မြေကိုတောင်းလို့အကြောင်းထူးမည်လား - Property News in Myanmar from iMyanmarHouse.com
4929 Views

မြေကိုတောင်းလို့အကြောင်းထူးမည်လား

၂၀၁၈ ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ် မြန်မာတိုင်း နေ့စဉ်၏ “ပြည်သူ့အသံ”ကဏ္ဍတွင် ဆင်းရဲ သားမိဘပြည်သူများရဲ့ အသနားခံစာ ဆိုတဲ့ ပြည်သူ့အသံကို ဖော်ပြထားသည်။ ကိုယ်ပိုင်မြေလေးရဖို့ နိုင်ငံတော်သမ္မတ ကြီး၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် နှင့် ပြည်ထောင်စုဝန်ကြီး လွှတ်တော် ကိုယ်စားလှယ်ကြီးများကို တိုင်တည်ပြီး တောင်းဆိုထားပါသည်။ သူ့တောင်းဆို ချက်လေးက ပေ၄၀ x ပေ၆၀ မဟုတ် တောင် ပေ၂၀ x ပေ၆၀ မြေကြီးပေးပါ ရန် အသနားခံထားခြင်းဖြစ်သည်။

ထိုကဲ့သို့အဖြစ်တို့က ဆန်းသစ် နေသည်။ ရွှေမလို ငွေမလို နေစရာ မြေသာလိုသည်ဟု ပြောရမည်ကဲ့သို့ ဖြစ်နေသည်။ တကယ်မရှိသူအတွက်က အမှန်တကယ်နေလို၍ တောင်းခြင်းဖြစ် သော်လည်း ထိုတောင်းဆိုမှုကိုကြည့်၍ အခြားသော မြေရှိပြီးသူတို့ကလည်း ကြားထဲက အချောင်ဝင်နှိုက်လိုကြသည် က ရှိသေးသည်။ လူတိုင်းအတွက် ဖြစ်နိုင်ပါမည်လား။

နေစရာမြေပေးမည်ဟု တွေး ကြည့်လျှင်မည်သို့ရှိမည်နည်း။ ယခုလို ရန်ကုန်မြို့ပြ၏ ကျပ်တည်းနေမှုတွင် လူ တစ်ဦး ပေနှစ်ဆယ်၊ ပေခြောက်ဆယ် မြေတစ်ကွက်စီပေးကြည့်လျှင် လက်ရှိ ရန်ကုန်မြို့လူဦးရေ၏ အိမ်ရာမဲ့များ အတွက်ကိုပဲ မြေစီစဉ်ကြည့်လျှင် ရန်ကုန် မြို့ကြီးဘယ်၍ဘယ်မျှ ပြန့်ကားသွား မည်နည်း။

ထို့အတူ မြေရှိ ယာရှိသူတို့ သည်လည်းကောင်း၊ ငွေကြေးတတ်နိုင် သူတို့သည်လည်းကောင်း မည်မျှလက်သိပ်ထိုးဝယ်ကြမည်ကို ဘယ်သူတားဆီး နိုင်မည်နည်း။

လူနေမြေချဲ့ထွင်ပေးရသည် ဆိုလျှင် စိုက်ပျိုးမြေတို့ ဆုံးရှုံးသွားသည် ကိုလည်း တွက်ကြည့်ရပေဦးမည်။ အစိုးရက ပေးနိုင်လို့ စိုက်ပျိုးမြေကနေ လူနေ မြေပြောင်းခဲ့သည်ဆိုပါစို့။ လက်ရှိ လယ်ယာ ကိုင်းကျွန်းလုပ်ကိုင်သူတို့ လက်ငင်း မြေဆုံးရှုံးပေမည်။

ရန်ကုန်မြို့တွင် အခြေကျ၍ ကြီးပွားနေသူတို့ကလည်း ကျေးလက်နေ လယ်ယာကိုင်းကျွန်း လုပ်စားနေသော ဆွေမျိုးသားချင်းတို့ကိုခေါ်၍ ၎င်းင်းတို့ နာမည်နှင့် ငွေပေးဝယ်ခိုင်းနိုင်သည်။ ထိုအခါ ကျေးလက်နေပြည်သူတို့အနေ နှင့် ရိုးရာလက်ငုတ်လက်ရင်း အလုပ် ကိုစွန့်ပြီး မြို့တွင်အခြေချကျသည်မျိုး ဖြစ်လာမည်။

