တရုတ်ပြည်၏ တော်လှန်ရေးခေါင်းဆောင် ဆွန်ယက်ဆင်၏ ဇာတိမြေမှာ တရုတ်ပြည်တွင် အိမ်ခြံမြေဝယ်လိုအားအများဆုံး ထိပ်တန်းနေရာများတွင် တစ်ခုအပါအဝင် ဖြစ်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
5806 Views

တရုတ်ပြည်၏ တော်လှန်ရေးခေါင်းဆောင် ဆွန်ယက်ဆင်၏ ဇာတိမြေမှာ တရုတ်ပြည်တွင် အိမ်ခြံမြေဝယ်လိုအားအများဆုံး ထိပ်တန်းနေရာများတွင် တစ်ခုအပါအဝင် ဖြစ်လာလျက်ရှိ

တရုတ်ပြည်၏ တော်လှန်ရေးခေါင်းဆောင် ဆွန်ယက်ဆင်၏ ဇာတိမြေမှာ တရုတ်ပြည်တွင် အိမ်ခြံမြေဝယ်လိုအားအများဆုံး ထိပ်တန်းနေရာများတွင် တစ်ခုအပါအဝင် ဖြစ်လာလျက်ရှိသည်။

တရုတ်ပြည်တောင်ပိုင်းတွင် Greater Bay Area အမည်ရှိ စီမံကိန်းကြီးတစ်ရပ် ဖော်ဆောင်လျက်ရှိရာ ဆွန်ယက်ဆင်၏ ဇာတိမြို့  ချောင်ရှန်းရှိ အိမ်ခြံမြေဈေးနှုန်းများ တဟုန်ထိုးမြင့်တက်လာနေသည်။

ချောင်ရှန်းမြို့ ၊ Cuiheng အရပ်ရှိ Leading New Wave အိမ်ရာစီမံကိန်း အရောင်းပြပွဲကို ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့ရာ ဝယ်ယူလိုသူများ ကြိတ်ကြိတ်တိုးစည်ကားခဲ့သည်။

ထိုစဉ်က ပထမအသုတ်အဖြစ် နေအိမ်ခန်းပေါင်း ၁၀၀ ရောင်းချခဲ့ရာ တစ်နေ့အတွင်း အကုန်ရောင်းထွက်သွားခဲ့သည်။

တစ်စတုရန်းမီိတာလျှင် ယွမ်ငွေ ၁၇၀၀၀ (တစ်စတုရန်းပေလျှင် ကန်ဒေါ်လာ ၂၅၀) ဈေးနှုန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော ၃ နှစ်က ဈေးနှုန်းထက် ၃ ဆခန့် ပိုမိုမြင့်တက်သွားခြင်းလည်း ဖြစ်သည်။

ယခုအခါ အဆိုပါ စီမံကိန်းကိုဒုတိယအသုတ် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

ဆွန်ယက်ဆင်ကို ခေတ်သစ်တရုတ်ပြည်၏ဖခင်ကြီးအဖြစ် တရုတ်ပြည်သူတို့က သတ်မှတ်ထားကြသည်။

သူ၏ ဇာတိမြေ ချောင်ရှန်းသည် တရုတ်အစိုးရက အကောင်အထည်ဖော်နေသော Greater Bay Area စီမံကိန်းတွင် ပါဝင်သော မြို့ ကြီး ၁၁ မြို့ အနက်တစ်မြို့  အပါအဝင် ဖြစ်သည်။

Greater Bay Area စီမံကိန်းမှာ ယင်းဒေသတစ်ခွင်ကို ဟောင်ကောင်၊မက္ကာအို၊ ရှန်းဇန်၊ ကွမ်ကျိုး၊ ဖိုရှန်၊ တုန်ကွမ်၊ ဟွေ့ကျိုး၊ ချုဟိုင်း၊ ကျိယန်မင်းအစရှိသည့် စီးပွားရေးအချက်အခြာဒေသများနှင့် ချိတ်ဆက်ပေးရန် ရည်ရွယ်သည်။

