မတ်လ၏ ရှန်ဟိုင်းအိမ်သစ်ရောင်းအား ခုနစ်နှစ်အတွင်း အဆိုးဆုံးမတ်လ ဖြစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
4002 Views

မတ်လ၏ ရှန်ဟိုင်းအိမ်သစ်ရောင်းအား ခုနစ်နှစ်အတွင်း အဆိုးဆုံးမတ်လ ဖြစ်ခဲ့

ဝယ်လက်များအကြား ဝယ်လိုအားနည်းပါးဆဲဖြစ်သဖြင့် ရှန်ဟိုင်းအိမ်သစ်ဈေးကွက်သည် ခုနစ်နှစ်အတွင်း ရောင်းအားအနည်းဆုံးမတ်လနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ကမ္ဘာ့ထိပ်တန်းအိမ်ခြံမြေဈေးကွက်မြို့တစ်ခုဖြစ်သော တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ အိမ်သစ်ရောင်းချရမှုဧရိယာသည် ပြီးခဲ့သည့်လ (၂၀၁၇ မတ်) အတွင်း ဖေဖော်ဝါရီလကထက် ၁၃၉ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စတုရန်းမီတာ ၄၈၉,၀၀၀ ရှိခဲ့ကြောင်း၊ သို့သော် ၂၀၁၆ မတ်အောက်မူ ၃၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline Property Consultants Co က ယခုတနင်္လာ (ဧပြီ ၂ ) တွင် ထုတ်ပြန်ခဲ့သည်။

ဧပြီ ၁ အထိ ခုနစ်ရက်တာအတွင်း ရှန်ဟိုင်းအိမ်သစ်ရောင်းအားသည် ၄၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စတုရန်းမီတာ ၁၇၀,၀၀၀ ဝန်းကျင် ရှိခဲ့ကာ ယခုနှစ်အတွင်း ရောင်းအားဒုတိယအများဆုံးသီတင်းပတ်ဖြစ်ခဲ့ကြောင်း၊ မြို့စွန်ခရိုင်များဖြစ်သော ကျားသင်း၊ ချင်ပူနှင့် ဆုန်ကျန်းတို့တွင် ရောင်းအားကောင်းခဲ့သဖြင့် ထိုသို့ရောင်းအားမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းလည်း Centaline က ထုတ်ပြန်ခဲ့သည်။

ဈေးနှုန်းအားဖြင့် မတ်လအတွင်း အိမ်သစ်များကို ၁ စတုရန်းမီတာလျှင် ပျမ်းမျှ ၄၅၆၃၄ ယွမ် (အမေရိကန်ဒေါ်လာ ၇၂၇၉ ဒေါ်လာ) ဖြင့် ရောင်းချခဲ့ရကြောင်း၊ ယင်းဈေးနှုန်းသည် ဖေဖော်ဝါရီထက် ၇ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း Centaline ၏ အချက်အလက်များအရ သိရသည်။

ယခုနှစ်မတ်လ၏ ရောင်းအားအကောင်းဆုံးစီမံကိန်း ၁၀ ခုတွင် သုံးခုက ၁ စတုရန်းမီတာလျှင် ယွမ် ၃ သောင်းအောက်သာ ဈေးနှုန်းရှိခဲ့ပြီး တစ်ခုက ယွမ် ၅ သောင်းအထက် ရှိခဲ့သည်။

ထိုမတ်လအတွင်း ရှန်ဟိုင်းဈေးကွက်ထဲသို့ စီမံကိန်း ၁၃ ခု (အိမ်သစ်ဧရိယာ စတုရန်းမီတာ ၃၉၄,၀၀၀ ခန့်) ဝင်ရောက်လာခဲ့ပြီး ဖေဖော်ဝါရီထက် ရာခိုင်နှုန်း ၃၁၀ မြင့်တက်ခဲ့ကြောင်း သိရသည်။

အိမ်ခြံမြေကောလာဟလများ ဖိနှိပ်နှိမ်နင်းရန် တရားဝင်စီမံချက်များက တရုတ်နိုင်ငံတစ်ဝန်း ရောင်းအားမြင့်တက်မှုများကို ဆက်လက်ဖိနှိပ်ချိုးနှီမ်
ထားသည်။ ယခုလအစောပိုင်းတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အစိုးရ၏ အိမ်ခြံမြေအခွန်ဥပဒေကြမ်းတစ်ရပ် ရေးဆွဲမည့် အစီအစဉ်များကို ချပြခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service