ထိုအခါ ကျေးလက်တွင်လည်း ရိုးရာ လယ်ယာကိုင်းကျွန်းလုပ်သူတို့ ရှားပါးမှုတို့ ဖြစ်သွားနိုင်သည်။

မြို့ပြကိုပြုံတိုးလာသော လူဦး ရေကြောင့်လည်း လူဦးရေ ကျပ်တည်းမှု တို့ ထပ်မံဖြစ်ပေါ်လာမည်။ ကြုံရာကျပန်း လုပ်ကိုင်စားသောက်မည်ဟူသော လူတန်းစားတစ်ရပ်က အရင်ဆုံးမြို့ပြကိုရောက် လာကြမည်။ ထိုအခါ ပြောင်းလဲနေသော မြို့ပြ၏ လူနေမှုဖြစ်စဉ်နှင့် ၎င်းတို့၏ရှိရင်း စွဲနေထိုင်မှုဖြစ်စဉ်၏ ကွာဟမှုကို ကြုံတွေ့ ခံစားရပေတော့မည်။

လိုက်မမီသော မြို့ပြနေထိုင်မှုဖြစ်စဉ်တွင် ထိုအခြေအနေသည် ယမ်းစ ပျိုးမှုပင်ဖြစ်သည်။ ရှာဖွေစားသောက်ရ ခက်ခဲသူတို့က အခြေကျ အစဉ်ပြေနေ သည့် လူတန်းစားတစ်ရပ်၏ အခြေအနေ ကိုကြည့်ပြီး မညီမျှသော လူနေမှုဖြစ်စဉ် ကို ပေါက်ကွဲပေမည်။ ထိုအခါ ဒုစရိုက် မှုတို့ ထူပြောလာပေမည်။ ထိုအခါ လူ တန်းစားတစ်ခုနှင့် တစ်ခုကြား ယုံကြည် မှုတို့ ပျောက်ဆုံးပေမည်။

ထိုအခြေအနေကိုလိုက်ပြီး သွေးထိုးလှုံ့ဆော်မှုတို့နှင့် နိုင်ငံရေးမတည်ငြိမ် အောင်လုပ်နိုင်လာကြမည်။ စည်ပင်ပိုင် မြေလွတ်နေရာများကို လက်ဦးကျူးကျော် နေထိုင်မှုတို့ လုပ်လာမည်။ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရက ရှင်းလင်းရေး လုပ်သည့်အခါ အကြည်ညိုပျက်အောင် လုပ်ကြပေဦးမည်။ အပျက်သဘောအနေ နှင့် တွေးမိသည်ထားဦး မဖြစ်ဟု မပြော နိုင်ပါ။

လုပ်ပေးနိုင်၍ အစိုးရမင်းတို့ က လုပ်ပေးလျှင်တော့ နိုင်ငံသားတို့အနေ နှင့် ၀မ်းသာရမည်။ ဖြစ်နိုင်ခြေအလွန် နည်းပါသည်။ နိုင်ငံသားတို့၏ စီးပွား ရေး အဆင့်အတန်း၊ ပညာရေးအဆင့် အတန်းတို့ကို မြင့်တတ်အောင်လုပ်ပြီး နိုင်ငံအပေါ်ချစ်စိတ်နှင့် နိုင်ငံဖွံ့ဖြိုးတိုး တက်သာယာလှပမှုကို ခုံမင်လာလျှင် မည်သည့်မြို့ပြပုံစံမျိုးကိုပဲ ဖော်ဆောင် ဖော်ဆောင် အစိုးရနှင့်ပြည်သူ ငြုစူမှု နည်းမည်ဟု တွက်၍ ရပေသည်။

သို့သော် လက်တွေ့နိုင်ငံတကာ မြို့ပြကြီးများ ဖော်ဆောင်မှုဖြစ်စဉ်တွင် မြေနေရာ အနည်းအကျဉ်းပေါ်တွင် လူများစွာ နေထိုင်နိုင်ဖို့ ကြိုးစားဖော်ဆောင် နေကြသည်။ ဤခေတ်စနစ် အခြေအနေအရ ကြီးပြင်းရှင်သန်ရသူ လူသားတွေ အနေနှင့် လိုက်လျောညီအောင်နေထိုင် တတ်အောင် နေကြရပေမည်။ သူတစ် လူ ငါတစ်မင်း လုပ်နေ၍မရပေ။

