တရုတ်ပြည်ချုံကင်းမြို့တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုရန်မှ ပုန်းရှောင်ရန် တူးဖော်ခဲ့သည့် ဗုံးခိုကျင်းများ၏ ယနေ့အခြေအနေ - Property News in Myanmar from iMyanmarHouse.com
4724 Views

တရုတ်ပြည်ချုံကင်းမြို့တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုရန်မှ ပုန်းရှောင်ရန် တူးဖော်ခဲ့သည့် ဗုံးခိုကျင်းများ၏ ယနေ့အခြေအနေ

တရုတ်ပြည်၊ ချုံကင်းမြို့တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုရန်မှ ပုန်းရှောင်ရန် တူးဖော်ခဲ့သည့် ဗုံးခိုကျင်းများစွာရှိပြီး မြို့နေပြည်သူများစွာ၏ အသက်ကို ကယ်တင်ပေးနိုင်ခဲ့သည်။

ဒုတိကယကမ္ဘာစစ်ပြီးနောက်ပိုင်းတွင် စက်ရုံများအဖြစ် အသုံးပြုခဲ့သည်။

ချုံကင်းမြို့ပြင် တောင်ကုန်းများခြေရင်းအထိ ပေါက်ရောက်အောင် တူးဖော်ထားခဲ့သည့် အဆိုပါဗုံးခိုဥမင်များမှာ ယနေ့ကာလတွင် အခန်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ချုံကင်းသည် တစ်ချိန်က တရုတ်ပြည်၏ မြို့တော်ဖြစ်ခဲ့ပြီး ယနေ့အချိန်တွင်မူ ကမ္ဘာပေါ်ရှိ အကြီးမားဆုံးစက်မှုမြို့တော်များတွင် တစ်ခုအပါအဝင် ဖြစ်လာသည်။

ချုံကင်းသည် တောင်ကုန်းတောင်တန်းထူထပ်ပေါများပြီး မြို့မြင်ကွင်းများလည်း များစွာပြောင်းလဲလျက်ရှိသည့်မြို့ဖြစ်ရာ ချုံကင်းသို့ နှစ်ပေါင်းများစွာ မရောက်ပေါက်ဖူးတော့သူများအဖို့ ယနေ့ကာလတွင် ပြန်လည်သွားရောက်လည်ပတ်ပါက မှတ်မိနိုင်တော့မည် မဟုတ်ချေ။

၁၉၃၈ ခုနှစ်တွင် တရုတ်-ဂျပန်စစ်ပွဲကြီးပေါ်ပေါက်နေချိန်တွင် ကူမင်တန်တို့က ချုံကင်းကို တရုတ်ပြည်၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့ကြသည်။

ချုံကင်းသည် မဟာဗျူဟာကျသည့်တည်နေရာတွင် တည်ရှိခြင်းကြောင့် မြို့တော်အဖြစ် သတ်မှတ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ထိုနှစ်အတွင်းတွင်ပင် တောင်တန်းများ၏ ခြေရင်းတွင် ဗုံးခိုကျင်း ရာပေါင်းများစွာ တူးဖော်ခဲ့ကြသည်။

၁၉၃၈ ခုနှစ် ၊ ဖေဖော်ဝါရီလမှ ၁၉၄၃ ခုနှစ်၊ သြဂုတ်လအကြား ချုံကင်းမြို့မှာ ကြိမ်ဖန်များစွာ ဗုံးကြဲခံခဲ့ရသည်။

ဂျပန်တို့သည် ချုံကင်းမြို့ကို လေကြောင်းတိုက်ခိုက်မှု ၂၆၈ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးပေါင်း ၁၁၅၀၀ လုံးကျော် ကြဲချခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်ခဲ့ခြင်းတွင် ရည်ရွယ်ချက်နှစ်ခုရှိရာ တရုတ်တို့၏ ခံစစ်အား အားနည်းသွားစေရန်နှင့် အရပ်သားတို့ သေဆုံးမှုများ များပြားလာခြင်းကြောင့် စိတ်ဓာတ်ပျက်ပြားလာစေရန်ဖြစ်သည်ဟု ဆိုသည်။

