ထားဝယ်တွင် တိုင်းအစိုးရရဲ့ အဆောက်အဦးသစ် ဆောက်လုပ်မှုကို ကန့်ကွက် - Property News in Myanmar from iMyanmarHouse.com
4785 Views

ထားဝယ်တွင် တိုင်းအစိုးရရဲ့ အဆောက်အဦးသစ် ဆောက်လုပ်မှုကို ကန့်ကွက်

တနင်္သာရီတိုင်းဒေသကြီး မြို့တော် ထားဝယ်မှာ အစိုးရအဖွဲ့ ရုံးစိုက်ထားတဲ့ ကိုလိုနီ ခေတ်လက်ရာ အဆောက်အဦနဲ့ ကပ်လျက် အဆောက်အဦးသစ် ဆောက်လုပ်နေတဲ့ အစီအစဉ် အပေါ် ကန့်ကွက်နေကြပါတယ်။

ထားဝယ်မြို့ရဲ့ အဓိက လမ်းမကြီး တစ်ခုဖြစ်တဲ့ အာဇာနည်လမ်းမကြီးပေါ်မှာ ရှိတဲ့ အဆောက်အဦးဟာ အင်္ဂလိပ် ကိုလိုနီခေတ် ၁၉၂၈ ခုနှစ်က တည်ဆောက်ထားတာ ဖြစ်ပြီး၊ ခေတ်အဆက်ဆက် ဒေသန္တရ အစိုးရ အဖွဲ့တွေ ရုံးစိုက်ကြတဲ့ ခန့်ထည်လှတဲ့ ဧရာမ အဆောက်အဦးကြီး ဖြစ်ပါတယ်။

အခု ဒီအစိုးရရုံးကြီးရဲ့ လက်ယာဘက်မြေကွက်လပ်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခု ရှိနေပြီး ၃ ထပ် အဆောက်အဦးတလုံး ဆောက်လုပ်ဖို့ အောက်ခြေ မြေတူး ဖောင်ဒေးရှင်း ချတဲ့ အဆင့်ကို ပြီးစီးနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

ဒီလိုဆောက်လုပ်နေတာကြောင့် ၃ ထပ်အဆောက်အဦးသာ ပြီးသွားရင် အနှစ် ၉ဝ သက်တမ်းရှိတဲ့ ကိုလိုနီခေတ် အဆောက်အဦကြီးရဲ့ ၃ ဘက်မြင် ဘေးတိုက် မြင်ကွင်း တခုလုံး ဖုံးကွယ် သွားနိုင်တယ်လို့ ဝေဖန်သူတွေက ထောက်ပြ နေပါတယ်။

ဒီဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ရပ်တန့်ပေးဖို့ တောင်းဆိုနေတဲ့ ဦးထိန်ဝင်းက အဆောက်အဦးကို မူလ လက်ရာမပျက်ထားရှိချင်လို့ ကန့်ကွက်တာလို့ ပြောပါတယ်။

ဒီရုံးကြီးဟာ ထားဝယ်ကို ရောက်လာကြတဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်ဝင် တစား လာကြည့်ကြတဲ့ အထင်ကရ လက်ရာတခု ဖြစ်လို့ မြို့ခံတွေက ဂုဏ်ယူ ကြရတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဒီရုံးကြီးရဲ့ ဘေးပတ်ချာလည်မှာ မြူနီစပယ်ရုံးလို့ နှုတ်ကျိုးနေတဲ့ စည်ပင်ရုံး၊ ထားဝယ် ကူးသန်း၊ ဈေးရုံနဲ့ အခုခေတ် အင်းဝဘဏ် ဖြစ်နေတဲ့ အဆောက်အဦး စသဖြင့် ကိုလိုနီခေတ် လက်ကျန် အဆောက်အဦးတွေ ရှိနေပြီး ဘီအိုင်အေ အာဇာနည် ကျောက်တိုင်၊ လွတ်လပ်ရေး ကျောက်တိုင် စတဲ့ သမိုင်းဝင် အထိမ်းအမှတ် နေရာ တွေလည်း ရှိပါတယ်။

ခေတ်မီ ၃ ထပ် အဆောက်အဦးကို ကပ်ဆောက်တာဟာ ရှေးဟောင်း လက်ရာ မြင်ကွင်းကို ထိခိုက် စေတယ် ဆိုတဲ့ မြို့ခံတွေရဲ့ အသံကို နားမထောင်ပဲ တိုင်း အစိုးရကဆက်အကောင်အထည် ဖော်နေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

တနင်္သာရီ တိုင်း အစိုးရ အဖွဲ့ဝင် လူမှုရေးနဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်ကတော့ အစိုးရက ဆောင်ရွက်တဲ့ ကိစ္စမှန်သမျှကို မြို့လူထုရဲ့ ဆန္ဒကို တောင်းခံနေရင်တော့ အလုပ်က ဖြောင့်ဖြောင့် ဖြူးဖြူး မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ထိန်းသိမ်းသင့်တဲ့ ရှေးအဆောက်အဦ အဖြစ် တရားဝင် သတ်မှတ်တာမျိုးကို ရန်ကုန်မှာသာ တွေ့ရပြီး၊ ကျန်တဲ့ မြို့ရွာနယ်ပယ်တွေမှာတော့ မတွင်ကျယ်လှသေးပါဘူး။

ရှေးအဆောက်အဦးထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ Yangon Heritage Trust အဖွဲ့ ဒါရိုက်တာ ဒေါ်မိုးမိုးလွင် ပြောတာကတော့ မြို့ခံတွေ တန်ဖိုးထားတဲ့ ရှေး အဆောက်အဦးတွေနဲ့ သက်ဆိုင်နဲ့ ကိစ္စတွေမှာ အာဏာပိုင်တွေ အနေနဲ့ အများရဲ့ သဘောထား ဆန္ဒကို ကြိုတင်ရယူ သင့်တယ်လို့ ဆိုပါတယ်။

ထားဝယ် တိုင်း အစိုးရ ရုံးနံဘေးက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ရပ်ဆိုင်းလို သူတွေကတော့ လက်မှတ်တွေ လိုက်လံ ကောက်ခံပြီး၊ ပြည်ထောင်စု အစိုးရ အထိ ပေးပို့သွားမယ်လို့ ပြောနေပါတယ်။

Credit: BBC
ထားဝယ်တွင် တိုင်းအစိုးရရဲ့ အဆောက်အဦးသစ် ဆောက်လုပ်မှုကို ကန့်ကွက် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service