မင်းဘူး၌ ဘိလပ်မြေအုတ်များအဝယ်လိုက်၍ ရောင်းအားကောင်း - Property News in Myanmar from iMyanmarHouse.com
4776 Views

မင်းဘူး၌ ဘိလပ်မြေအုတ်များအဝယ်လိုက်၍ ရောင်းအားကောင်း

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် မြေအုတ်လုပ်ငန်းများ ရပ်ဆိုင်းထား၍ ဘိလပ် မြေအုတ်လုပ်ကိုင်နေသူများ အဝယ်လိုက်၍ ရောင်းအားကောင်းနေကြောင်း ဘိလပ်မြေ အုတ်ထုတ်လုပ်ရောင်းချနေသူများထံမှ သိရ သည်။

လုပ်ကွက်များစစ်ဆေး

မကွေးတိုင်းဒေသကြီးအတွင်း အုတ်၊ သဲ၊ ကျောက်လုပ်ငန်းများအား လိုင်စင်သက်တမ်း တိုးကာလတွင် လုပ်ငန်းများရပ်ဆိုင်းရန်နှင့် လုပ်ငန်းဆောင်ရွက်မည့် လုပ်ကွက်များကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးပြီး လုပ်ငန်း လိုင်စင်ရရှိမှသာလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။

အုတ်၊ သဲ၊ ကျောက်လုပ်ငန်းတွေ ရပ်ဆိုင်း ထားတော့ အုတ်၊ သဲ၊ ကျောက်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်။ မြေအုတ် တစ်ချပ်ကို ကျပ် ၇၀ ခန့်ကနေ ယခု ကျပ် ၁၀ဝ ဝန်းကျင်အထိဈေးမြင့်ခဲ့တယ်။ လိုသလောက် ဝယ်လို့လည်းမရဖြစ်နေတယ်။ အုတ်ဖုတ်ခွင့် မရကြဘူးလေ။ အဲဒီတော့ အဆောက်အအုံ ဆောက်လိုသူတွေက ကျွန်တော်တို့ ဘိလပ်မြေ အုတ်တွေကို အဝယ်လိုက်လာတာပေါ့။ အုတ် ရိုက်ဖို့ သဲကြမ်းကလည်း ဈေးကောင်းလာ တယ်"ဟု မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်နေ ဘိလပ်မြေအုတ် ထုတ်လုပ်ရောင်းချသူ ကိုစိုး နိုင်က ပြောဆိုသည်။

"နေ့စဉ် အုတ်အမှာရှိနေတော့ အလုပ်သမား ခြောက်ဦးလောက် ငှားပြီး ရိုက်ခိုင်းနေရတယ်၊ ယခင်က ဘိလပ်မြေအုတ်အပြင် ကျောက်တိုင်၊ ကျောက်စည်နဲ့ ပန်းအိုးတွေပါ ပြုလုပ်ရောင်းချ ပေမယ့် အခုရက်ပိုင်း ဘိလပ်မြေအုတ်ကိုပဲ အဓိကရိုက်နေရတယ်။ တစ်ရက်ကို အုတ် ၅၀ဝ၀၊ ၆၀ဝ၀ ခန့်ရအောင် လုပ်ကိုင်နေရ တယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

အဆောက်အအုံဆောက်လုပ်နေသူတို့ အတွက် မြေအုတ်ကို လိုသလောက်မရရှိသဖြင့် ဘိလပ်မြေအုတ်ကို အဓိကမှာယူနေမှုကြောင့် ဘိလပ်မြေအုတ်ထုတ်လုပ်သူများ လက်မလည် အောင် လုပ်ကိုင်ရောင်းချနေရသည်။

ကုန်ကြမ်းပေး ကုန်ချောယူ

"ကျွန်တော်တို့မိသားစုက ဘိလပ်မြေအုတ် ကို အချပ်ရေနဲ့ ပုတ်ပြတ်လုပ်ကိုင်ပါတယ်။ အုတ်လုပ်ချင်တဲ့သူရဲ့လုပ်ငန်းခွင်ကို အုတ်ပုံစံ ခွက်နဲ့ လိုချင်တဲ့ပုံစံ လုပ်ပေရပါတယ်။ အုတ် အကြီးတစ်ချပ်ကို ကျပ် ၃၀၊ အုတ်အသေး တစ်ချပ်ကို ကျပ် ၂၀ နဲ့ မိသားစု လေးယောက် တစ်နေ့ကို အုတ်ချပ်ရေ ၃၀ဝ၀၊ ၄၀ဝ၀ အထိ ကျအောင်ရိုက်ပေးပါတယ်။ ပိုင်ရှင်က လိုအပ် တဲ့ ဘိလပ်မြေ၊ သဲကြမ်းတွေ ဝယ်ပေးရပါ တယ်။ အခုရက်ပိုင်းတော့ လက်မလည်အောင် မနားရအောင်ကို လုပ်ကိုင်ရပါတယ်" ဟု အုတ်အငှားရိုက်သူ ကိုသန်းနိုင်က ပြောဆို သည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service