ရန်ကုန်စစ်သမိုင်းပြတိုက်နေရာ ဟိုတယ် ဆောက်မည့်စီမံကိန်း ယခုလ စတင်နိုင်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
4481 Views

ရန်ကုန်စစ်သမိုင်းပြတိုက်နေရာ ဟိုတယ် ဆောက်မည့်စီမံကိန်း ယခုလ စတင်နိုင်မည်ဟုဆို

ဆောက်လုပ်ရေးလုပ်ငန်း စတင်ရန် လေးနှစ်ကျော်ကြာ နှောင့်နှေးခဲ့သည့် ရန်ကုန်စစ် သမိုင်းပြတိုက်ကို ဂျပန်ဟိုတယ် အဖြစ် ပြောင်းလဲမည့် စီမံကိန်း အား ယခုလတွင် မြေပြင်လုပ်ငန်း စတင်နိုင်တော့မည်ဖြစ်ကြောင်း Fujita ကော်ပိုရေးရှင်း အထွေ ထွေမန်နေဂျာ Shoichi Inoue က ပြောသည်။

ကန်ဒေါ်လာ သန်း ၃၂၀ ကျော်တန်ဖိုးရှိသည့် ဂျပန် Okura ဟိုတယ်စီမံကိန်းသည် ၂၀၁၃ စက်တင်ဘာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ခွင့်ပြုမိန့် ရရှိသော်လည်း အဆောက်အအုံ ဒီဇိုင်းအနေ အထားကြောင့် တည်ဆောက်ရန် ကြန့်ကြာခဲ့သည်။

‘‘ဧပြီလကုန်ရင် ဆောက် လုပ်ရေးပါမစ်ကျမယ်လို့ မျှော် လင့်တယ်။ EIA/SIA အစီရင်ခံ စာတင်ရင်း မြေပြင်လုပ်ငန်းတွေ စတင်လုပ်ထားမှာပါ’’ဟု Shoichi Inoue က ပြောသည်။

ယခုအခါ အဆိုပါစီမံကိန်း အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုဘဝ ထိခိုက်မှု များ လေ့လာဆန်းစစ်ချက် (EIA/ SIA) ပြုလုပ်နေပြီး မေလအတွင်း အစိုးရထံ တင်ပြနိုင်မည်ဖြစ် ကြောင်း အဆိုပါစီမံကိန်းအတွက် လူမှုဘဝလေ့လာ ဆန်းစစ်ချက် ပြုလုပ်နေသည့် REM-UAE ကုမ္ပဏီဒါရိုက်တာ ဦးဝင်းနိုင်ထွန်း က ပြောသည်။

အဆိုပါဟိုတယ်စီမံကိန်း သည် ရွှေတိဂုံစေတီကုန်းတော်နှင့် တစ်မိုင်အတွင်း တည်ရှိပြီး အကောင်အထည်ဖော်ရန် ၂၀၁၁ ဒီဇင်ဘာတွင် ပုဂ္ဂလိကကုမ္ပဏီ များကို တင်ဒါခေါ်ယူခဲ့သည်။

တင်ဒါကို ဂျပန် Fujita ကော်ပိုရေးရှင်း၊ Tokyo Tatemono၊ ဂျပန်အစိုးရရှယ်ယာ ပါဝင်သည့် Join ကုမ္ပဏီနှင့် ပြည် တွင်းမှ ဧရာဟင်္သာကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်ခွင့် ရခဲ့သည်။ အဆိုပါစီမံကိန်းကို ၂၀၁၃ စက် တင်ဘာတွင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ခွင့်ပြုချက်ရပြီး ၂၀၁၃ အောက်တိုဘာတွင် လုပ် ငန်းသဘောတူညီမှု စာချုပ် ချုပ် ဆိုခဲ့သည်။

ဂျပန်ကုမ္ပဏီ Fujita ၏ အဆိုအရ အဆိုပါစီမံကိန်းသည် ကိုးထပ်မြင့် အဆောက်အအုံဖြစ် ပြီး ဟိုတယ်နှင့် ရုံးခန်းများပါဝင် မည်ဖြစ်သည်။ အဆောက်အအုံ အမြင့် ပေ ၁၃၀ ကျော်ရှိပြီး ရွှေတိ ဂုံစေတီ ကုန်းတော်၏ အမြင့် ထက် ငါးပေကျော် လျော့နည်း မည်ဖြစ်ကြောင်း အဆိုပါ အ ဆောက်အအုံအတွက် ပြည်တွင်း မှ ဗိသုကာလုပ်ငန်းများ စိစစ်ပေး သည့် ဗိသုကာပညာရှင် ဦးဝင်း မြင့်က ပြောသည်။

ယင်းစီမံကိန်းကို ၂၀၂၀ တွင် အပြီးတည်ဆောက် မည်ဖြစ် ပြီး ဘေးပတ်ဝန်းကျင်ကလည်း စီမံကိန်းကို ကန့်ကွက်ခြင်း မရှိ ကြောင်း ဂျပန်ကုမ္ပဏီ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အဆိုပါစီမံကိန်းနှင့်ပတ် သက်၍ ရန်ကုန်တိုင်းအစိုးရ လွှတ်တော်တွင် ဖြေကြားခဲ့စဉ်က အထပ် ရှစ်ထပ်သာဖြစ်ပြီး စီမံ ကိန်းစတင်ရန် စီစဉ်ကတည်းက ပွင့်လင်းမြင်သာမှု အားနည်းခဲ့ ကြောင်း ယင်းစီမံကိန်း တည် ဆောက်မည့် ဒဂုံမြို့နယ်မှ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ဇေယျက ပြော သည်။

Okura ဟိုတယ်လုပ်ငန်း သည် ဂျပန်နိုင်ငံတွင် နာမည် ကျော် ဟိုတယ်လုပ်ငန်းစုတစ်ခု ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service