တရုတ်၏ BRI အစီအစဉ်အတွက် စင်္ကာပူ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည် - Property News in Myanmar from iMyanmarHouse.com
4183 Views

တရုတ်၏ BRI အစီအစဉ်အတွက် စင်္ကာပူ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်

တရုတ်၏ ပိုးလမ်းမအစီအစဉ် အောင်မြင်စွာ အကောင်အထည်ပေါ်လာရေး
အတွက် အလိုအပ်ဆုံးဈေးကွက်အဖြစ် ယူဆခံထားရသည့် စင်္ကာပူသည် ထိုအစီအစဉ်အတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်တင်ရန် စင်္ကာပူက တရုတ်နှင့် ဧပြီ ၈ တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီဖြစ်သည်။

"ပိုးလမ်းမစီးပွားရေးရပ်ဝန်းနှင့် ၂၁ ရာစုရေကြောင်းပိုလမ်းမ" အစီအစဉ်ကို One Belt and One Road Initiative (OBOR)၊ The Belt and Road (B&R) နှင့် The Belt and Road Initiavtive (BRI) ဟုလည်း ခေါ်သည်။ ၎င်းမှာ အာရှ၊ အာဖရိကနှင့် ဥရောပနိုင်ငံများအကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထားသည့်၊ တရုတ်အစိုးရက အဆိုပြုသော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတစ်ခု ဖြစ်သည်။

ထို့ကြောင့် တရုတ်၏ ယင်းအစီအစဉ်သည် အာရှမှ ဥရောပကို ဆက်သွယ်မည့် ကြီးမားကျယ်ပြန့်သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြစ်သည်။

စင်္ကာပူသည် BRI ၏ ၂၁ ရာစုရေကြောင်းပိုးလမ်းမတစ်လျှောက် မဟာဗျူဟာမြောက် တည်ရှိသည်။ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့ ဖြတ်လမ်းများတွင်လည်း တည်ရှိသဖြင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးနှင့် ပို့ဆောင်ရေးအချက်အချာနေရာတစ်ခုလည်း အခိုင်အမာတည်ရှိနေသည်။

ဧပြီ ၈ က ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ စင်္ကာပူကုန်သွယ်ရေးနှင့် စက်မှုစီးပွားရေးလုပ်ငန်းဝန်ကြီးဌာနသည် တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် ပူးပေါင်း၍ နှစ်နိုင်ငံစလုံးမှ ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် လုပ်ငန်းများဆောင်ရွက်လိုသည့်ဈေးကွက်ကဏ္ဍများ ရှာဖွေဖော်ထုတ်မည်ဖြစ်သည်။

ဤပူးပေါင်းဆောင်ရွက်မှုတွင် အခြေခံအဆောက်အအုံဆိုင်ရာနှင့် ဘဏ္ဍာရေးချိတ်ဆက်မှုအပြင် BRI တွင် ပါဝင်သည့် နိုင်ငံများမှ တာဝန်ရှိသူများအတွက် ပူးတွဲလေ့ကျင့်သင်ကြားရေးအပါအဝင် အခြားနိုင်ငံများတွင် ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့သည့် ၎င်း BRI အစီအစဉ်တွင် အာရှ၊ အာဖရိကနှင့် ဥရောပတစ်ခွင်ရှိ နိုင်ငံပေါင်း ၆၅ နိုင်ငံဝန်းကျင်ကို ဆက်သွယ်ရန် လမ်းများ၊ ဆိပ်ကမ်းများ၊ ရထားလမ်းများနှင့် စက်မှုဇုန်များ တည်ဆောက်မှုတို့ ပါဝင်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service