၁၉၄၁ ခုနှစ်၊ ဇွန်လ ၄ ရက်ည ဂျပန်တို့ဗုံးကြဲခဲ့ရာတွင် လူပေါင်း ၂၅၀၀ ခန့် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ဂျပန်တို့၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ချုံကင်းမြို့သား စုစုပေါင်း ၁၀၀၀၀ ခန့် သေဆုံးခဲ့ကြရသည်။

စစ်အတွင်းက လူပေါင်းများစွာ၏အသက်ကို ကာကွယ်ပေးခဲ့သည့် ဗုံးခိုကျင်းများကို ယနေ့အခါတွင် အမျိုးမျိုး ပြန်လည်အသုံးပြုလာကြသည်။

ချုံကင်းရှိ ဗုံးခိုကျင်းများစွာမှာ ယနေ့အခါတွင် စားသောက်ဆိုင်များ၊ ဈေးဆိုင်များနှင့် ဝပ်ရှော့များ ဖြစ်လာကြသည်။

ချုံကင်းမြို့၊ ဖူကျားဂေါင်အရပ်တွင် မြေအောက်ဥမင်ပေါင်း ၅၂ ရှိပြီး စက်မှုလုပ်ငန်းများအတွက် ပြောင်းလဲအသုံးပြုလာကြသည်။

မြေအောက်လိုဏ်ခေါင်းများသို့ နောက်ဆုံးရောက်ရှိလာသည့် စက်မှုလုပ်ငန်းမှာ တရုတ်ပြည်တွင် အောင်မြင်မှုအရှိဆုံး မော်တော်ဆိုင်ကယ်ကုမ္ပဏီဖြစ်သည့် Jianshe ကုမ္ပဏီ ဖြစ်သည်။

Jianshe က မော်တော်ဆိုင်ကယ် အပိုပစ္စည်းများကို အဆိုပါမြေအောက်လှိုဏ်ခေါင်းများတွင် ထုတ်လုပ်သည်ဟု ဆိုသည်။

အလုပ်သမားများသည် အလင်းရောင်အားနည်းပြီး၊ လေဝင်လေထွက်မကောင်းသည့် မြေအောက်လှိုဏ်ခေါင်းများတွင် ဆူညံလှသည့် စက်ယန္တရားကြီးများကို လည်ပတ်ကိုင်တွယ်လာခဲ့ကြသည်မှာ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းကတည်းကဖြစ်သည်ဟု ဆိုသည်။

ယနေ့အချိန်တွင်မူ Jianshe ကုမ္ပဏီ၏ လုပ်သားများကို ချုံကင်းမြို့ပေါ်အခြားနေရာများသို့ ရွှေ့ပြောင်းထားပေးခဲ့ပြီးဖြစ်သည်။

တရုတ်အစိုးရက ချုံကင်းမြို့ ဖူကျားဂေါင်အရပ်ရှိ မြေအောက်ဥမင်များကို ဒုတိယကမ္ဘာစစ်ကြီးအောက်မေ့ဖွယ် အထိမ်းအမှတ် ပြတိုက်နေရာအဖြစ် ပြောင်းလဲရန် စီစဉ်လာခြင်းကြောင့် ဖြစ်သည်။

ဥမင်ကြီး၏ အခြားတစ်နေရာ၊ လီဇီဘာ ဘူတာရုံအနီးတွင် လုပ်ငန်းတစ်ခုလည်ပတ်နေသော လုပ်ငန်းရှင် မစ္စက် ဖန်းကမူ စတီးဈေးနှုန်းများ ကျဆင်းလာခြင်းကြောင့် လုပ်ငန်းဆက်လက်ရပ်တည်နိုင်ရန် ရုန်းကန်ရလျက်ရှိသည်။

