ဘဏ်ချေးငွေလွယ်လွယ်ရဖို့ စာရင်းဇယားနှင့် စီးပွားရေးစီမံချက်ကောင်းရန်လို - Property News in Myanmar from iMyanmarHouse.com
4734 Views

ဘဏ်ချေးငွေလွယ်လွယ်ရဖို့ စာရင်းဇယားနှင့် စီးပွားရေးစီမံချက်ကောင်းရန်လို

မြန်မာပိုင်လုပ်ငန်းများအတွက် ဘဏ်ချေးငွေ ကျယ်ကျယ်ပြန့်ပြန့် မရကြသေးသည်မှာ ထိုလုပ်ငန်းများ၏ စာရင်းဇယားတွက်ချက်ထိန်းသိမ်းမှုနှင့် စီးပွားရေးအစီအစဉ်များ ချပြနိုင်မှု အားနည်းချက်များသည်အကြောင်းရင်းကြီးတစ်ရပ် ဖြစ်နေသည်ဟု ဘဏ်လုပ်ငန်းရှင်နှင့် စီးပွားရေးပညာရှင်များက ပြောသည်။

ဘဏ္ဍာရေးဆိုင်ရာ သင်တန်းကျောင်းဖြစ်သည့် MFITRIX က ကမကထလုပ်ကာ ပြည်တွင်းလုပ်ငန်းများ ငွေကြေးအရင်းအနှီးရရှိမှု ပိုမိုလွယ်ကူလာစေရေးအတွက် ဆွေးနွေးပွဲတစ်ရပ် ဧပြီ ၁ ရက်က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင်ကျင်းပခဲ့စဉ် ၄င်းတို့က ပြောကြားခဲ့ခြင်းဖြစ်သည်။

''နှစ်များစွာ စာရင်းဇယားပိုင်းအားနည်းလာမှုကို ပြင်ဆင်ဖို့လိုနေပါပြီ။ လုပ်ငန်းအတော်များများဟာ ကုမ္ပဏီရဲ့ ဝင်ငွေ၊ ထွက်ငွေ၊ အခွန်စတဲ့ စာရင်းပိုင်းအားနည်းကြတယ်။ ပြီးတော့ usjiness Plan (စီးပွားရေးလုပ်ငန်းအစီအစဉ် )ကို စနစ်တကျ ပြင်ဆင်ထားတာမရှိဘူး။ ဒါတွေ မရှိဘဲနဲ့တော့ ဘဏ်တွေဟာချေးငွေပေးဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စဖြစ်ပါတယ်''ဟု ဧရာဝတီဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်က ပြောသည်။

အစိုးရသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ငွေချေးကာ ဘဏ်များမှ တစ်ဆင့်ခံပြီး ပြန်ငွေထုတ်ချေးရန် ၂ဝ၁၇ နှစ်လယ်မှ စတင် ကြိုးစားခဲ့သည်။ ထို့အတူ အပေါင်ပစ္စည်းမရှိလျှင် ငွေချေး၍မရသည့် ပြဿနာကြီးမားလာခြင်းကို ဖြေရှင်းရန် ချေးငွေ အာမခံကိုလည်း ၂ဝ၁၆ ခုနှစ်က ထူထောင်ခဲ့သည်။

ထိုသို့ လုပ်ဆောင်သော်လည်း မြန်မာပိုင်လုပ်ငန်းအနည်းငယ်သာ ဘဏ်ချေးငွေ မရကြသေးပေ။

ထို့ကြောင့် ပြည်တွင်းလုပ်ငန်းများသည် ချေးငွေရရေးအတွက် ပြင်ဆင်မှုများ လိုအပ်နေသည်ဟုလည်း ၄င်းတို့က ထောက်ပြကြသည်။

စာရင်းဇယားပိုင်းပြင်ဆင်ရာတွင်လည်း ချေးငွေရလိုမှုကြောင့် လက်တွေ့လုပ်ငန်းလည်ပတ်မှု အခြေ အနေနှင့်ကင်းကွာသည့် စာရင်းဇယားများကို ပြင်ဆင်တင်ပြလာခြင်းများကလည်း ချေးငွေမရစေသည့်အပြင်ပို၍ပင် ခက်ခဲစေသည်ဟု ၄င်းတို့က ပြောသည်။

''တချို့ကျတော့ ကိုယ်တိုင်စာရင်းဇယားပိုင်း မလုပ်တတ်တဲ့အတွက် တတ်တဲ့သူတွေကကူညီပြီး ဖြစ်သလိုလုပ်လိုက်တာရှိတယ်။ ကွင်းဆင်းလေ့လာတာလည်းလုပ်ရော လက်တွေ့နဲ့ စာရွက်ပေါ်က အခြေအနေကလုံးဝကင်းကွာနေတဲ့အတွက် လိမ်ထားတယ်ဆိုတဲ့ သဘောသက်ရောက်ပြီး ချေးငွေထုတ်ပေးဖို့ မဖြစ်နိုင်တာတွေလည်း ရှိတယ်''ဟု စီဘီအာမခံလုပ်ငန်းနှင့် စီဘီငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတို့၏အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးသောင်းဟန်က ပြောသည်။

မြန်မာ့အာမခံ၏ ချေးငွေအာမခံသည်လည်း ၂ဝ၁၆ ခုနှစ်က စတင်ခဲ့သော်လည်း လက်ရှိအချိန်ထိ ၄င်းအာမခံဖြင့် ချေးငွေထုတ်ယူနိုင်သူ ၃ဝဝ ခန့်သာ ရှိထားသေးသည်ဟုလည်း အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောသည်။

ထို့ကြောင့် ပြည်တွင်းလုပ်ငန်းများသည် အရင်းအနှီးရရှိမှုလွယ်ကူစေရန် စာရင်းပိုင်း ထိန်းသိမ်းခြင်း၊လုပ်ငန်းအကြောင်း ပွင့်လင်းစွာဖော် ပြချက်၊စီးပွားရေးအစီအစဉ်များကို ချပြနိုင်ရန် ပြင်ဆင်ထားခြင်းနှင့် အခြေပစ္စည်းများကို မှန်ကန်စွာ ဖော်ပြနိုင်ရန်တို့ကို ပြင်ဆင်ထားသင့်သည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီးဟောင်း ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

''အဓိကအချက်က ချေးငွေရယူတဲ့အခါမှာ လုပ်ငန်းအခြေအနေကို သုံးသပ်ပြီး ဝင်ငွေထွက်ငွေနဲ့ ချေးငွေ အတွက် အတိုးကို ဘယ်လိုဆပ်သွားမယ်ဆိုတဲ့ အချက်ကို တွက်ချက်ဖို့လိုအပ်တယ်''ဟု ကမ္ဘာ့ရတနာဘဏ်၏ဒုအုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာလှညွန့်က ပြောသည်။

မကြာမီကာလတွင် မြန်မာနိုင်ငံသည် ချေးငွေဗျူရိုတစ်ရပ်ကို စတင်ဆောင်ရွက်သွားဖွယ်ရှိနေသဖြင့်၎င်းဗျူရိုလည်ပတ်လာချိန်တွင် ချေးငွေရရှိမှုလွယ်ကူလာ နိုင်ဖွယ်ရှိနေသည်ဟုလည်း အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း၏ ဌာနေမန်နေဂျာ ဒေါ်ခင်သီတာမော်က ပြောသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service