အိမ်ခြံမြေပေါင်နှံမှု ပိုကျယ်ပြန့်လာ - Property News in Myanmar from iMyanmarHouse.com
4625 Views

အိမ်ခြံမြေပေါင်နှံမှု ပိုကျယ်ပြန့်လာ

လက်ရှိတွင် အိမ်ခြံမြေဈေးကွက်အနေအထားသည် အရောင်းအဝယ်နှင့် အငှားဈေးကွက်နည်းနေပြီး ပေါင်နှံမှုများ ကျယ်ပြန့်နေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း တာဝန်ရှိသူများက ပြောသည်။

''အရောင်းအဝယ်မဖြစ်တော့ ငွေလိုတာပေါ့။ ငွေလိုတဲ့သူတွေက ကိုယ်ပိုင်တဲ့ အိမ်ခြံမြေတွေကို အရောင်းအဝယ် မဖြစ်တဲ့အခါ ဘဏ်တွေမှာ အပေါင်ထားတယ်။ ဘဏ်တွေမှာ စပြီးအပေါင်ထားရင်းနဲ့ အိမ်ခြံမြေဈေးကွက်က အပေါင်ဈေးကွက် ၂ဝ၁၅ မှာ ကြီးကြီးမားမား စပြီးတော့ ပေါ်ပေါက်လာတယ်။ ၂ဝ၁၆ ခုနှစ်မှာလည်း ပိုပြီးတော့ အားကောင်းလာတယ် ''ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဠ ဦးခင်မောင်သန်းက အိမ်ခြံမြေပေါင်နှံမှုများ ပေါ်ပေါက်လာပုံကို ရှင်းပြသည်။

''အရောင်းအဝယ်က လေးတဲ့အခါကျတော့ အပေါင်က သွက်လာတာပေါ့''ဟုလည်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးက ဆိုသည်။

''မြေဈေး၊ အိမ်ဈေးတွေက ကျတာပဲ။ အခုလည်း ကျတာပဲ။ ကျတဲ့အခါကျတော့ အမြင့်ဈေးနဲ့ ယူထားတဲ့သူတွေက ပြန်မရောင်းနိုင်ကြဘူး။ ပစ္စည်းကိုလည်း အရှုံးမခံနိုင်၊ လက်လည်း မလွှတ်ချင်တဲ့အခါကျတော့ အပေါင်ထားလိုက်ကြတာပေါ့။ အပေါင်ထားတဲ့အခါ မူလသူတို့ဝယ်ထားတဲ့ ပစ္စည်းတန်ဖိုး ထက်ဝက်သာသာလောက် ရောက်ရင်လည်း ရောက်ပေါ့''ဟု ၄င်းကဆက်ပြောသည်။

အိမ်ခြံမြေပေါင်နှံမှုများတွင် ဂရန်ရှိသည့် ပေါင်နှံသူများသည် အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များသို့ လည်းကောင်း၊ ဂရန်မရှိသူများသည် အခြားသော ပုဂ္ဂလိက အပေါင်ခံသူများထံတွင်လည်းကောင် ပေါင်နှံကြရသည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းရရှိသည်။

ထိုကဲ့သို့ ပေါင်နှံရာတွင် အတိုးနှုန်းထားအမျိုးမျိုးရှိကြပြီး တစ်ဦးနှင့်တစ်ဦးတူညီခြင်း မရှိကြောင်း သိရသည်။

''လူတွေလက်ထဲမှာ ငွေမရှိဘူး။ ငွေလည်ပတ်အောင်တော့ ပေါင်ပြီးတော့ ရတဲ့ငွေနဲ့ လည်ပတ်မှရမယ့် အနေအထားပေါ့။ အိမ်ခြံမြေ ဝင်ငွေခွန် လျော့သွားမယ်ဆိုရင်တော့ ငွေလက်ထဲမှာ ရသွားပြီဆို ပေါင်တဲ့လုပ်ငန်းတွေက လျော့ကျလာမယ်လို့ မြင်တယ်''ဟု ဦးခင်မောင်သန်းက ပြောသည်။

''လာမယ့် နှစ်သစ်မှာ အိမ်ခြံမြေ ဝင်ငွေခွန်နဲ့ပတ်သက်တဲ့ အထူးဥပဒေတစ်ရပ်အနေနဲ့ သီးသန့်ထပ်ပြီးဆွေးနွေးပြီး ပြဠာန်းပေးမယ်လို့ဆိုတဲ့ အစီအစဉ်လေး ရှိနေတယ်ဆိုတဲ့အတွက်ကြောင့် စောင့်ကြည့်ရမှာပဲ''ဟု ၄င်းက ဆက်ပြောသည်။

၂ဝ၁၇ ခုနှစ်ထဲ ဘဏ်များတွင် အိမ်ခြံမြေပေါင်သည့်ဈေးကွက်က ပိုကြီးထွားလာကာ လက်ရှိလည်း အားကောင်းနေဆဲဖြစ်ကာ ရှေ့ဆက်၍လည်း အိမ်ခြံမြေဈေးကွက်က အေးနေမည့်အခြေအနေရှိသဖြင့် အပေါင်ဈေးကွက် ဆက်အားကောင်းနေဦးမည်ဟု အိမ်ခြံမြေအကျိုးဆောင်ကြီးများက သုံးသပ်သည်။

အိမ်ခြံမြေရောင်းဝယ်ဈေးကွက်သည် ''အေးနေရာကနေ ခဲခါနီးအနေအထားဖြစ်နေပြီ''ဟုပင် ဦးခင်မောင်သန်းက ပြောသည်။

အခွန်မဆောင်ခဲ့သည့် ငွေများကို အခွန်သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်း ဆောင်ရုံဖြင့် ငွေဖြူအဖြစ် ပြောင်းနိုင်မည့် ပြဠာန်းချက် အတည်ပြုရန် အစိုးရက မကြာသေးမီက ဆောင်ရွက်ခဲ့သဖြင့် အိမ်ခြံမြေဈေးကွက်ပြန်ဦးမော့စေရန် မကြာသေးမီက မျှော်လင့်ချက်တစ်ရပ်ဖြစ်ပေါ်ခဲ့သော်လည်း လွှတ်တော်က ပယ်ချခဲ့သည်။

''ကျွန်တော်တို့ကတော့ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ဂျီဒီပီတက်လာဖို့ အနေအထားတွေမှာ အိမ်ခြံမြေဈေးကွက်က ဝင်ငွေခွန်လျှော့ပေးလိုက်မယ်ဆိုရင် အိမ်ခြံမြေ အရောင်းအဝယ်တွေ ပြန်ဖြစ်လာခြင်းအားဖြင့် ငွေတွေ လည်ပတ်လာနိုင်ခြင်းဟာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဂျီဒီပီ တိုးတက်ဖို့ကို အထောက်အကူဖြစ်မယ်လို့ အကြံပြုချင်ပါတယ်''ဟု ဦးခင်မောင်သန်းက ဆိုသည်။

လွှတ်တော်သည် အခွန်လျှော့ပေါ့ပေးမည့် အစီအစဉ်အတွက် အစိုးရတင်ပြသကဲ့သို့ သဘောမတူသော်လည်း သီးသန့်ဥပဒေပြဠာန်းပေးမည်ဟု ဆိုထားရာ ထိုဥပဒေကို အိမ်ခြံမြေဈေးကွက်က လိပ်ခဲတည်းလည်း စောင့်မျှော်နေကြဆဲဖြစ်သည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service