မစ္စက်ဖန်းသည် ၂၀၀၀ ပြည့်နှစ်တွင် စီချွမ်ပြည်နယ်မှ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၄ နှစ်ခန့်ကအထိ စတီးတစ်တန်လျှင် ယွမ်ငွေ ၂၀၀၀ (ဟောင်ကောင်ဒေါ်လာ ၂၂၇၀) ရရှိခဲ့သည်။
ယနေ့ကာလတွင်မူ တစ်တန်လျှင် ယွမ် ၉၀၀-၁၀၀၀ ခန့်ရလျှင်ပင် အတော်ကံကောင်းသည်ဟု ဆိုနေရသည်။

ချုံကင်းရှိ မြေအောက်လှိုဏ်ခေါင်းများစွာကို ဝပ်ရှော့များအဖြစ်လည်း ပြောင်းလဲအသုံးပြုလျက်ရှိသော်လည်း အလုပ်ဖြစ်မှု နည်းပါးလှသည်။

သို့စေကာမူ မြေအောက်ဥမင်များတွင် လုပ်ငန်းများလည်ပတ်ရခြင်း၏ ကောင်းကျိုးတစ်ခုမှာ စရိတ်နည်းပါးခြင်း ဖြစ်၏။

လက်ထပ်ပြီးစ ဇနီးမောင်နှံဖြစ်သော မာဇီဟွာနှင့် နင်ပင်ဇီတို့သည် မြေအောက်ဥမင်တစ်နေရာကို ငှားရမ်းလိုက်ကြပြီး စက်ဘီးအရောင်းဆိုင်ဖွင့်ခဲ့ကြသည်။

မြေအောက်ဥမင်များတွင် နွေရာသီတွင် အပူချိန်နည်းပါးပြီး ဆောင်းတွင်းတွင်လည်း နွေးထွေးမှုပေးရာ လေအေးပေးစက်များ အထူးတပ်ဆင်ရန်မလိုတော့ချေ။
ငှားရမ်းခမှာလည်း တစ်လလျှင် ယွမ်ငွေ ၃၀၀၀ ခန့်သာ ပေးရ၏။

အလျား ၂ ဒသမ ၅ ကီလိုမီတာခန့်ရှိသော ဥမင်လမ်းပိုင်းတစ်နေရာမှာမူ မြေအောက်ရထားလမ်းဖောက်ရန်အတွက် အသုံးပြုလျက်ရှိပြီး ဆောက်လုပ်နေဆဲ ဖြစ်သည်။

ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့က အခြားအသုံးမပြုဘဲကျန်ရှိနေသည့် မြေအောက်ဥမင်များကို အပန်းဖြေရာနေရာများအဖြစ် ပြောင်းလဲတည်ဆောက်ပေးလျက်ရှိနေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်ချုံကင်းမြို့တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုရန်မှ ပုန်းရှောင်ရန် တူးဖော်ခဲ့သည့် ဗုံးခိုကျင်းများ၏ ယနေ့အခြေအနေ - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်ချုံကင်းမြို့တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုရန်မှ ပုန်းရှောင်ရန် တူးဖော်ခဲ့သည့် ဗုံးခိုကျင်းများ၏ ယနေ့အခြေအနေ - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်ချုံကင်းမြို့တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုရန်မှ ပုန်းရှောင်ရန် တူးဖော်ခဲ့သည့် ဗုံးခိုကျင်းများ၏ ယနေ့အခြေအနေ - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်ချုံကင်းမြို့တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုရန်မှ ပုန်းရှောင်ရန် တူးဖော်ခဲ့သည့် ဗုံးခိုကျင်းများ၏ ယနေ့အခြေအနေ - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်ချုံကင်းမြို့တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုရန်မှ ပုန်းရှောင်ရန် တူးဖော်ခဲ့သည့် ဗုံးခိုကျင်းများ၏ ယနေ့အခြေအနေ - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်ချုံကင်းမြို့တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုရန်မှ ပုန်းရှောင်ရန် တူးဖော်ခဲ့သည့် ဗုံးခိုကျင်းများ၏ ယနေ့အခြေအနေ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service