ပြည်တွင်းသို့ ရွှေတုံးများ တင်သွင်းရန် မြန်မာနှင့် ထိုင်းကုန်သည်များ ဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
5389 Views

ပြည်တွင်းသို့ ရွှေတုံးများ တင်သွင်းရန် မြန်မာနှင့် ထိုင်းကုန်သည်များ ဆွေးနွေး

ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ ရွှေတုံးများတင်သွင်းနိုင်ရန် မြန်မာနှင့် ထိုင်းနိုင်ငံဘက်မှ ရွှေကုန်သည်များဆွေးနွေးနေပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ပြီးပါက စတင်၍ တင်သွင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လက်ရှိတွင် တစ်နိုင်တစ်ပိုင် ရွှေလုပ်ကွက်များ ပိတ်ထားသဖြင့် ရွှေအထွက်နှုန်းမှာ လျော့ကျနေပြီး ပြည်တွင်းဈေးကွက်အတွက် မလုံလောက်သောကြောင့် ရွှေတုံးတန်ချိန် ရာဂဏန်းနီးပါးကို ဝယ်ယူမည်ဖြစ်ကြောင်း ယင်းအသင်း၏ ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောကြားသည်။

“တရုတ်ဘက်ကလည်း သွင်းဖို့ပြောကြတယ်။ ဒါပေမဲ့ မြန်မာဘက်က ကုန်သည်တွေက ထိုင်းကရွှေတုံးကို ပိုပြီးဝယ်ချင်ကြတယ်။ အရည်အသွေးကျတော့ ထိုင်းဘက်ကပိုကောင်းတယ်။ တင်သွင်းတင်ပို့ဖို့ကို ဒီလထဲမှာပဲ ကုန်သည်တွေအချင်းချင်း ညှိနှိုင်းထားကြတာပါ” ဟု ၎င်းကဆိုသည်။

ရန်ကုန်ရွှေဈေးကွက်တွင် နေ့စဉ်ရွှေအရောင်းအဝယ်မှာ ပိဿာချိန် ၅၀ မှ ၂၀၀ ကြားရှိပြီး လတ်တလောတွင် ရွှေဈေးတက်နေသော်လည်း အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ ရွှေလုပ်ငန်းရှင်အများစုမှာ ရွှေဈေးကျဆင်းချိန်တွင် ပြည်ပမှ ရွှေသွင်းလိုပြီး ဈေးတက်ချိန်မှ တင်ပို့လိုကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။

“ရွှေက လုပ်ကွက်အသစ်တွေပေးမယ်၊ လုပ်ကွက်အဟောင်းတွေလည်း ပြန်ပေးမယ်ဆိုရင် သွင်းဖို့ကမလိုဘူး။ ပို့ဖို့ဈေးကွက်ကလည်းရှိတယ်ဆိုတော့ ဖက်စပ်လုပ်ငန်းတွေရောက်လာရင် ပိုပြီးတော့ ရွှေဈေးကွက်က ကောင်းသွားမှာ။ တင်သွင်းခွင့်ပေးလိုက်ပြီး လိုသလောက်ရနေတော့ အရင်တုန်းကလို ရွှေဈေးက အရမ်းတက်နေမှာ မဟုတ်တော့ဘူး”ဟု ရွှေလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောကြားသည်။

ရွှေတင်သွင်းခြင်းသည် ယခုအချိန်မှ တရားဝင်ဖြစ်လာခဲ့ပြီး ယခင်ကမူ အော်ဒါရွှေထည်များအတွက် တရုတ်ရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် ရွှေများတင်သွင်းခြင်းများရှိခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရွှေတင်ပို့တင်သွင်းခွင့်ကို ယခုနှစ်အစက ခွင့်ပြုမိန့်ပေးခဲ့သော်လည်း ဈေးကွက်အတွင်း တရားမဝင်ရောင်းဝယ်မှုများမရှိစေရန် ဈေးကွက်စောင့်ကြည့်ရေး အဖွဲ့ဖွဲ့ရန် စီစဉ်နေပြီး ယခုလကုန်တွင် ဖွဲ့နိုင်ရန် မျှော်မှန်းထားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။


Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service