သင်္ကြန်အပြီးတွင်ဆောက်လုပ်ရေးပါမစ်ကျနိုင်မည်ဟု မျှော်မှန်းထားသည့် Y COMPLEX PROJECT - Property News in Myanmar from iMyanmarHouse.com
5105 Views

သင်္ကြန်အပြီးတွင်ဆောက်လုပ်ရေးပါမစ်ကျနိုင်မည်ဟု မျှော်မှန်းထားသည့် Y COMPLEX PROJECT

Y Complex Project စီမံကိန်းနှင့် ပတ်သက်ပြီး Y Complex Project စီမံကိန်းနှင့် ပတ်သက်၍ သင်္ကြန်အပြီးတွင်ဆောက်လုပ်ရေးပါမစ်ကျနိုင်မည်ဟု မျှော်မှန်းထားပြီးEIA အစီရင်ခံစာတင်ပြနေချိန်တွင် ခြံစည်းရိုးခတ်ခြင်းနှင့် ပြင်ဆင်မှုလုပ်ငန်းများစတင်လုပ်ဆောင်မည်ဖြစ်ကြောင်း စီမံကိန်း အကောင်အထည်ဖော်မည့် FUJITA ကုမ္ပဏီမှ တာဝန်ရှိသူ မှ ပြောကြားကြောင်းသိရသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းပါမစ်ကြီးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) တွင် တင်ပြခဲ့ပြီး YCDC မှ ပြောကြားသည့်အတိုင်းပြန်လည်ပြင်ဆင်မှုပြီးသွားပြီ ဖြစ်သောကြောင့်သင်္ကြန်အပြီးတွင် ဆောက်လုပ်ရေးလုပ်ငန်းကိုစတင်လုပ်ဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း FUJITA ကုမ္ပဏီမှ တာဝန်ရှိသူ မှ ပြောကြားကြောင်းသိရသည်။

သင်္ကြန်ပြီး၍ construction ပါမစ်ကျမည်ဆိုလျှင် ခြံစည်းရိုး ခတ်ခြင်း နှင့် ပြင်ဆင်မှုလုပ်ငန်းများကို လုပ်နေရင်းနှင့် EIA ကျသည်နှင့် တပြိုင်နက် ဖြစ်သွားမည်ဟု မျှော်လင့်ထားကြောင်းသိရသည်။ဂျပန် အဖွဲ့သည်လည်းYCDC ကိုလည်းကောင်း၊Environment ကိုလည်းကောင်းချမှတ်ထားသည့်လုပ်ထုံးလုပ်နည်း နှင့်အညီတင်သည်။ကျမှသာလျှင် စတင်ဆောင်ရွက်မှာ ဖြစ်သည်ဟု သိရသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး(EIA) အစီရင်ခံစာအပြီးသတ်ကို အစိုးရထံတင်ပြမည်ဖြစ်ပြီး အစီရင်ခံစာ သုံးသပ်မှုမှာ လုပ်ထုံးလုပ်နည်းအရ ရက်ပေါင်း ၉ဝခန့် ကြာမြင့်နိုင်ကြောင်း စီမံကိန်းနှင့်ပတ်သက်၍ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း(EIA/SIA)ဆောင်ရွက်နေသည့် REM-UAE Company မှ ပြောကြားကြောင်းသိရသည်။

Y Complex စီမံကိန်းနှင့် ပတ်သက်၍ အများပြည်သူနှင့် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခြင်းမတိုင်မီ ၂ဝ၁၈ ခုနှစ်မေ ၁ရက်နောက်ဆုံးထား၍ ပတ်ဝန်းကျင်ထိခိုက်မှုလေ့လာဆန်းစစ်ခြင်း(EIA)နှင့်ပတ်သက်သည့်အကြံပြုစာများကို Email-ycomplexeiall@gmail.com, ph-09425842121သို့ စီမံကိန်းနှင့် ပတ်သက်၍ ဆက်သွယ်အကြံပြုနိုင်ကြောင်းသိရသည်။

ယင်းစီမံကိန်းကို ဂျပန်နိုင်ငံမှ Fujita ကုမ္ပဏီ၊ TOKYO TAMONO ကုမ္ပဏီ၊JOIN ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ ဧရာဟင်္သာကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းတန်ဖိုးငွေမှာ အမေရိကန်ဒေါ်လာသန်း ၃၂ဝ ဖြစ်ကာ စီမံကိန်းပြီးစီးမည့်ကာလ မှာ ၂ဝ၂ဝ ပြည့်နှစ်ဖြစ်ကြောင်းသိရသည်။

Credit :Daily Eleven
သင်္ကြန်အပြီးတွင်ဆောက်လုပ်ရေးပါမစ်ကျနိုင်မည်ဟု မျှော်မှန်းထားသည့် Y COMPLEX PROJECT - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service