေးမည့် ဘဏ်ကဲ့သို့သော အဖွဲ့အစည်းများက အလွယ်တကူရယူနိုင်ရန်အချက်အလက်များ ထိန်းသိမ်းမှတ်တမ်းတင် ထားသည့် လုပ်ငန်းတာဝန်ကို ဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

ချေးငွေထုတ်ပေးသည့် အဖွဲ့အစည်းများသည် ခရက်ဒစ်ဗျူရိုမှ ရရှိသော အချက်အလက်များကို ကြည့်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုအပေါ် ချေးငွေထုတ်ပေးရန် သင့်မသင့်ကို ဆုံးဖြတ်ချက်ချရာတွင် လွယ်ကူလျင်မြန်သည့် အကျိုးကျေးဇူးကို ရရှိနိုင်ခြင်းဖြစ်သည်ဟု ငွေရေးကြေးရေး ကျွမ်းကျင်သူများက ပြောသည်။

အဆိုပါ ခရက်ဒစ်ဗျူရိုခေါ် ချေးငွေသတင်းအချက်အလက် စုဆောင်းရေးအဖွဲ့ ပေါ်ထွက်လာခြင်းက ပြည်တွင်းလုပ်ငန်းများအတွက် အားတစ်ရပ်ဖြစ်သော်လည်း အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် လတ်တလောတွင် အကျိုးသက်ရောက်မှု ရှိနိုင်မည် မဟုတ်သေးကြောင်း ငွေရေးကြေးရေးဆိုင်ရာကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မြန်မာနိုင်ငံတွင် ခရက်ဒစ်ဗျူရို ပေါ်ပေါက်လာရန် မြန်မာနိုင်ငံဘဏ်များအသင်းနှင့် ချေးငွေသတင်း အချက်အလက် စုဆောင်းရေးအဖွဲ့ကို ထူထောင်လုပ်ကိုင်နေသည့် စင်ကာပူနိုင်ငံ အခြေစိုက်ကုမ္ပဏီတစ်ခုတို့က ၂ဝ၁၆ ခုနှစ်အတွင်းကပင် စတင် ကြိုးစားခဲ့သည်။

သမ္မတ၏ မိန့်ခွန်းအရဆိုပါက ၄င်းအဖွဲ့အစည်းသည် ခရက်ဒစ်ဗျူရိုအဖြစ် လုပ်ကိုင်ခွင့်ရရှိလာတော့မည့် သဘောဖြစ်ကောင်းဖြစ်နိုင်သည်။

သို့ရာတွင်မူ ပြည်တွင်းအသေးစားနှင့်အလတ်စားလုပ်ငန်းများသည် လိုအပ်သည်များ ပြင်ဆင်ထားမှု အားနည်းခြင်းကြောင့် ခရက်ဒစ်ဗျူရို ပေါ်ပေါက်လာသော်လည်း ၄င်း၏ အကျိုးကျေးဇူးကိုမူ လတ်တလောတွင် ခံစားရနိုင်ဦးမည်မဟုတ်ဟု ပညာရှင်တို့ကဆိုသည်။

၎င်းအဖွဲ့အစည်း ပေါ်ပေါက်လာခြင်း၏ အကျိုးကျေးဇူးကိုမူ ယခင်က ချေးငွေရယူဖူးကာ အတိုးပြန်ဆပ်ရမည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့သည့် လုပ်ငန်းရှင်များကသာအကျိုးကျေးဇူးကို လတ်တလော ခံစားရနိုင်မည်ဖြစ်သည်ဟု ၄င်းတို့က ပြောသည်။

''ခရက်ဒစ်ဗျူရိုပေါ်လာရင်တော့ ္ငညေညခနမန်စသည်ငဘငူငအပ (ေငြေၾကးဆိုင္ရာတာဝန္ယူမွု) နဲ့ ပတ်သက်တဲ့ အလေ့အကျင့်ရှိပြီးသားကုမ္ပဏီတွေအတွက်က ယုံကြည်စိတ်ချရတယ်ဆိုတဲ့ အခြေအနေအရ ချေးငွေရရှိဖို့လွယ်ကူမြန်ဆန်သွားမယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ဘဏ်တွေက ပြန်ရထားတဲ့ အချက်အလက်တွေကိုသာ စုဆောင်းထားရတဲ့အတွက် ချေးငွေလုံးဝ မယူဘူးသေးတဲ့ ကုမ္ပဏီအနေနဲ့ကတော့ အခက်အခဲနည်းနည်း ရှိနိုင်ပါသေးတယ်''ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း(အိုင်အက်ဖ်စီ) ၏ မြန်မာနိုင်ငံတာဝန်ခံ ဒေါ်ခင်သီတာမော်က ပြောသည်။

အိုင်အက်ဖ်စီသည် မြန်မာနိုင်ငံတွင် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးလာရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ ဗဟိုဘဏ်၊ ပြည်တွင်းဘဏ်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့ ဖြစ်သည်။

ထို့အတွက် စီးပွားရေးလုပ်ငန်းငယ်များသည် ခရက်ဒစ်ဗျူရိုပေါ်ပေါက်လာသည်နှင့်အတူ ချေးငွေ လွယ်လွယ်ရရန် အားနည်းချက်များကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဟုလည်း ငွေရေးကြေးရေးဆိုင်ရာ ကျွမ်းကျင်သူများက ပြောသည်။