ကွမ်တုံပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ယင်းဒေသတွင်းကို New York Bay Area, the San Francisco Bay Area နှင့် the Tokyo Bay Area တို့ကဲ့သို့ ဖော်ဆောင်ရန် ရည်မှန်းထားပြီး ယွမ်ငွေ ၁ ဒသမ ၄၆ ထရီလီယံ (ကန်ဒေါ်လာ ၂၃၁ ဘီလီယံ) သုံးစွဲကာ တံတားများ၊ အဝေးပြေးလမ်းများနှင့် မီးရထားလမ်းများ ဖောက်လုပ်သွားမည်ဟု ကတိပြုထားသည်။

၂၀၃၀ ပြည့်နှစ်သို့ ရောက်လျှင် Greater Bay Area ၏ ဂျီဒီပီမှာ ကန်ဒေါ်လာ ၄ ဒသမ ၆ ထရီလီယံအထိ ရောက်ရှိဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

ယင်းပမာဏမှာ ကမ္ဘာတစ်ဝန်း Bay Area များတွင် အမြင့်မားဆုံးဖြစ်ပြီး ယနေ့ပမာဏထက် ၃ ဆပိုမိုမြင့်မားသွားခြင်းလည်း ဖြစ်သည်။

ချောင်ရှန်းမြို့ကလေးသို့ ဆက်သွယ်မည့် ၈ လမ်းသွား တံတားကြီးဆောက်လုပ်နေမှုမှာလည်း ၂၀၂၃ ခုနှစ်တွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။

အဆိုပါတံတားကြီးက ချောင်ရှန်းနှင့် နည်းပညာမြို့တော် ရှန်းဇန်အကြားခရီးချိန်ကို လျှော့ချပေးမည်ဖြစ်ပြီး လက်ရှိ ၂ နာရီသွားရသည့်ခရီးကို နာရီဝက်မျှဖြင့် ရောက်ရှိစေမည်လည်း ဖြစ်သည်။

“ယခင်က နှစ်ပေါင်းများစွာငြိမ်သက်နေခဲ့တဲ့ အိမ်ခြံမြေဈေးနှုန်းတွေဟာ ရှန်းဇန်-ချောင်ဟန်တံတားဆောက်မယ့်သတင်း အတည်ပြုလိုက်ချိန်မှာ ဈေးတွေထိုးတက်လာတယ်” ဟု ချောင်ဟန်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Kaishun Real Estate မှ အရောင်းမန်နေဂျာ မိုက်ကယ် ချန်းကျိမင်က ပြောကြားသည်။

“လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြို့ထဲမှာ စီမံကိန်းသစ်ပေါင်း ၁၀၀ လောက်တွေ့လာရတယ်။ Greater Bay Area စီမံကိန်းက မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်းကို မကြုံဖူးတဲ့ပမာဏအထိ ရောက်ရှိစေတော့မှာ ဖြစ်ပါတယ်” ဟု ချန်းကျိမင်က ဆက်လက်ပြောကြားသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်၏ တော်လှန်ရေးခေါင်းဆောင် ဆွန်ယက်ဆင်၏ ဇာတိမြေမှာ တရုတ်ပြည်တွင် အိမ်ခြံမြေဝယ်လိုအားအများဆုံး ထိပ်တန်းနေရာများတွင် တစ်ခုအပါအဝင် ဖြစ်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏ တော်လှန်ရေးခေါင်းဆောင် ဆွန်ယက်ဆင်၏ ဇာတိမြေမှာ တရုတ်ပြည်တွင် အိမ်ခြံမြေဝယ်လိုအားအများဆုံး ထိပ်တန်းနေရာများတွင် တစ်ခုအပါအဝင် ဖြစ်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏ တော်လှန်ရေးခေါင်းဆောင် ဆွန်ယက်ဆင်၏ ဇာတိမြေမှာ တရုတ်ပြည်တွင် အိမ်ခြံမြေဝယ်လိုအားအများဆုံး ထိပ်တန်းနေရာများတွင် တစ်ခုအပါအဝင် ဖြစ်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏ တော်လှန်ရေးခေါင်းဆောင် ဆွန်ယက်ဆင်၏ ဇာတိမြေမှာ တရုတ်ပြည်တွင် အိမ်ခြံမြေဝယ်လိုအားအများဆုံး ထိပ်တန်းနေရာများတွင် တစ်ခုအပါအဝင် ဖြစ်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service