ဘာရိန်းအခြေစိုက် Cybersecurity & Cloud Computing ကုမ္ပဏီက ဧကပေါင်း ၇၀၀၀ ခန့်အထိ ကျယ်ဝန်းသော Lenovo ၏ အမေရိကန်ရုံးချုပ်အဆောက်အအုံဝန်းကြီးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
4178 Views

ဘာရိန်းအခြေစိုက် Cybersecurity & Cloud Computing ကုမ္ပဏီက ဧကပေါင်း ၇၀၀၀ ခန့်အထိ ကျယ်ဝန်းသော Lenovo ၏ အမေရိကန်ရုံးချုပ်အဆောက်အအုံဝန်းကြီးကို ဝယ်ယူ

ဘာရိန်းအခြေစိုက် Cybersecurity & Cloud Computing ကုမ္ပဏီဖြစ်သော မွမ်တာလာကက်ထ် (Mumtalakat ) သည် Lenovo ၏ အမေရိကန်ရုံးချုပ်အဆောက်အအုံကို ဝယ်ယူလိုက်ပြီဖြစ်သည်။

Lenovo ၏ ရုံးချုပ်မှာ အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွင် တည်ရှိသည်။

မွမ်တာလာကက်ထ်သည် အမေရိကန်အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို ၂၀၁၄ ခုနှစ်ကတည်းက ပြုလုပ်လျက်ရှိနေခြင်းဖြစ်ပြီး အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် ကန်ဒေါ်လာ သန်း ၂၅၀ ဖြင့် ရုံးခန်းနေရာဝယ်ယူမှုအပြင် တက္ကဆပ်ပြည်နယ်၊ ဒါးလက်စ်တွင်လည်း ဝယ်ယူထားမှုများ ရှိသည်။

ကမ္ဘာပေါ်တွင် ကွန်ပြူတာအကြီးမားဆုံးထုတ်လုပ်သည့်ကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သော Lenovo ၏ ရုံးချုပ်သည် မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ဒါဟမ်မြို့တွင်ရှိပြီး ဧကပေါင်း ၇၀၀၀ ( ၂၈ စတုရန်းကီလိုမီတာ) ခန့်အထိ အကျယ်အဝန်းရှိကာ သိပ္ပံသုတေသနဌာနအဖြစ် အသုံးပြုခြင်း ဖြစ်သည်။

ဘာရိန်းကုမ္ပဏီက ယခုနေရာတွင် အိမ်ခြံမြေစီမံကိန်းများ အကောင်အထည်ဖော်သွားရန် ရည်မှန်းထားသည်။

“အိမ်ခြံမြေကဏ္ဍဟာ ကျွန်တော်တို့ရဲ့ စီးပွားရေးမဟာဗျူဟာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ အမေရိကန်အိမ်ခြံမြေဈေးကွက်ဟာ ထင်ရှားတဲ့တိုးတက်ဖွံ့ဖြိုးမှုတွေရှိနေပါတယ်။ အထူးသဖြင့် ဒါဟန်ဟာ အမေရိကမှာ အလျင်မြန်ဆုံးဖွံ့ဖြိုးကြီးထွားလာနေတဲ့ ဒေသတစ်ခုပါ” ဟု မွမ်တာလာကက်ထ်မှ အမှုဆောင်အရာရှိချုပ် မာမွတ် အိတ်ခ်ျ-အယ်လ်ကူးဟီဂျီက ပြောကြားသည်။

ယင်းဒေသသည် အလုပ်အကိုင်ရရှိမှုလည်း အားကောင်းသည့်အခြေအနေရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း အမျိုးသားပျှမ်းမျှ အလုပ်အကိုင်ခန့်ထားနိုင်မှု၏ ၂ ဆခန့်အထိ ရှိခဲ့သည်။

“ဒီဒေသဟာ စီးပွားရေး ရာသီဥတုလည်းကောင်းမွန်ပြီး အခြေခံအဆောက်အအုံတွေလည်း ခိုင်မာတဲ့အပြင် စီးပွားရေးကလည်း တိုးတက်နေတဲ့အတွက် ကျွန်တော်တို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အလွန်ဆွဲဆောင်မှုအားကောင်းတဲ့ ဈေးကွက်ပါပဲ။
အခု ဝယ်ယူလိုက်မှု ပမာဏဟာ ကျွန်တော်တို့ကုမ္ပဏီအုပ်စု ပိုင်ဆိုင်မှုအရပ်ရပ်ရဲ့ ၂၂ ရာခိုင်နှုန်းနီးပါးရှိပါတယ်” ဟု အယ်လ်ကူး ဟီဂျီက ဆက်လက်ပြောကြားသည်။

မွမ်တာလာကက်ထ်၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာမှာ “ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရုံးခန်းများအပါအဝင် ဝင်ငွေဖန်တီးပေးမည့် အိမ်ခြံမြေများ ဝယ်လိုအားမြင့်မားသည့် ဖွံ့ဖြိုးပြီးဈေးကွက်များတွင် ဦးတည်ရန်” ဖြစ်ပြီး အဆိုပါမဟာဗျူဟာအတိုင်း ဆက်လက်လျှောက်လှမ်းနေဦးမည်ဖြစ်ကြောင်းလည်း အယ်လ်ကူး ဟီဂျီက ဖြည့်စွက်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဘာရိန်းအခြေစိုက် Cybersecurity & Cloud Computing ကုမ္ပဏီက ဧကပေါင်း ၇၀၀၀ ခန့်အထိ ကျယ်ဝန်းသော Lenovo ၏ အမေရိကန်ရုံးချုပ်အဆောက်အအုံဝန်းကြီးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဘာရိန်းအခြေစိုက် Cybersecurity & Cloud Computing ကုမ္ပဏီက ဧကပေါင်း ၇၀၀၀ ခန့်အထိ ကျယ်ဝန်းသော Lenovo ၏ အမေရိကန်ရုံးချုပ်အဆောက်အအုံဝန်းကြီးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဘာရိန်းအခြေစိုက် Cybersecurity & Cloud Computing ကုမ္ပဏီက ဧကပေါင်း ၇၀၀၀ ခန့်အထိ ကျယ်ဝန်းသော Lenovo ၏ အမေရိကန်ရုံးချုပ်အဆောက်အအုံဝန်းကြီးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service