၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ကျပ် ၂၈၇ ဘီလျံကျော်တန်ဖိုးရှိ စက်မှုဇုန် သုံးဇုန်အထိ တည်ဆောက်လုပ်ကိုင်ခွင့်ပြုလိုက် - Property News in Myanmar from iMyanmarHouse.com
4484 Views

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ကျပ် ၂၈၇ ဘီလျံကျော်တန်ဖိုးရှိ စက်မှုဇုန် သုံးဇုန်အထိ တည်ဆောက်လုပ်ကိုင်ခွင့်ပြုလိုက်

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုပမာဏ ဒေါ်လာ ၃၄ဘီလျံကျော် နှင့် ကျပ် ၂၈၇ ဘီလျံကျော်တန်ဖိုးရှိစက်မှုဇုန် သုံးဇုန်အထိ တည်ဆောက်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းတစ်ခုကို ဒေါ်လာ ၃၄ ဘီလျံကျော်ဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းနှင့် ယင်းပမာဏသည်ယခုနှစ်အတွင်း ဝင်ရောက်ခဲ့သည့် ကဏ္ဍအလိုက်စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ဝ.၆ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။

နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် စက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းနှစ်ခုကို ကျပ် ၂၈၇ ဘီလျံကျော်ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ကဏ္ဍအလိုက် ဝင်ရောက်ခဲ့သည့်စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ခုနှစ်ရာခိုင်နှုန်း ကျော်အထိ ဝင်ရောက်လုပ်ကိုင်ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ထပ်မံတည်ဆောက်မည့် စက်မှုဇုန် အသစ်များတွင် Developer အဖြစ် အမှန်တကယ် လုပ်ကိုင်နိုင်မည့် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင် မည်သူ့မဆို လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်းစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး မှ ပြောကြားကြောင်းသိရသည်။

လက်ရှိ ရှိနေသည့် စက်မှုဇုန်များ၊စီးပွားရေးဇုန်၊အထူးစီးပွားရေးဇုန် များ ပြန်သုံးသပ်သည့်အခါ လွန်ခဲ့သော နှစ် တော်တော်များများက အကောင်အထည်ဖော်လာခဲ့သည်။

အကောင်အထည်ဖော်လာခဲ့သည့်အချိန်တွင်လည်း စတင်အကောင်အထည်ဖော်ရန်စပြီး တည်ဆောက်ကတည်းက စက်မှုဇုန်များ အရည်အသွေးနိမ့်ကျနေသည်။

လက်ရှိစက်မှုဇုန် အဟောင်းများကို ပြန်ပြီးအရည်အသွေးပြည့်ရန် မြှင့်လျှင်ခက်ခဲသည်။ထို့ကြောင့် စက်မှုဇုန် အသစ်များ ထပ်ပြီး တိုးချဲ့ဖော်သွားရန်ရှိသည်ဟု ပြည်ထောင်စု ဝန်ကြီး မှ ပြောကြားထားကြောင်းသိရသည်။

စက်မှုဇုန်အသစ်များ ထပ်မံတည်ဆောက်ပြီးပါက လက်ရှိစက်မှုဇုန်အဟောင်း များတွင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအား စက်မှုဇုန် အသစ်သို့ပြောင်းရွှေ့ ရင်းနှီးလုပ်ကိုင်လိုပါက လည်းခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အသစ်ပြဋ္ဌာန်းမည့် စည်းမျဉ်းအသစ်သည် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်း များကို တန်းတူ အခွင့်အရေးများကို ဖန်တီး ပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံတစ်ဝန်းလုံးရှိ ဒေသများ အားလုံးသည်
ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများ တန်းတူ ရှိပြီး နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသဖြင့် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင် ဥက္ကဋ္ဌ မှ ပြောကြားကြောင်းသိရသည်။

Credit: Daily Eleven

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service