အရှေ့တောင်အာရှက တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများအတွက် အဓိကပစ်မှတ်တစ်ခုဖြစ်ဆဲ - Property News in Myanmar from iMyanmarHouse.com
4081 Views

အရှေ့တောင်အာရှက တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများအတွက် အဓိကပစ်မှတ်တစ်ခုဖြစ်ဆဲ

တရုတ်ပြည်မကြီးတွင် ၂၀၁၆ ခုနှစ်နှောင်းပိုင်းက စတင်ကာ နိုင်ငံပြင်ပသို့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်မှုများအား တင်းကျပ်ခဲ့ပြီးနောက် ကမ္ဘာ့အိမ်ခြံမြေဈေးကွက်များအားလုံး၌ တရုတ်တို့၏ စုံစမ်းမေးမြန်းမှုများ အရှိန်နှေးကွေးသွားသော်လည်း အရှေ့တောင်အာရှ အထူးသဖြင့် ထိုင်းနှင့် ဗီယက်နမ်ဈေးကွက်တို့သည် တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများအတွက် အဓိကစိတ်ဝင်စားရာဈေးကွက်များ ဖြစ်နေဆဲဖြစ်ကြောင်း တရုတ်အိမ်ခြံမြေဝက်ဘ်ဆိုက်ဒ် Juwai.com ၏ ဧပြီ ၄ တွင် ဖော်ပြခဲ့သော သတင်းတစ်ရပ်အရ သိရသည်။

ထိုင်းသည် ယမန်နှစ် ဒုတိယသုံးလပတ်အတွင်း တရုတ်ဝယ်လက်များအတွက် ထိပ်တန်းနေရာများစာရင်းတွင် အမေရိကန်နှင့် သြစတြေးလျပြီးလျှင် တတိယနေရာသို့ သုံးနေရာခုန်တက်ရောက်ရှိခဲ့ပြီး ဗီယက်နမ်က မပါဝင်စဖူးအဖြစ် ထိုစာရင်းတွင် ပါဝင်ခဲ့သည်။

ဗီယက်နမ်အတွက် တရုတ်တို့၏ စုံစမ်းမေးမြန်းမှုများသည် ၂၀၁၇ ခုနှစ်အတွင်း ၄၄၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၎င်းဝက်ဘ်ဆိုက်ဒ်၏ အချက်အ
လက်များအရ သိရသည်။ နယ်နိမိတ်ချင်းနီးသော်လည်း ဗီယက်နမ်သည် တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုအငြင်းပွားမှုနှင့်ပတ်သက်၍ တရုတ်နှင့် ယခင်က ကတောက်ကဆပြဿနာများ ရှိခဲ့သည်။ ထိုစဉ်က တရုတ်အများအပြားက ဗီယက်နမ်သို့ အလည်အပတ်ပင် သိပ်မထွက်ခဲ့ကြတော့ဘဲ နှစ်အနည်းငယ်ကြာမှ ယခုကဲ့သို့ သဘောထားများ ပြောင်းလဲလာခဲ့ကြခြင်းဖြစ်သည်။

တရုတ်တို့၏ စိတ်ဝင်စားမှုမြင့်မားလေ့ရှိသည့် မလေးရှားတွင် ယမန်နှစ်ကမူ ယခင်နှစ်များလောက်ပင် စိတ်ဝင်စားမှုများပြားခဲ့ခြင်း၊ ဗီယက်နမ်လောက်ပင် စိတ်ဝင်စားမှု များပြားခဲ့ခြင်း မရှိပေ။

တရုတ်၏ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်ကြေးရတတ်လူတန်းစားများသည် သူတို့၏ ဓနဥစ္စာတို့အား သိမ်းဆည်းရန် လုံခြုံသော နတ်ဘုံနတ်နန်းတစ်ခုအဖြစ် စင်္ကာပူကိုလည်း မျက်စိကျနေကြသည်။ စင်္ကာပူသည် နိုင်ငံအရွယ်ငယ်သော်လည်း အရှေ့တောင်အာရှတွင် တရုတ်ဝယ်လက်များအတွက် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားပြီးလျှင် စတုတ္ထမြောက်စိတ်ဝင်စားခံရဆုံး အိမ်ခြံမြေဈေးကွက် ဖြစ်ခဲ့သည်။

နိုင်ငံရှိ ကမ္ဘာ့အဆင့်မီ ဆေးရုံများနှင့် နိုင်ငံတကာစာသင်ကျောင်းများ ရှိပြီး မန်ဒရင်းက တရားဝင်ဘာသာစကားလေးမျိုးအနက် တစ်ခုအပါအဝင်ဖြစ်ခြင်း တို့ကြောင့် စင်္ကာပူသည် တရုတ်ရင်းနှီးမြှုပ်နှံသူများအကြား တစ်ဟုန်ထိုး ရေပန်းစားလျက်ရှိသည်။

တရုတ်ပြည်မကြီးသည် ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်တွင် စင်္ကာပူရှိ အဆင့်မြင့်အိမ်ခြံမြေများအား အများဆုံးဝယ်ယူသည့် နိုင်ငံခြားဝယ်လက်များ ဖြစ်ခဲ့သည်ဟု အမေရိကန်အိမ်ခြံမြေ၀န်ဆောင်မှုကုမ္ပဏီ Cushman & Wakefield ကလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service