ကန်ဒေါ်လာ ၄ သန်းခွဲဖြင့် ရောင်းချမည့် အကျဉ်းထောင်ကြီး - Property News in Myanmar from iMyanmarHouse.com
4603 Views

ကန်ဒေါ်လာ ၄ သန်းခွဲဖြင့် ရောင်းချမည့် အကျဉ်းထောင်ကြီး

Killen Thomas ကုမ္ပဏီသည် သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တော်ကြီးအနီး၊ ကိုဘာ့ဂ်ျအရပ်၊ အာကူဟာ့ထ်လမ်းတွင် တည်ရှိသော အကျဉ်းထောင်ဟောင်းကြီးကို အရောင်းဈေးကွက်တင်လာသည်။

အဆိုပါအကျဉ်းထောင်ကြီးတွင် တစ်ခေတ်တစ်ခါက အလွန်ဆိုးသွမ်းခဲ့သည့် ရာဇဝင်လူဆိုးကြီးများကို ထိန်းသိမ်းထားရှိခဲ့ရာဖြစ်သည်။

မာ့ခ် ချော့ပါး ရိဒ်နှင့် နောက်ဆုံးကြိုးပေးကွပ်မျက်ခံခဲ့ရသည့် လူဆိုးကြီး ရော်နယ် ရိုင်ယန်တို့ကို ထိန်းသိမ်းထားခဲ့ရာနေရာ ဖြစ်သည်။

၁၈၇၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သမိုင်းဝင်အမွေအနှစ်အဖြစ် သတ်မှတ်ထားခြင်းခံရသည့် အဆောက်အအုံကြီးလည်း ဖြစ်သည်။

အကျဉ်းခန်းပေါင်း ၁၆၀ ပါဝင်သည့်အကျဉ်းထောင်ကြီးကို အချို့က backpacker တို့ နေထိုင်ရန်နေရာအဖြစ် အသုံးပြုရန် အဆိုပြုကြပြီး အချို့ကမူ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဝိုင်သိုလှောင်ခန်းများအဖြစ် အသုံးပြုရန် ကမ်းလှမ်းကြသည်ဟု ဆိုသည်။

Killen Thomas မှ အမှုဆောင်အရာရှိချုပ် ဂျွန် ကမီလာရီက ယင်းအကျဉ်းထောင်ကြီးကို “အရမ်းလှပပြီး တမူထားခြားတဲ့ကောင်ကြီး” ဟု တင်စားခဲ့သည်။

“ကျွန်တော်က အကျဉ်းခန်းတွေ ရောင်းချရာမှာ အထူးကျွမ်းကျင်သူတစ်ဦးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကိုစိတ်ဝင်စားတဲ့ ဝယ်လက်တွေအနေနဲ့ အကျဉ်းထောင်တစ်ခုဖြစ်ခဲ့တယ်ဆိုတဲ့အချက်အပေါ်မှာ အခြေခံစဉ်းစားကြမှာ မလွဲပါဘူး” ဟု ကမီလာရီက ဆိုသည်။

တချိန်က ပြည်နယ်၏ အဆိုးဆုံးလူဆိုးကြီးများကို ထိန်းသိမ်းခဲ့သည့်အကျဉ်းထောင်ကြီးကို ၁၉၉၇ ခုနှစ်တွင် ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။

နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ထူးခြားသည်မှာ အမိုးခုံးဖြစ်သည်။

နောက်ပိုင်းတွင် ပါတီပွဲများ လက်ခံကျင်းပပေးခြင်းများ ပြုလုပ်ခဲ့ပြီး ယနေ့အခါတွင်မူ ပရလောကသုတေသီတို့ စောင့်ကြည့်လေ့လာနိုင်ရန် စီစဉ်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။

အကျဉ်းထောင်ကြီး၏ မြေနေရာပိုင်နက်များကိုမူ လူနေကျေးရွာတစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး လူနေတိုက်ခန်းများ၊ ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များနှင့် နေ့ကလေးထိန်းအဆောက်အအုံများ ဆောက်လုပ်လာကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကန်ဒေါ်လာ ၄ သန်းခွဲဖြင့် ရောင်းချမည့် အကျဉ်းထောင်ကြီး - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

CarsDB
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service