သက်ဆိုင်ရာ နိုင်ငံတော် အစိုးရ နှင့် တိုင်းဒေသကြီးအစိုးရနှင့် လွှတ်တော်တို့သည် မိမိတို့တာဝန်ယူရာဒေသနှင့် လိုက်ဖက်ညီမည့် စီမံကိန်းတို့ကို ဖော်ကြပါလိမ့်မည်။ လူနေမှုအဆင့်အတန်း ကို မြင့်အောင်ဖော်ဆောင်ကြပါလိမ့်မည်။

တစ်ဦးတစ်ယောက်ချင်း၏ လိုအပ်ချက်၊ တောင်းဆိုချက်များသည် မတူညီမှုကများသည်။ ကွဲပြားမှုက များမည်။ ရသည့်အနေအထားနှင့် ပြည်သူလူထု ၏ လိုအပ်ချက်ကို တာဝန်ရှိ အစိုးရတို့ အနေနှင့် အကောင်းဆုံးဖော်ဆောင်ပေး ကြပါလိမ့်မည်။

အခြေခံလိုအပ်ချက်များလှ သည့် နိုင်ငံတစ်နိုင်ငံအနေနှင့် တစ်ဦး တစ်ယောက်အတွက် သီးခြားဆိုသည် ထက် နိုင်ငံသားအားလုံးအတွက် စဉ်း စားကြရပေမည်။

ယခင့်ယခင်က ကျူးကျော်များ ကို ရှင်းလင်းလို၍ မြို့ကွက်သစ်တို့ ဖော် ဆောင်နေရာချထားခဲ့သည်။ ရေမီးအဆင် မပြေဘဲ နေခဲ့ကြရသည်။ အစိုးရသစ်တို့ အနေနှင့်လည်း ယခုဖော်ဆောင်ကြမည့် ရန်ကုန်မြို့သစ်စီမံကိန်းများနှင့် အိမ်ရာ သစ်များကို သွားရေးလာရေးနှင့် ရေမီး ပြည့်စုံရေးကိုလည်း အလေးထား ထည့် သွင်းသွားပါလိမ့်မည်။ နေထိုင်ခွင့်ရကြ မည့်သူများအနေနှင့် မြို့ပြရေရှည်သာယာ လှပရေးကိုလည်း မဖြစ်မနေ လိုက်နာကြ ရပေမည်။

ကမ္ဘာမှာ မည်သည့်နိုင်ငံကြီး များတွင်မဆို လူတစ်ဦးမြေတစ်ကွက် ပေးဖို့ထက် လူအားလုံးအတွက် ကွာဟ မှုသိပ်မရှိသည့် မြို့ပြအိမ်ရာတို့ကိုသာ ဖော်ဆောင်ပေးနိုင်ကြပေသည်။
နိုင်ငံသားစစ်စစ်ကိုသော်မှ မြေတောင်းတိုင်းပေးနိုင်ဖို့ မဖြစ်နိုင်သည့် အခြေအနေတွင် နိုင်ငံနယ်နိမိတ်အနီး အနားမှာ ကျူးကျော်မြေဖဲ့စားဖို့ ကြိုးစား နေသူတို့ကို ဘယ်အမိန့်၊ ဘယ်အာဏာ ဘယ်လိုကြည်ဖြူမှုတွေနှင့် ပေးရမည် နည်း။

တောင်းဆိုမှုတိုင်း လိုက်လျော မှုရဖို့ကို မျှော်လင့်မထားကြဖို့ ကောင်း ပေလိမ့်မည်။

ဦးအောင်ခင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
မြေကိုတောင်းလို့အကြောင်းထူးမည်လား - Property News in Myanmar from iMyanmarHouse.com
မြေကိုတောင်းလို့အကြောင်းထူးမည်လား - Property News in Myanmar from iMyanmarHouse.com
မြေကိုတောင်းလို့အကြောင်းထူးမည်လား - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service