တစ်ချိန်က ကမ္ဘာကိုကိုင်လှုပ်ခဲ့သည့် မှော်ဆရာကြီး ဟယ်ရီ ဟူဒီနီ၏ နေအိမ်ကြီး ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
5162 Views

တစ်ချိန်က ကမ္ဘာကိုကိုင်လှုပ်ခဲ့သည့် မှော်ဆရာကြီး ဟယ်ရီ ဟူဒီနီ၏ နေအိမ်ကြီး ဝယ်လက်တွေ့ပြီ

တစ်ချိန်က ကမ္ဘာကိုကိုင်လှုပ်ခဲ့သည့် မှော်ဆရာကြီး ဟယ်ရီ ဟူဒီနီ၏ နယူးယောက် နေအိမ်ကြီးကို ဝယ်ယူမည့်သူ ပေါ်ပေါက်လာပြီ ဖြစ်သည်။
ဟူဒီနီ၏ နယူးယောက်နေအိမ်ကြီးမှာ ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းဖြင့် ဈေးကွက်တင်ထားခဲ့ခြင်း စြဖ်သည်။

ဟူဒီနီသည် အချုပ်အနှောင်များမှ ရုန်းထွက်ပြမှုဖြင့် နာမည်ကျော်ခဲ့ပြီး သူ၏နယူးယောက်နေအိမ်မှာ နယူးယောက်မြို့ ဟာလမ်အရပ်၊ အနောက် ၁၁၃ လမ်း၊ အမှတ် ၂၇၈ တွင် တည်ရှိသည်။

The Houdini House ဟု နာမည်ကျော်သည့် အဆိုပါစံအိမ်ကြီးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက အရောင်းဈေးကွက်သို့ ဝင်ရောက်လာခဲ့ရာတွင် ကန်ဒေါ်လာ ၄ ဒသမ ၆ သန်း ဈေးခေါ်ခဲ့သည်။

ယင်းနောက်ရောင်းမထွက်ခဲ့ဘဲ ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းသို့ ခေါ်ဈေးလျှော့ချပေးပြီးနောက်ပိုင်း ယခုအခါတွင်မှ ရောင်းထွက်သွားခြင်းဖြစ်ကာ ခေါ်ဈေးအတိုင်း ဈေးတည့်သွားခြင်းလည်း ဖြစ်သည်။

ဟူဒီနီက ၁၉၀၄ ခုနှစ်တွင် ကန်ဒေါ်လာ ၂၅၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ဇနီးဖြစ်သူ ဘက်စ်နှင့်အတူ အခြားဆွေမျိုးများစွာနှင့် အတူတကွ နေထိုင်ခဲ့ပြီး ၁၉၂၆ ခုနှစ် ကွယ်လွန်ချိန်အထိ နေထိုင်သွားခဲ့သည်။

မြေအောက်ခန်းပါဝင်သည့် ၅ ထပ်အဆောက်အအုံကို ၁၈၉၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နယူးယောက်၏ နာမည်ကျော် Central Park နှင့် ၃ ဘလောက်ခန့်သာ ဝေးကွာသည်။

အဝင်တံခါးမှာ မူရင်းတံခါးဖြစ်ပြီး တံခါးလက်ကိုင်ကြေးကွင်းများမှာလည်း မူရင်းအတိုင်းတွေ့ရသည်။

သမိုင်းဝင်အထင်ကရအဆောက်အအုံများထိန်းသိမ်းရေးဌာနမှ လာရောက်တပ်ဆင်ထားသည့် အထိမ်းအမှတ်ပြား ဟူဒီနီသည် အဆိုပါနေအိမ်တွင် ၁၉၀၄ ခုနှစ်မှ ၁၉၂၆ ခုနှစ်အထိ နေထိုင်သွားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ဟူဒီနီ သက်ရှိထင်ရှားရှိစဉ်ကတည်းကပင် စတုရန်းပေ ၆၀၀၈ ရှိသော အဆိုပါနေအိမ်ကြီးကို ပိုင်ဆိုင်သူများစွာ ပြောင်းလဲခဲ့သည်။

ဈေးကွက်တင်သည့် ကုမ္ပဏီ Douglas Elliman မှ အကျိုးဆောင် ဘီဗာလီ ဒရာဂွန်က ပြောကြားရာတွင် ဟူဒီနီကို အားပေးထောက်ခံသည့် ပရိသတ်များစွာ လာရောက်လည်ပတ်လေ့ရှိကြောင်း ပြောကြားသည်။

နှစ်ပေါင်းများစွာ ကာလအတွင်း မွမ်းမံမှုများစွာ ပြုလုပ်ခဲ့ရာတွင် မူရင်းလက်ရာများကို ဂရုတစိုက်ထိန်းသိမ်းထားခဲ့သည်။
အဝင်ဝရှိ မဟော်ဂနီလှေကားကြီးနှင့် အခြားအနုစိတ်လက်ရာများလည်း အပါအဝင် ဖြစ်သည်။

ယင်းနေအိမ်သည် ဟူဒီနီ၏ နေအိမ်အဖြစ်သာမက အလုပ်လုပ်ကိုင်ရာအဖြစ်လည်း အသုံးပြုခဲ့သည့်နေရာလည်း ဖြစ်သည်။

ဟူဒီနီကို ရည်မှန်းဂုဏ်ပြုသောအားဖြင့် လွှင့်တင်ထားသည့် Wild About Houdini ဝက်ဘ်ဆိုက်တွင် ဖော်ပြထားရာ၌ ဟူဒီနီသည် ယခုနေအိမ်ကြီးတွင် ရေအောက်လေ့ကျင့်မှုများပြုလုပ်ရန်အတွက် အလွန်ကြီးမားသည့် ရေစိမ်ကန်ကြီးတစ်ခုလည်း ထားရှိခဲ့သည်ဟု ဆိုသည်။

Master bedroom တွင်ကား ငါးရိုးကွက်ဟန်ဟု ခေါ်ကြသော herringbone စတိုင် ကြမ်းခင်းများ ခင်းကျင်းထားသည်။
ဧည့်ခန်းတွင် မူရင်းနံရံမြှုပ် စာအုပ်စင်များ ယနေ့တိုင်ရှိသေးပြီး မျက်နှာကြက်မှာ ၁၅ ပေခန့်အထိ မြင့်မားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တစ်ချိန်က ကမ္ဘာကိုကိုင်လှုပ်ခဲ့သည့် မှော်ဆရာကြီး ဟယ်ရီ ဟူဒီနီ၏ နေအိမ်ကြီး ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က ကမ္ဘာကိုကိုင်လှုပ်ခဲ့သည့် မှော်ဆရာကြီး ဟယ်ရီ ဟူဒီနီ၏ နေအိမ်ကြီး ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က ကမ္ဘာကိုကိုင်လှုပ်ခဲ့သည့် မှော်ဆရာကြီး ဟယ်ရီ ဟူဒီနီ၏ နေအိမ်ကြီး ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က ကမ္ဘာကိုကိုင်လှုပ်ခဲ့သည့် မှော်ဆရာကြီး ဟယ်ရီ ဟူဒီနီ၏ နေအိမ်ကြီး ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က ကမ္ဘာကိုကိုင်လှုပ်ခဲ့သည့် မှော်ဆရာကြီး ဟယ်ရီ ဟူဒီနီ၏ နေအိမ်ကြီး ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service