ပြည်တွင်းလုပ်ငန်းများတွင် အဓိကအားနည်းချက်များအဖြစ် စာရင်းပိုင်း ထိန်းသိမ်းခြင်း၊ လုပ်ငန်းအကြောင်းအား ပွင့်လင်းစွာဖော်ပြခြင်း၊ စီးပွားရေးအစီအစဉ်များကို ချပြနိုင်ရန် ပြင်ဆင်ထားခြင်းနှင့် အခြေ ပစ္စည်းများကို မှန်ကန်စွာ ဖော်ပြနိုင်ရန်အချက်များကို ဆောင်ရွက်ထားမှုမရှိခြင်းများက အဓိကအားနည်းချက်များ ဖြစ်နေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

''ဘဏ်ဆိုတာဟာ အပ်ငွေကို ပြန်ချေးရတာ။ ကိုယ်ပိုင်ငွေမဟုတ်တဲ့အတွက် ချေးထားပြီးရင် ဆုံးရှုံးမသွားဖို့က သူ့မှာ တာဝန်ရှိတယ်။အဲဒါကြောင့် ချေးလိုက်တဲ့ငွေ ပြန်ရမလားဆိုတာကို စဉ်းစားရတယ်။ အဲဒီလို စဉ်းစားတဲ့အခါမှာ လုပ်ငန်းရဲ့ အလားအလာကို ကြည့်ရတယ်။ ကြည့်တဲ့အခါမှာ ကုမ္ပဏီရဲ့ စာရင်းပိုင်း၊ လုပ်ငန်းအခြေအနေ၊ စီးပွားရေးလုပ်ငန်းရဲ့ အစီအစဉ်၊ ပိုင်ဆိုင်မှု ဒါတွေကို ကြည့်ရတယ်။ ဒီမှာက ဒါတွေ အရမ်းအားနည်းတယ်။ အဲဒီလိုအားနည်းချက်တွေကျတော့ လုပ်ငန်းရှင်တွေကိုယ်တိုင်ကပဲ ကုစားမှဖြစ်မယ့် ကိစ္စတွေဖြစ်တယ် '' ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

ထို့ပြင် ပြည်တွင်းလုပ်ငန်းရှင်များသည် ချေးငွေရယူလိုမှု တစ်ခုတည်းဖြင့် လုပ်ငန်းခွင်အခြေအနေနှင့် ကင်းကွာသည့် စာရင်းဇယားများလည်လိမ်မှုများကလည်း ချေးငွေရရှိနိုင်ရေးအတွက် ပိုမိုဝေးကွာစေသည့်အချက်ဖြစ်သည်ဟု ကမ္ဘာ့ရတနာဘဏ်၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာလှညွန့်က ပြောသည်။

သို့ရာတွင် လုပ်ငန်းရှင်များသည် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ထားကာ ခရက်ဒစ်ဗျူရို ပေါ်ပေါက်လာချိန်တွင် မိမိ၏ လုပ်ငန်းအချက်အလက်များကို ပိုမိုပွင့်လင်းစွာ ချပြထားနိုင်ပါက အကျိုးရှိလာနိုင်မည်ဟု ဒေါ်ခင်သီတာမော်က ပြောသည်။

ခရက်ဒစ်ဗျူရိုသည် အချက်အလက်များကို ဘဏ်ချေးငွေတစ်ခုတည်းကိုသာ အကျိုးပြုနိုင်သည်မဟုတ်ဘဲ ဘဏ်မဟုတ်သောငွေရေးကြေးရေး အဖွဲ့အစည်းများကို အချက်အလက်ပေးနိုင်သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ထို့အတွက် အသေးစား ချေးငွေလုပ်ငန်းများအနေဖြင့် မိမိလုပ်ငန်း၏ စာရင်းဇယားပိုင်း၊ စီးပွားရေးအစီအစဉ်များနှင့် ပွင့်လင်းမြင်သာမှုများ ဖော်ပြထားနိုင်ခြင်းဖြင့် ဘဏ်မဟုတ်သော အခြားသောအဖွဲ့အစည်း များ၏ ဘဏ္ဍာရေးအကူအညီကိုလည်း ရယူနိုင်မည့် အခွင့်အလမ်းကို ရရှိနိုင်မည်ဟုလည်း ဒေါ်ခင်သီတာမော်က ပြောသည်။

သမ္မတ၏ မိန့်ခွန်းအရဆိုပါက ယခုနှစ်လယ်တွင် ခရက်ဒစ်ဗျူရို၏ လုပ်ငန်းစဉ် စတင်အသက်ဝင်လာဖွယ်ရှိနေပြီး စီးပွားရေးလုပ်ငန်းများအနက် စာရင်းဇယားပိုင်း၊ ပွင့်လင်း မြင်သာမှုပိုင်းနှင့် ချေးငွေတာဝန်ယူမှုပိုင်းမှန်ကန်သည့် လုပ်ငန်းများအနေဖြင့် ဘဏ္ဍာရေးအကူအညီရရှိနိုင်မှု ပိုမိုလာမည်လားဆိုခြင်းက မျှော်လင့်ချက် ဖြစ်လာနေပြီဖြစ်သည်။

လတ်တလောတွင် အသေးစားနှင့် အလတ်စား အများအပြားအတွက် ထိုဗျူရိုကြောင့်ချေးငွေရကြမည်မဟုတ်သော်လည်း နောင်ရေရှည်အတွက်မူ ကောင်းမွန်သော ခြေလှမ်းအစဖြစ်ကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service