Bitcoin ကဲ့သို့ Cryptocurrency သုံးစွဲခြင်းအသိမှတ်မပြုကြောင်း ဗဟိုဘဏ်ထုတ်ပြန်ဖို့ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
4704 Views

Bitcoin ကဲ့သို့ Cryptocurrency သုံးစွဲခြင်းအသိမှတ်မပြုကြောင်း ဗဟိုဘဏ်ထုတ်ပြန်ဖို့ပြင်ဆင်

Bitcoin ကဲ့သို့ Cryptocurrency သုံးစွဲခြင်းအသိမှတ်မပြုကြောင်း ဗဟိုဘဏ်ထုတ်ပြန်ဖို့ပြင်ဆင်နေတယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ
ဦးကျော်ကျော်မောင်က ပြောဆိုပါတယ်။

ရွှေ(သို့မဟုတ်) အခြားအရာတစ်ခုခုကို ကျောထောက်နောက်ခံထားပြီး ရိုက်နှိပ်ထုတ်ဝေတဲ့ ငွေကြေးမျိုးမဟုတ် ပဲ Mathematical
Algorithm နည်းပညာပေါ် အခြေခံထုတ်ဝေတဲ့ Digital Currencyကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေကို တားဆီးနိုင်ဖို့ နိုင်ငံတကာ
မှာလည်း လုပ်ဆောင်ချက်တွေရှိနေပြီး မြန်မာနိုင်ငံမှာလည်း ယင်းငွေကြေးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေမဖြစ်အောင်
ဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒါရိုက်တာများဘုတ်အဖွဲ့ အစည်းအဝေးမှာ ပြည်သူများကြား
Cryptocurrency ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေရှောင်ရှားနိုင်ဖို့ ယင်းငွေကြေး ကိုတရားဝင်အသိအမှတ်မပြုကြောင်း ထုတ်ပြန်ဖို့သမ္မတရုံးထံတင်ပြပြီး ခွင့်ပြုချက်တောင်းခံဖို့ ဆွေးနွေးခဲ့ကြတာပါ။

တရားဝင်အသိအမှတ် မပြုထားတဲ့ငွေကြေးဖြစ်တာကြောင့် ပေါ်ပေါက်လာတဲ့ဆုံးရှုံးမှုတွေကို အကာအကွယ်ပေး နိုင်မဲ့ ဥပဒေအာမခံချက်မရှိခြင်း Hackers များနှောက်ယှက်နိုင်ခြင်းငွေကြေးခဝါချမှုနဲ့ အခွန်ရှောင်ရှားမှုများဖြစ် ပေါ်နိုင်ခြင်းနဲ့ အခြားသောအကျိုးဆက်များကြောင့် Bitcoin ကဲ့သို့ Cryptocurrency သုံးစွဲခြင်းအသိမှတ်မပြုကြောင်း ညွှန်ကြားချက်ထုတ်ပြန်နိုင်ဖို့ နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီး ခွင့်ပြုချက်တောင်းခံထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဆုံးရှုံးနိုင်ခြေမြင့်မားတဲ့ Bitcoin အပါအဝင်အခြားသော Cryptocurrency များအပေါ် ရင်းနှီးမြုပ် နှံမှုများပြုလုပ်ခြင်းနဲ့ ရင်းနှီးမြုပ်နှံမှုပြုလုပ်ဖို့ ပြည်သူတွေကိုစည်းရုံးဆွဲဆောင်ခြင်းများ ပြုလုပ်ခြင်းကို တားမြစ်နိုင်ဖို့ Cryptocurrency ကို တရားမဝင်ရောင်းဝယ်မှုအဖြစ်ကြေညာချက်တွေ ထုတ်ပြန်သင့်တယ်လို့လည်း ဗဟို ဘဏ်တာဝန်ရှိသူက ပြည်တွင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်
မှာ ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် Cryptocurrency အသုံးပြုနိုင်တဲ့ Hardware/Software တားမြစ်ပိတ်ပင်ခြင်း အရောင်းအဝယ်ပြုလုပ် နိုင်တဲ့ Websiteများ Mobile Software များနဲ့ အခြားသောကြားခံဝန်ဆောင်မှုပေးတာတွေကိုလည်း တားမြစ် ထိန်းချုပ်တာတွေ လုပ်ဆောင်သင့်တယ်လို့လည်း ဗဟိုဘဏ်တာဝန်ရှိသူပြောဆိုမှုအရ
သိရပါတယ်။

လက်ရှိ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ်၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့အခြားသောနိုင်ငံတကာ ဗဟိုဘဏ်တွေက လည်း
Cryptocurrency အသိမှတ်မပြုကြောင်း အသီးသီးထုတ်ပြန်ထားပါတယ်။

Credit: SFJ Strategy First
Bitcoin ကဲ့သို့ Cryptocurrency သုံးစွဲခြင်းအသိမှတ်မပြုကြောင်း ဗဟိုဘဏ်ထုတ်ပြန်ဖို့ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
Bitcoin ကဲ့သို့ Cryptocurrency သုံးစွဲခြင်းအသိမှတ်မပြုကြောင်း ဗဟိုဘဏ်ထုတ်ပြန်ဖို့ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service